http://kkrappmyanmar.blogspot.com/search/label/Download%20Apk%20KKR
Showing posts with label wifi. Show all posts
Showing posts with label wifi. Show all posts
Wi-FM (သို႔) ပုိမုိျမန္ဆန္ေခ်ာေမြ႕ေစမည့္အင္တာနက္ ခ်ိတ္ဆက္မႈ ကြန္ရက္သစ္

Wi-FM (သို႔) ပုိမုိျမန္ဆန္ေခ်ာေမြ႕ေစမည့္အင္တာနက္ ခ်ိတ္ဆက္မႈ ကြန္ရက္သစ္



ယေန႔ေခတ္၏အင္တာနက္ဆက္သြယ္ေရးနယ္ပယ္တြင္အသံုးျပဳေနေသာ Wi-Fi စနစ္မွာလ်င္ျမန္စြာအလုပ္ၿပီးေျမာက္ႏုိင္ေစသလိုသတင္း အခ်က္ အလက္မ်ားလႊဲေျပာင္းရယူရာတြင္လည္းထိေရာက္မႈရိွသည္ကိုမည္သူက မွ်ျငင္းဆန္ႏုိင္မည္မဟုတ္ပါ။သို႔ေသာ္အေၾကာင္းအရင္းရွာမရဘဲ႐ုတ္တရက္ခ်က္ခ်င္းလုိင္းက် သြားျခင္း၊ ေႏွးေကြးသြားျခင္းမ်ားကိုလည္းႀကံဳဖူးၾက ပါလိမ့္မည္။Wi-Fi ဆက္သြယ္မႈေႏွးေကြးသြားျခင္းေၾကာင့္စိတ္အေႏွာင့္ အယွက္ျဖစ္ရသူအမ်ားစုကေဒတာထုတ္လႊင့္မႈကိုတာ၀န္ယူထားေသာISP ကုမၸဏီမ်ားကိုသာအဓိကအျပစ္တင္တတ္ၾက၏။တကယ္ေတာ့Wi-Fi လုိင္း က်သြားျခင္းမွာISP ေၾကာင့္အျဖစ္နည္းၿပီးအလြန္နီးကပ္ေနေသာWi-Fi ေဒတာလမ္းေၾကာင္းႏွစ္ခုတို ႔အခ်င္းခ်င္းရစ္ပတ္ၿငိစြန္းမိသြားျခင္းေၾကာင့္သာအျဖစ္မ်ားေလသည္။အခုေတာ့ယင္းျပႆနာကိုေျဖရွင္းၿပီး Wireless ဆက္သြယ္ေရးစနစ္ကိုေခ်ာေမြ႕လ်င္ျမန္ေစမည့္နည္းလမ္းသစ္တစ္မ်ိဳးကို အီလီႏြိဳက္စ္ျပည္နယ္ရွိNorthwestern University မွMcCormick အင္ဂ်င္နီယာသင္တန္းေက်ာင္းမွသုေတသီတစ္စုကစမ္းသပ္ေအာင္ျမင္ခဲ့ၿပီ ျဖစ္သည္။ထုိနည္းလမ္းမွာ Frequency Modulation ဟုေခၚေသာ FMစနစ္ ႏွင့္ေဒတာလမ္းေၾကာင္းကိုအက်ယ္ျပန္႔ဆံုးျဖစ္ေအာင္ခ်ဲ႕ထြင္ေပးႏုိင္ေသာ Smart Time-Sharing System တို႔ကိုေပါင္းစပ္ထားျခင္းပင္ျဖစ္ေတာ့သည္။
Wi-FM ဟုMcCormick ေက်ာင္းမွသုေတသီမ်ားအမည္ေပးထားေသာ အင္တာနက္ဆက္သြယ္ေရးနည္းလမ္းသစ္သည္ေဒတာမ်ားတစ္ၿပိဳင္နက္ တည္းထုတ္လႊင့္ေနခ်ိန္တြင္တစ္စံုတစ္ေယာက္၏ေဒတာလိုင္းအေနျဖင့္အနီးကပ္ဆံုးတည္ရွိေနေသာ အျခားေဒတာလုိင္းတစ္လုိင္းႏွင့္သြားေရာက္ၿငိစြန္း ျခင္းမရွိေစရန္ကာကြယ္ေပးႏုိင္စြမ္းရွိထားသည္ကိုေတြ႕ ရသည္။မတူညီေသာကြန္ရက္၂ခုကေဒတာမ်ားတစ္ၿပိဳင္နက္တည္းထုတ္လႊင့္လိုက္ခ်ိန္တြင္Data Packets မ်ားတစ္ခုႏွင့္တစ္ခု၀င္ေရာက္ထိခုိက္မိျခင္းအားျဖင့္Wi-Fi လိုင္း က်သြားျခင္း၊အင္တာနက္ေႏွးသြားျခင္းမ်ားျဖစ္ေပၚလာရျခင္းျဖစ္သည္။

Northwestern University မွလွ်ပ္စစ္အင္ဂ်င္နီယာႏွင့္ကြန္ပ်ဴတာ သိပၸံပါေမာကၡ AleksandarKuzmanovicက“Wi-Fiအင္တာနက္လိုင္း သံုးၿပီးConnection ေႏွးသြားေတာ့အားလံုးကသိပ္ကိုထူးဆန္းတဲ့ကိစၥမ်ိဳး လို႔ထင္ေနၾကပါတယ္။ဒီေတာ့Router ေတြေၾကာင္တာလားလုိ႔ ထင္ၾကပါ တယ္။တခ်ိဳ႕ကေတာ့ISP လုိအင္တာနက္လုိင္းေပးထားတဲ့ကုမၸဏီေတြ အေပၚအျပစ္တင္တတ္ၾကပါတယ္။ဒါေပမယ့္တကယ္တမ္းWi-Fi ဆက္သြယ္မႈ ကိုေႏွးေကြးေစတာကအိမ္နီးခ်င္းေတြရဲ႕ေဒတာလိုင္းေတြေၾကာင့္ျဖစ္ႏုိင္ ပါတယ္။တကယ္လို႔သင့္ရဲ႕အိမ္နီးခ်င္းကNetflix လိုအြန္လိုင္းဗီဒီယို Streaming ၀က္ဆိုက္မ်ိဳးကိုၾကည့္ေနတဲ့အခ်ိန္မ်ိဳးမွာWi-Fi လုိင္းက်သြား ႏုိင္ပါတယ္”ဟုေျပာၾကားခဲ့သည္။

<FM ေရဒီယိုလိႈင္းမ်ားကိုရွာေဖြအကဲခတ္ျခင္း>

အျခားတစ္ဖက္တြင္Wi-FM ဆက္သြယ္ေရးစနစ္ကိုအဓိက ပံ့ပိုးေပး ေသာProtocol မ်ား၏အဓိကတာ၀န္ကကြန္ရက္အတြင္းရွိအတည္ၿငိမ္ဆံုး ႏွင့္အလုပ္အနည္းဆံုးျဖစ္ေသာအခ်ိန္အပိုင္းအျခား ကိုရွာေဖြအကဲခတ္ ေစျခင္း ပင္ျဖစ္ေၾကာင္းသိရသည္။အဆိုပါအခ်ိန္အပိုင္းအျခားမ်ားသည္FM ေရဒီယိုအခ်က္ျပမႈမ်ားထုတ္လႊင့္ရာတြင္ အသံုးျပဳေသာအခ်ိန္အပိုင္းအျခား မ်ားျဖစ္ၿပီးအတည္ၿငိမ္ဆံုးကာလကိုေရြးခ်ယ္ျခင္းအားျဖင့္ေဒတာ လမ္းေၾကာင္းတစ္ခုႏွင့္တစ္ခုထိခိုက္ၿငိစြန္းမည့္အေရးမွေရွာင္ရွားႏုိင္လိမ့္ မည္ျဖစ္သည္။Northwestern University မွPhD ေက်ာင္းသား တစ္ဦး ျဖစ္သူ Marcel Flores ကေတာ့“Wi-FM ရဲ႕Protocol ေတြဟာကြန္ရက္ အတြင္းကလိႈင္းေတြရဲ႕အသံကိုနားေထာင္ၿပီးအတည္ၿငိမ္ဆံုးအခ်ိန္မွာေဒတာေတြကိုပို႔လႊတ္လုိက္ပါတယ္။ တျခားဘယ္လမ္းေၾကာင္းထဲကိုမွ၀င္ေရာက္ သြားျခင္းမရွိေစဘဲနဲ႔မွန္ကန္တဲ့ခရီးလမ္းဆံုးကိုပို႔လႊတ္လိုက္တာပါ”ဟု သံုးသပ္ ေျပာၾကားခဲ့သည္။

အဆုိပါသုေတသီအဖြဲ႕၏နည္းလမ္းအသစ္ကလြယ္လြယ္ေျပာရလွ်င္ေတာ့ ယေန႔ေခတ္တြင္စီးပြားေရးအရထုတ္လႊင့္ေနၾကေသာFMေရဒီယိုလိႈင္းမ်ားကိုအင္တာနက္ေဒတာလိႈင္း အျဖစ္ေပါင္းစပ္အသံုးခ်ႏုိင္မည့္နည္းလမ္းပင္ျဖစ္ ၏။ထုိ႔ေၾကာင့္ေဒတာမ်ားကူးေျပာင္းဆက္သြယ္ရာတြင္လည္းသာမန္အသံုးျပဳေနသည့္FMလိႈင္းအလ်ားမ်ားျဖစ္ သည့္87.5 MHz မွ108 MHz အတြင္း၌ အသံုးျပဳႏိုင္လိမ့္မည္ျဖစ္သည္။ထုိသို႔FMေရဒီယိုလိႈင္းကိုWireless အင္တာနက္လိႈင္းအျဖစ္ေျပာင္းလဲအသံုးခ်ႏုိင္ရန္အဓိကလိုအပ္ခ်က္တစ္ခုကေတာ့ဒစ္ဂ်စ္တယ္သတင္း အခ်က္ အလက္မ်ားကိုအဆင္ေျပေခ်ာေမြ႕စြာသယ္ေဆာင္ေပးႏုိင္သည့္RDS ေခၚRadio Data System နည္းစနစ္ပင္ျဖစ္ေတာ့ သည္။RDSစနစ္သည္ဒစ္ဂ်စ္တယ္သတင္းအခ်က္အလက္မ်ား၊ေဒတာမ်ားကို FM ေရဒီယိုလိႈင္းေပၚတြင္အၾကားအဟမရွိကူးသန္းသြားလာႏုိင္ေစရန္ ကူညီ ေပးႏုိင္မည္ျဖစ္သည္။ထို႔ေၾကာင့္RDS ကိုFM ေရဒီယိုလိႈင္းမ်ားအားပိုမိုအသံုး တြင္က်ယ္ေစရန္ႏွင့္နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္စြယ္စံုအသံုးျပဳႏုိင္ေရးအတြက္ပံုစံထုတ္ထားေသာနည္းလမ္းတစ္မ်ိဳး ဟုလည္းဆိုႏုိင္ပါလိမ့္ဦးမည္။ယေန႔ေခတ္၏အီလက္ထရြန္းနစ္Display မ်က္ႏွာျပင္မ်ားအတြက္လုိအပ္ေသာ ဒစ္ဂ်စ္တယ္သတင္းအခ်က္အလက္မ်ား၊Program Information မ်ားႏွင့္ လမ္းေၾကာက်ပ္တည္းမႈအေျခအေနမ်ားအားလံုးကိုထုတ္လႊင့္ေပးႏုိင္ရန္RDS စနစ္ကအေရးပါအရာေရာက္လာခဲ့ေတာ့သည္။RDSမွေထာက္ပံ့ေပးေသာ သတင္းအခ်က္အလက္မ်ားတြင္Time Signals ေခၚအခ်ိန္အပိုင္းအျခား ကာလမ်ားလည္းပါ၀င္မည္ျဖစ္ၿပီးယင္းကာလမ်ားကိုပင္McCormick အင္ဂ်င္နီယာသုေတသီအဖြဲ႕ကအမိအရအသံုးခ်ကာေဒတာသြားရန္ အတည္ၿငိမ္ဆံုးအခ်ိန္ကိုရွာေဖြျခင္း ျဖစ္သည္။ေဒတာသြားရန္ အတည္ၿငိမ္ ဆုံးၾကားကာလ (Interval) မ်ားကိုအသံုးျပဳျခင္းျဖင့္သာမန္Wi-Fi ထက္ အစစအရာရာပိုမိုလ်င္ျမန္ေခ်ာေမြ႕မည့္Wi-FM ဆက္သြယ္ေရးကြန္ရက္သစ္ ကိုဖန္တီးႏိုင္ေပလိမ့္မည္။

<ေနရာတိုင္းတြင္၀င္ဆန္႔ႏုိင္ေသာFM>

အင္တာနက္ဆက္သြယ္ေရးအတြက္FM လိႈင္းမ်ားကိုေရြးခ်ယ္အသံုးျပဳသင့္ ေသာေနာက္ထပ္အားသာခ်က္မ်ားလည္းရွိပါေသးသည္။FM ေရဒီယိုလိႈင္း မ်ားမွာ ေနရာတုိင္းလိုလိုတြင္ ျဖန္႔ၾကက္တည္ရွိေနၿပီးယေန႔ေခတ္ ၏မုိဘိုင္းဖုန္း မ်ားတြင္လည္းအထူးတလည္ထည့္သြင္းစရာမလုိဘဲ ပါ၀င္ ေနၿပီးသားျဖစ္သည္။စမတ္ဖုန္းတိုင္းလိုလိုတြင္Standard အေနျဖင့္FM Chip မ်ားကိုအသီးသီးထည့္သြင္းေပးထားၿပီးထုတ္လႊတ္ျခင္းႏွင့္လက္ခံျခင္းဆုိင္ရာကိစၥရပ္မ်ားတြင္လည္းသာမန္ ထက္ပို၍စိတ္ခ်ယံုၾကည္ရေလသည္။ထုိ႔အျပင္အေဆာက္အဦမ်ားကဲ့သို႔ေသာထုႏွင့္ထည္ႏွင့္ပိတ္ဆို႔ ထားေသာအတားအဆီးမ်ားကိုလည္းFMလိႈင္းမ်ားကလြယ္လင့္တကူေက်ာ္ျဖတ္ႏုိင္ပါေသးသည္။ McCormick သုေသတီအဖြဲ႕ကေတာ့အခ်င္းခ်င္းခ်ိတ္ဆက္ထားၿပီးေသာ မိုဘုိင္းပစၥည္းမ်ား၊သို႔မဟုတ္စမတ္ဖုန္းမ်ားတြင္မဆိုစေလာက္ေဆာ့ဖ္၀ဲလ္ အဆင့္ျမႇင့္တင္မႈကေလးျပဳလုပ္လုိက္ျခင္းအားျဖင့္Wi-FM အင္တာနက္ ခ်ိတ္ဆက္မႈကြန္ရက္အတြင္းသို႔၀င္ေရာက္ႏိုင္ဖြယ္ရွိေၾကာင္းလည္းအသိေပးေၾကညာခဲ့ၾကသည္။

“ကြၽန္ေတာ္တို႔စမ္းသပ္ေအာင္ျမင္ထားတဲ့Wireless ဆက္သြယ္ေရး ကြန္ရက္ ကလံုး၀ကိုသီးျခားတည္ရွိေနတဲ့ေဒတာလမ္းေၾကာင္းေတြကိုပိုင္ဆိုင္ထားပါတယ္။တစ္ေနရာတည္းမွာအတူ ရွိေနခဲ့ရင္ေတာ့ေဒတာလိုင္းေတြကအခ်င္း ခ်င္းထိစပ္ၾကမွာမဟုတ္ပါဘူး။တစ္ေနရာတည္းမွာအၿပိဳင္ရွိေနတဲ့ေဒတာ လမ္းေၾကာင္းေတြဘယ္လိုအေျခအေနမွာကိုယ့္အလုပ္ကိုတည္ၿငိမ္စြာလုပ္ႏုိင္မလဲဆိုတာကြၽန္ေတာ္တို႔ အသည္းအသန္ေလ့လာခ့ဲၾကရပါတယ္။ဘာေၾကာင့္လဲဆိုေတာ့FM လိႈင္းေတြဟာေနရာတုိင္းမွာရွိေနႏုိင္တာပဲေလ”ဟုဆုိခဲ့သူ ကေတာ့ေက်ာင္းသားMarcel Flores ပင္ျဖစ္၏။၎၏သံုးသပ္ခ်က္မွန္ကန္ သည္ဟု ဆိုရမည္။အဘယ့္ေၾကာင့္ဆိုေတာ့Wi-FM စနစ္သည္အနီးအပါး ရွိအျခားကြန္ရက္မ်ား၏တည္ေဆာက္ပံုလမ္းေၾကာင္းမ်ားကိုပါ ထြင္းေဖာက္ ျမင္ႏုိင္စြမ္းရွိျခင္းေၾကာင့္ပင္။ထို႔ေၾကာင့္မည္သည့္ကြန္ရက္တြင္မည္သည့္ ေဒတာလမ္းေၾကာင္း ကေတာ့ပိတ္ဆို႔က်ပ္တည္းေနသည္ဆိုေသာအလား အလာမ်ားကိုWi-FM ကေကာင္းေကာင္းသိရိွခံစားႏုိင္ေလသည္။ ပါေမာကၡ Kuzmanovicက“ကြၽန္ေတာ္တို႔ရဲ႕ဆက္သြယ္ေရးကြန္ရက္သစ္ဟာ တကယ့္ လူသားနည္းပညာရွင္ေတြမလုိဘဲဆက္သြယ္ေရးလမ္းေၾကာင္းမွာေပၚေပါက္တဲ့အတားအဆီးေတြကို ဖယ္ရွားေျဖရွင္းေပးႏုိင္စြမ္းရွိထားပါတယ္။ကြန္ရက္ မိိဖို႔အတြက္အိမ္နီးခ်င္းေတြအားလံုးဆီကိုယ္တိုင္သြားၿပီးမိတ္ဆက္စရာမလိုသလိုပဲေပ့ါ။Wi-FM စနစ္ကိုအသံုးျပဳလုိက္ျခင္းအားျဖင့္Connection လိုင္းက် တဲ့ျပႆနာေတြကိုအေကာင္းဆံုးေက်ာ္လႊားေျဖရွင္းႏုိင္မယ္လုိ႔ယံုၾကည္ပါ တယ္”လို႔လည္းဆိုခဲ့ပါတယ္။အဆုိပါWi-FMစနစ္၏အားသာခ်က္မ်ားႏွင့္ စမ္းသပ္ေတြ႕ရွိမႈရလဒ္မ်ားကိုလည္းမၾကာေသးမီကဆန္ဖရန္စစၥကိုတြင္ က်င္းပခဲ့သည့္၂၃ႀကိမ္ေျမာက္IEEE ႏိုင္ငံတကာႏွစ္ပတ္လည္အစည္းအေ၀း ပြဲ၌လည္းစာတမ္းျပဳစုတင္ျပႏိုင္ခဲ့ၿပီျဖစ္သည္။



**Step-1ေအာက္က Download Button

**Step-2"5sec"ေလာက္ေစာင့္ေပးပါ။

**step-3<<Skip Ad>>ကိုႏွိပ္ေပးပါ။

**Step-4 Download Linkက်လာပါလိမ္းမယ္။

*အဆင္ေျပပါေစဗ်ာ။

Downloadအဆင္မေျပရင္ 

ေျပာပါအဆင္ေျပေအာင္အတက္ႏုိင္ဆံုးႀကိဳးစားေပးပါမယ္+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင္ေျပပါေစေက်းဇူးတင္ပါတယ္ရွင္း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ခ်စ္ပရိတ္သတ္ႀကီးမ်ားခင္ဗ်ား

 

ေမာင္ေအာင္ျမည္ေဇာ္(နည္းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar ေလးကို  LIKE ေပးၿပီး အားေပးႏိုင္ပါတယ္။(အားလံုးကို ေက်းဇူးတင္ပါတ။


(kkrappmyanmar) SMS ပိုေပးပါ


®®®®®®®®®®®®®®®®® (ေမာင္းေအာင္ျမည္းေဇာ္) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည္းပညာ}}

&&&&&&&&&&&&&&&&&


WiFi ထက္ အဆတစ္ရာလွ်င္ျမန္ေသာ LiFi

WiFi ထက္ အဆတစ္ရာလွ်င္ျမန္ေသာ LiFi


အနာဂတ္တြင္ WiFi ထက္ ပိုမိုလွ်င္ျမန္ေသာ LiFi နည္းပညာကို အသံုးျပဳႏုိင္ေတာ့မည္ျဖစ္သည္။ သိပၸံပညာရွင္မ်ားက WiFi ထက္ အဆတစ္ရာလွ်င္ျမန္ေသာ နည္းပညာကို စမ္းသပ္ေနၾကပါသည္။ ေအာင္ျမင္လွ်င္ 1 Gbps အျမန္ႏႈန္းကို ရရွိႏုိင္မည္ျဖစ္သည္။

အဆိုပါ အျမန္ႏႈန္းျဖင့္ High-Definition Movie တစ္ကားကို စကၠန္႔ပိုင္းအတြင္း ေဒါင္းလုပ္ရယူႏုိင္မည္ျဖစ္သည္။ Velmenni ဟု အမည္ရေသာ ကုမၸဏီက အဆိုပါ နည္းပညာကို အက္စတိုးနီးယားႏုိင္ငံတြင္ စမ္းသပ္ေအာင္ျမင္ၿပီျဖစ္ေၾကာင္း IBTimes UK ကို ေျပာၾကားပါသည္။

LIFi နည္းပညာတြင္ LED Lights မ်ားကို အသံုးျပဳ၍ ေဒတာမ်ားကို ေပးပို႔ျခင္းျဖစ္ၿပီး Nanoseconds အတြင္း ေဒတာမ်ားကို ေပးပို႔၊ ရယူႏုိင္ပါသည္။ အဆိုပါ နည္းပညာကို ၂၀၁၁ ခုႏွစ္တြင္ စတင္တီထြင္ႏုိင္ခဲ့ၿပီး Lab ထဲတြင္ 224 Gbps အျမန္ႏႈန္းကို ရရွိခဲ့ပါသည္။

သုိ႔ေသာ္ WiFi သည္ နံရံမ်ားကို ေဖာက္ထြင္းႏုိင္ၿပီး LiFi သည္ ထိုသို႔ စြမ္းေဆာင္ႏုိင္ျခင္းမရွိပါ။ အဆိုပါ အခ်က္သည္ LiFi ၏ အားနည္းခ်က္ျဖစ္ပါသည္။ LiFi သည္ စမတ္အိမ္သံုး ကိရိယာမ်ားအတြက္ ပိုမို အသံုး၀င္ႏုိင္ပါသည္။ အနာဂတ္တြင္ LED မီးလံုးမ်ားသည္ အလင္းေရာင္ေပးရံုသာမကဘဲ ေနအိမ္ရွိ အျခား စမတ္ကိရိယာမ်ားတြဲဖက္၍ အလုပ္မ်ားလုပ္ႏုိင္မည္ျဖစ္သည္။

Velmenni အျပင္ Oledcomm, pureLiFi တို႔ကလည္း LiFi ကို အမ်ားျပည္သူအသံုးျပဳရန္ ၀န္ေဆာင္မႈမ်ားေပးေနၿပီျဖစ္ၿပီး ဒုတိယ ကုမၸဏီသည္ LiFi ကို တီထြင္သူ Harald Haas က ထူေထာင္ထားျခင္းျဖစ္ပါသည္။ ကုမၸဏီႏွစ္ခုသည္ ေနအိမ္၊ ရံုးမ်ားတြင္ LiFi Network မ်ားကို တပ္ဆင္ေပးေနၿပီး pureLiFi က လက္ရွိတြင္ 10 Mbps အျမန္ႏႈန္း ရရွိသည္ဟု ေျပာပါသည္။

**Step-1ေအာက္က Download Button
**Step-2"5sec"ေလာက္ေစာင့္ေပးပါ။
**step-3<<Skip Ad>>ကိုႏွိပ္ေပးပါ။
**Step-4 Download Linkက်လာပါလိမ္းမယ္။
*အဆင္ေျပပါေစဗ်ာ။
Downloadအဆင္မေျပရင္ 
ေျပာပါအဆင္ေျပေအာင္အတက္ႏုိင္ဆံုးႀကိဳးစားေပးပါမယ္+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင္ေျပပါေစေက်းဇူးတင္ပါတယ္ရွင္း  (www.kkrappmyanmar.blogspot.com)
www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar
Add Wechat Id ={kkrappmyanmar}
FB ခ်စ္ပရိတ္သတ္ႀကီးမ်ားခင္ဗ်ား
 
ေမာင္ေအာင္ျမည္ေဇာ္(နည္းပညာ) 
!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!
FB Page kkrappmyanmar ေလးကို  LIKE ေပးၿပီး အားေပးႏိုင္ပါတယ္။(အားလံုးကို ေက်းဇူးတင္ပါတ။

(kkrappmyanmar) SMS ပိုေပးပါ

®®®®®®®®®®®®®®®®® (ေမာင္းေအာင္ျမည္းေဇာ္) 
•°•°×•°•°•×°•°•°•×°•°•°•
{{Arakan.BTD နည္းပညာ}}
&&&&&&&&&&&&&&&&&

အိမ္တြင္းWi-Fi ကိုအဆင့္ျမႇင့္ရာ၀ယ္

အိမ္တြင္းWi-Fi ကိုအဆင့္ျမႇင့္ရာ၀ယ္



Wi-Fi ဆုိတာကြၽန္ေတာ္တုိ႔နဲ႔ဆုိင္သလား။အရင္တုန္းကေတာ့မဆုိင္ပါဘူး။ အခုေတာ့တျဖည္းျဖည္းဆုိင္လာပါၿပီ။မွန္တာေျပာရရင္Laptop ၀ယ္ကုိင္ တုန္းကWi-Fi ဆုိတာႀကီးပါေပမယ့္အဲဒါႀကီးကိုဘယ္နားသြားသုံးရမွန္း မသိခဲ့တာ အမွန္ပါ။မုိဘုိင္းအင္တာနက္ဆုိတာႀကီးေပၚလာေတာ့ဖုန္းနဲ႔ ကြန္ပ်ဴတာကိုအင္တာနက္ခ်ိတ္သုံးရင္းWi-Fi ဆုိတာႀကီးနဲ႔ရင္းႏွီးလာပါ တယ္။ခလုတ္ဖုန္းကုိင္ရာကေနစမတ္ဖုန္းေျပာင္းကုိင္ေတာ့ZapyaဆုိတာWi-Fi မွန္းအေသအခ်ာသိလာပါတယ္။Wi-Fi ဆိုတာလူအမ်ားနဲ႔ပတ္သက္ႏုိင္သ လား။သက္ဆုိင္ဖုိ႔အေၾကာင္းေတြရွိပါတယ္။မုိဘုိင္းအင္တာနက္ဟာတကယ္ ေတာ့ေစ်းႀကီးပါတယ္။သူ႔ကုိၿပိဳင္မွာ က Wi-Fi အင္တာနက္ပါ။Wi-Fi ကေန အင္တာနက္ခ်ိတ္ရင္မုိဘုိင္းလုိင္းကေနတုိက္႐ုိက္အင္တာနက္ခ်ိတ္တာထက္ဘက္ထရီစားသက္သာပါတယ္။ ဖုန္းေပၚကေနDownload ဆြဲခ်ရင္ သတိေပး စာတမ္းတက္လာတာေတြ႕ဖူးၾကပါလိမ့္မယ္။Wi-Fi အဆက္အသြယ္ မရွိဘဲ အင္တာနက္ခ်ိတ္မွာလား။ေစာင့္မွာလားဆုိတဲ့စာတမ္းပါ။ဖြံ႕ၿဖဳိးၿပီးႏုိင္ငံေတြမွာမုိဘုိင္းအင္တာနက္ထက္Wi-Fi အင္တာနက္ကုိပုိၿပီးအသုံးမ်ားပါတယ္။
အခုအခ်ိန္မွာကြၽန္ေတာ္တုိ႔ဟာမိုဘုိင္းဖုန္းတုိ႔၊တက္ဘလက္တုိ႔ကေနPrint မထုတ္ေသးဘူး။ေနာင္ဆုိရင္Print ထုတ္ၾကလိမ့္မယ္။ဒါ့အျပင္ Printer တစ္လုံးကိုdevice ေပါင္းစုံကေနWi-Fi နဲ႔လွမ္းခ်ိတ္ၿပီးသုံးၾကလိမ့္မယ္။ မုိဘုိင္းအင္တာနက္ဟာဒီေန႔အခ်ိန္မွာသိပ္ၿပီးအားမေကာင္းလွေသးဘူး။

ကြၽန္ေတာ္သုံးခဲ့သမွ်မွာ600kbps ဟာအျမန္ဆုံးပဲ။ဒါေပမယ့္ မေ၀းလွတဲ့ တစ္ေန႔မွာWi-Fi အင္တာနက္ဆုိတာလာလိမ့္မယ္။ကြၽန္ေတာ္တို႔ေျပာခဲ့တဲ့ အျမန္ႏႈန္းထက္ပုိျမန္လိမ့္မယ္။ေစ်းႏႈန္းကလည္းမုိဘုိင္းအင္တာနက္မွာအခုယူေနတဲ့data 1Mb ႏႈန္းထက္သက္သာလိမ့္မယ္။အဲဒီအခါက်ရင္Wi-Fi ကလာတဲ့အင္တာနက္ကုိdevice ေပါင္းစုံကေန၀ုိင္းၿပဳံၿပီးဆဲြသုံးၾကပါ လိမ့္မယ္။Wi-Fi ဆက္သြယ္ေရးစနစ္ကုိအမ်ဳိးစုံသုံးၾကမယ္ဆုိေတာ့ အဲဒီ ဆက္သြယ္ေရးစနစ္ကေကာင္းၿပီလား။Pro ေတြသုံးေနၾကတ့ဲWi-Fi စနစ္ ကေတာ့ေကာင္းပါတယ္။အိမ္တြင္းWi-Fi ကေတာ့ေကာင္းတဲ့ေနရာေတြ ရွိသလုိမေကာင္းတဲ့ေနရာေတြလည္းရွိပါတယ္။Wi-Fi မေကာင္းတာဟာWi-Fi စနစ္အေၾကာင္းနားမလည္တာလည္းပါပါတယ္။အိမ္တြင္းWi-Fi ကုိအဆင့္ ျမႇင့္ၿပီးပုိေကာင္းေအာင္လုပ္မယ္ဆုိရင္လုပ္ႏုိင္ပါတယ္။အဲဒီလုိလုပ္မယ္ဆုိရင္လုပ္လုိ႔ရတဲ့ လမ္းေၾကာင္း အမ်ဳိးမ်ဳိးရွိပါတယ္။Wi-Fi စနစ္ဟာaကေန b/g/n ဆိုၿပီးအဆင့္ဆင့္တုိးတက္ၿပီးခ်ီတက္လာလုိက္တာအခုဆုိရင္Wi-Fi acစနစ္ အထိေရာက္ေနပါၿပီ။Wi-Fi router အေဟာင္းေတြသုံးေနဦးမယ္ဆုိရင္b/g စနစ္ေလာက္ပဲရပါမယ္။data ပုိၿပီးမ်ားမ်ား၊ပုိၿပီးေ၀းေ၀းလႊင့္ထုတ္ခ်င္တယ္ ဆုိရင္b/g router ေတြကုိn/ac စနစ္သစ္တစ္ခုခုနဲ႔လဲသင့္ပါတယ္။ ေနာင္တစ္ေန႔ ေပၚလာမယ့္Wi-Fi အင္တာနက္မွာဆုိရင္ISPေတြဟာ ေနာက္ဆုံးေပၚrouter ေတြနဲ႔အလုပ္လုပ္ၾကပါလိမ့္မယ္။

Wi-fi n နဲ႔acစနစ္ေတြဟာႀကဳိးမဲ့ကြန္ရက္ခ်ိတ္ဆက္ႏုိင္တဲ့ဧရိယာကုိ က်ယ္လာ ေစ႐ုံတင္မကဘဲခပ္ေ၀းေ၀းေနရာကိုအျမန္ႏႈန္းျမင့္ျမင့္နဲ႔ ခ်ိတ္ဆက္ ႏုိင္ပါမယ္။ျခြင္းခ်က္တစ္ခုေတာ့ရွိမယ္။ဥပမာ - router မွာWi-Fi ac စနစ္နဲ႔အလုပ္လုပ္ႏုိင္တယ္ဆုိပါစုိ႔။သူနဲ႔တြဲခ်ိတ္မယ့္ကြန္ပ်ဴတာေတြ၊ စမတ္ဖုန္းေတြ၊တက္ဘလက္ေတြဟာWi-Fi ac စနစ္နဲ႔အလုပ္လုပ္ႏုိင္မွသာ အေ၀းဆုံးခရီးကုိအျမန္ဆုံးႏႈန္းနဲ႔ခ်ိတ္ဆက္ၿပီးအလုပ္လုပ္ႏုိင္ပါလိမ့္မယ္။
ကုိယ့္ကြန္ပ်ဴတာကအေဟာင္းဆုိပါစုိ႔။စိတ္ပ်က္စရာမလုိပါဘူး။ေနာက္ဆုံး ေပၚWi-Fi စနစ္ကုိရႏုိင္တဲ့Wireless adapter ကုိUSB port ကေနထုိးစြပ္ၿပီး သုံးႏုိင္ပါမယ္။Desktop ဆုိရင္လည္းPC card slot မွာWireless adapter ကိုထည့္ၿပီးသုံးႏုိင္ပါတယ္။စမတ္ဖုန္းေတြမွာေတာ့၀ယ္ကတည္းကအညႊန္းမွာဘယ္လုိWi-Fi သုံးထားတယ္ဆုိတာရွာဖတ္ပါ။Samsung Galaxy S4 ကေနS6ထိ၊Galaxy Note 4 ကေနNote 5, Apple iPhone 6 နဲ႔6 Plus ေတြဟာအားအေကာင္းဆုံးWi-Fi ac စနစ္ကုိအေထာက္အပံ့ ေပးသလုိ စနစ္ေဟာင္းWi-Fi ေတြနဲ႔လည္းတြဲဖက္အလုပ္လုပ္ႏုိင္ပါတယ္။Wi-Fi စနစ္အားေကာင္းေကာင္းသုံးခ်င္ရင္အိမ္သုံးလွ်ပ္စစ္လုိင္းက တစ္ဆင့္ သြားတဲ့Powerline adapter ေတြကုိလည္းစဥ္းစားသင့္ပါတယ္။ ဒီပစၥည္း ေတြဟာ ျမန္မာျပည္မွာ၀င္ေနပါၿပီ။လူသုံးေတာ့သိပ္မမ်ားေသးပါဘူး။ ခ်ိတ္ဆက္မႈအားေကာင္းတဲ့အတြက္အိမ္အႏွံ႔ျဖန္႔ၾကက္ၿပီးခ်ိတ္ဆက္ထားတဲ့အင္တာနက္ဟာစြမ္းေဆာင္ရည္ သိသိသာသာမက်ပါဘူး။Powerline adapter သုံးတဲ့ကိစၥဟာအိမ္သုံးမီးပလတ္ေပါက္မွာထမင္းေပါင္းအုိး ကပလတ္ေခါင္းစြပ္ၿပီးထမင္းအုိးတည္သေလာက္လြယ္ပါတယ္။

routerနားမွာရွိတဲ့socket မွာadapter တစ္ခုကုိပလတ္ထုိးရမယ္။ၿပီးရင္ adapter ရဲ႕တစ္ဖက္မွာethernet cable ကိုသုံးၿပီးrouter နဲ႔ဆက္ေပးရ မယ္။မ်ားေသာအားျဖင့္adapter ၀ယ္ရင္တစ္ပါတည္းပါလာၿပီးသား ျဖစ္ပါတယ္။ ဒုတိယadapter တစ္ခုကုိေတာ့ကုိယ့္Wi-Fi ရခ်င္တဲ့အခန္း ထဲကပလတ္ေပါက္မွာထိုးၿပီးခ်ိတ္ဆက္ရပါမယ္။ၿပီးရင္adapter ရဲ႕ တစ္ဖက္ စြန္းကုိWi-Fi အင္တာနက္၊ဒါမွမဟုတ္Wi-Fi ခ်ိတ္ဆက္မႈရယူခ်င္တဲ့ပစၥည္း 
(ဥပမာ-ကြန္ပ်ဴတာ၊စမတ္တီဗြီ) မွာethernet cable နဲ႔သြားၿပီးခ်ိတ္ေပးရ ပါမယ္။လွ်ပ္စစ္လုိင္းကတစ္ဆင့္အေ၀းကိုလွမ္းခ်ိတ္တယ္ ဆုိေပမယ့္ router နဲ႔device ဟာတုိက္႐ုိက္ခ်ိတ္ထားတယ္ထင္ရေအာင္စြမ္းေဆာင္မႈေကာင္းပါ တယ္။အေကာင္းဆုံးpower-line adapter ေတြဟာWi-Fi hotspot အသစ္ ကုိတတိယအခန္းဒါမွမဟုတ္စတုတၳအခန္းအထိ ျဖန္႔ၾကက္လႊင့္ထုတ္ ႏုိင္ပါ တယ္။ဒီadapter ေတြဟာsignal ေတြကုိစြမ္းအားေကာင္းေအာင္ျမႇင့္တင္ ေပး႐ုံ မကပါဘူး။Wi-Fi ခရီးအကြာအေ၀းကုိမထင္မွတ္ေလာက္ေအာင္ ဆန္႔ထုတ္ ေပးတဲ့Wi-Fi extender ေတြျဖစ္ပါတယ္။သူ႔ကုိသုံးရင္ ကုန္က် စရိတ္ ပုိမ်ားတယ္ဆုိေပမယ့္ ျမန္ႏႈန္းပုိျမင့္ျမင့္ရပါမယ္။ပုိၿပီးေ၀းေ၀းသုံးႏုိင္ပါ မယ္။ပုိၿပီးလည္းစြယ္စုံသုံးႏုိင္ပါမယ္။

ေနာက္ဆုံးေပၚrouter ကို၀ယ္သုံးရင္ျဖစ္ျဖစ္၊ႀကိဳးမဲ့ဆက္သြယ္ေရးစနစ္ တစ္ပါ တည္းပါၿပီးသားျဖစ္တဲ့power adapter သုံးရင္ျဖစ္ျဖစ္အေကာင္းဆုံး ရလဒ္ကုိရႏုိင္ပါတယ္။ဒါေပမယ့္စရိတ္ႀကီးပါတယ္။စရိတ္သက္သာခ်င္ရင္႐ုိး႐ုိးWi-Fi extender ကုိသုံးႏုိင္ပါတယ္။Wi-Fi extender ေတြဟာWireless Signal ေတြကုိအရင္ဖမ္းယူၿပီး ျပန္လႊင့္ေပးတဲ့အလုပ္ကိုလုပ္ပါတယ္။ ဖမ္းမိတဲ့လႈိင္းကုိပုိအားေကာင္းေအာင္လုပ္ၿပီး ျပန္လႊင့္ေပးတာျဖစ္ပါ တယ္။လႊင့္ေပးတဲ့ေနရာဟာအထပ္ျမင့္တုိက္ႀကီးနဲ႔တျခားအခန္းတစ္ခန္းျဖစ္ရင္ျဖစ္မယ္။အေဆာက္အဦရဲ႕ တစ္ဖက္ျခမ္းကေနတျခားတစ္ဖက္ျခမ္းကုိလႊင့္တာျဖစ္ေကာင္းလည္း ျဖစ္ပါတယ္။လႊင့္လႈိင္းေတြပုိ အားေကာင္းေအာင္ လုပ္ေပးတယ္ဆုိေပမယ့္ကြန္ရက္ရဲ႕စြမ္းေဆာင္ရည္က်ေအာင္လည္းလုပ္ႏုိင္ပါတယ္။Wi-Fi extender ေတြဟာသူ႔ထဲမွာရွိတဲ့antanaထက္၀က္ကုိWireless Signal ေတြဖမ္းဖုိ႔သုံးၿပီးက်န္တဲ့ထက္၀က္ကုိSignal ေတြ ျပန္လႊင့္ဖုိ႔သုံးပါ တယ္။သေဘာကေတာ့extender တစ္ခုဟာသူ႔စြမ္းေဆာင္ရည္ကုိအျမင့္ဆုံး သုံးေနတာမဟုတ္ဘဲထက္၀က္ကုိသုံးေနတာျဖစ္ပါတယ္။ဒီလုိWi-Fi extender ကတစ္ဆင့္အင္တာနက္သုံးမယ္ဆုိရင္Web browsing တုိ႔လုိ၊ email တုိ႔လုိကိစၥေတြမွာမသိသာေပမယ့္အရြယ္အစားႀကီးတဲ့ဖုိင္ေတြကုိ အေရႊ႕အေျပာင္းလုပ္တဲ့အခါStreaming Video ၾကည့္တဲ့အခါ အရမ္းသိသာပါမယ္။

Wi-Fi extender ေတြဟာrouter ေတြနဲ႔bandwidth share လုပ္ပါတယ္။ ဒါေၾကာင့္Wi-Fi speed ဟာရွိသင့္တာထက္ပိုေႏွးပါတယ္။ၿပီးေတာ့Wi-Fi extender ကိုrouter ကေနသိပ္ၿပီး ေ၀းတဲ့ေနရာမွာထားလုိ႔မရပါဘူး။Wi-Fi extender ေတြဟာအခန္းတစ္ခုရဲ႕အလယ္မွာထားမွသာအေကာင္းဆုံး လႊင့္ထုတ္မႈကုိရပါမယ္။တကယ္လုိ႔အလယ္မွာမထားဘဲကြန္ရက္ရဲ႕တစ္ဖက္ စြန္းမွာသြားထားမယ္ဆုိရင္network တစ္ခုလုံးရဲ႕ဆက္သြယ္မႈအျမန္ႏႈန္း ေလ်ာ့က်မယ့္အျပင္အင္တာနက္သုံးရင္အင္တာနက္အျမန္ႏႈန္း လည္းေလ်ာ့ က်ပါမယ္။Wi-Fi တစ္ခုအင္အားေကာင္းျခင္း၊မေကာင္းျခင္းဟာ ဘယ္band ကုိသုံးသလဲဆုိတဲ့အေပၚမွာလည္းတည္ပါတယ္။အခုေနာက္ပုိင္းထြက္တဲ့router ေတြမွာ2.4GHzနဲ႔5GHz ဆုိၿပီးband ႏွစ္ခုပါပါတယ္။Wi-Fi လႊင့္ခ်င္တဲ့ အကြာအေ၀းပုိေရာက္ဖုိ႔၊အျမန္ႏႈန္းပုိေကာင္းဖုိ႔၊ၾကားခံအေႏွာင့္အယွက္ကင္းေစဖုိ႔ကိစၥေတြအတြက္ 2.4GHz ႏွင့္ 5GHz ကုိအလ်ဥ္းသင့္သလိုသုံးပါတယ္။ 2.4GHz တစ္မ်ဳိးပဲသုံးႏုိင္တဲ့router/ extender ေတြဟာ300mbps အျမန္ႏႈန္းအထိရႏုိင္ၿပီး5GHz သုံးႏုိင္တဲ့router/extender ေတြဟာ 450mbps အျမန္ႏႈန္းအထိရႏုိင္ပါတယ္။2.4GHz နဲ႔5GHz ႏွစ္မ်ဳိးလုံး သုံးႏုိင္တဲ့ router/extender ေတြကုိေတာ့750mbps အျမန္ႏႈန္းအထိ ရႏုိင္တဲ့ ပစၥည္းေတြအျဖစ္ရည္ညႊန္းၾကပါမယ္။



**Step-1ေအာက္က Download Button

**Step-2"5sec"ေလာက္ေစာင့္ေပးပါ။

**step-3<<Skip Ad>>ကိုႏွိပ္ေပးပါ။


**Step-4 Download Linkက်လာပါလိမ္းမယ္။


*အဆင္ေျပပါေစဗ်ာ။

Downloadအဆင္မေျပရင္ 

ေျပာပါအဆင္ေျပေအာင္အတက္ႏုိင္ဆံုးႀကိဳးစားေပးပါမယ္+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင္ေျပပါေစေက်းဇူးတင္ပါတယ္ရွင္း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ခ်စ္ပရိတ္သတ္ႀကီးမ်ားခင္ဗ်ား 

ေမာင္ေအာင္ျမည္ေဇာ္(နည္းပညာ) 


!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!


FB Page kkrappmyanmar ေလးကို  LIKE ေပးၿပီး အားေပးႏိုင္ပါတယ္။(အားလံုးကို ေက်းဇူးတင္ပါတ။


(kkrappmyanmar) SMS ပိုေပးပါ


®®®®®®®®®®®®®®®®® (ေမာင္းေအာင္ျမည္းေဇာ္) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည္းပညာ}}

&&&&&&&&&&&&&&&&&


colorful Data Pack

HD Movie Download

.

.

.

.

.

Bollywood 720 HD Rip Download

ဖုန္းေရာင္းဝယ္

Full HD Movies Download

ေရးသူ

ေရးသူ

Films HD Movie Download

Dangal HD 720 Film 2016

colorful Data Pack

Rose

All Myanmar Font