http://kkrappmyanmar.blogspot.com/search/label/Download%20Apk%20KKR
Showing posts with label Antivirus. Show all posts
Showing posts with label Antivirus. Show all posts

Avira Antivirus Security v4.3 APK

Android Os ဖုန်းကို ကိုင်ထားသူများအတွက် အရမ်းအသုံးများတဲ့ Avira Antivirus Security v4.3 Pro ကိုတင်ပေးလိုက်ပါတယ်။ ဒီကောင်လေးကိုတော့ Avria ကိုကျွန်တော်သဘောကျတဲ့အချက်တွေ ကတော့ Antivirus , Spyware , Malware , Trojan , Worm , Keylogger , AntiPhishing စတာတွေ အားလုံးကို Protect လုပ်ပေးနိုင်တဲ့အပြင် Network Security ပိုင်းကိုပါ လုံခြုံစိတ်ချမှုရှိစေပါတယ်။ အထူး သဖြင့် ပြသာနာအပေးဆုံး Virus တွေဖြစ်တဲ့ ExE Virus နဲ့ Short Cut တွေကိုတော့ Special နှိမ်နင်းပေး တယ်နော်။ နောက် ဆုံးထွက်တဲ့ Version သစ်လေးကို အသုံးပြုသင်ပါတယ်ဗျာ။





 Download



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

Clash of clan =(KKR king)coc

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&


ဒုတိယ Antivirus တံတိုင်း

ဒုတိယ Antivirus တံတိုင်း



ကွန်ပျူတာသုံးပြီဆိုလျှင် OS ပျက်စီးနိုင်သည့်အပျက်အမှောင့်က များလှသည်။ ကွန်ပျူတာရှိ port များdrive များမှတစ်ဆင့် ၀င်ရောက်လာသော malware များရှိသလို အင်တာနက်နှင့် ကြိုးမဲ့ကွန်ရက်ချိတ်ဆက်မှုများမှတစ်ဆင့် ၀င်လာသော malware များလည်းရှိနိုင်သည်။ ထိုကြောင့် ကွန်ပျူတာတိုင်းတွင် Antivirus Software မဖြစ်မနေရှိသင့်သည်။

တစ်ခုတည်းသော Antivirus ဖြင့် ကွန်ပျူတာကိုလုံခြုံအောင်ကာကွယ်နိုင်ပါသလား။ မကာကွယ်နိုင်ပါ။ သို့ဖြစ်၍ USB protection software နှင့် Autorun Killerများကိုတွဲဖက်အသုံးပြုရပါသေးသည်။ Antivirusတစ်ခုတည်းထားသည်ထက်စာလျှင် ပို၍လုံခြုံသည်ကားမှန်သည်။ သို့သော် စိတ်တိုင်းကျလောက်အောင် လုံခြုံမှုပေးနိုင်သည်ကားမဟုတ်။

Antivirus Software နှစ်ခုထားလျှင်ပို၍လုံခြုံနိုင်သည်။ သီအိုရီအရပို၍လုံခြုံနိုင်သည်။ total virus security ဟူသော websiteတွင် မသင်္ကာသောဖိုင်တစ်ခုကိုvirus search engineဆယ်မျိုးဖြင့်ရှာဖွေစစ်ဆေးသည်။ထိုအခါ Antivirus တို့၏လက်မှ လွတ်ထွက်နိုင်သော malwareအလွန်နည်းသွားသည်။ သို့သော် ကွန်ပျူတာထဲတွင် နှစ်မျိုးကို ယခင်ကတစ်ပြိုင်တည်း တင်၍မရပါ။ Application Clash ဖြစ်နိုင်စွမ်းမြင့်ပါသည်။

Antivirus Software တစ်ခုတည်းတွင် virus search engine နှစ်မျိုး (ဥပမာပြရလျှင် G Data Antivirus Software) တစ်ပါတည်းထည့်ပေးထားလျှင်ကားပြဿနာကင်းသည်။ သို့သော် G Data သည်အခမဲ့ရသော application မဟုတ်သည့်ပြင် မြန်မာနိုင်ငံ၌လည်းအသုံးနည်းသည်။ ယခုမူပညာရှင်တို့၏ကျေးဇူးကြောင့် ဒုတိယ Anitivirus တံတိုင်းအဖြစ်ထားရှိအသုံးပြုနိုင်မည့် အခမဲ့ Anitivirus Software တစ်ခုထပ်မံပေါ်ထွက်လာပါပြီ။

ယင်းကို Anitivirus ကို Emisisoft Emergency Kit ဟုခေါ်ပါသည်။ ကွန်ပျူတာတွင်း၌အထိုင်ချပြီးသုံးနိုင်သလိုမင်မိုရီစတစ်အတွင်းထည့်ပြီးနေရာတကာသယ်ဆောင်ကာသုံးနိုင် သာ portable application အဖြစ်လည်းရနိုင်ပါသည်။ Windows စနစ်သီးသန့်သုံး software ဖစ်ပြီး Windows XP မှ Windows 8 အထိအထောက်အပံ့ပေးပါသည်။www.snipca.com/17590 မှ download ချယူနိုင်ပါသည်။ ဖိုင်အရွယ်အစားမသေးပါ။ 164Mb ခန့်ရှိပါသည်။ ဇီးကွက်အင်တာနက်သုံးပြီး ဇီးကွက်ကျင့်ဇီးကွက်ကြံကြံလျှင် ၁၅ မိနစ်သာသာအချိန်အတွင်း download ချ၍ပြီးစီးပါမည်။

Set up file ကိုရပြီဆိုလျှင် နှစ်မျိုးသုံးနိုင်ပါမည်။ portable program အဖြစ်သုံးလိုလျှင် Applicationထားမည့်နေရာကို browse မှတစ်ဆင့်ရှာပြီး မိမိ၏မင်မိုရီစတစ်ရှိရာကိုညွှန်ပြပေးရပါမည်။ ပြီးလျှင် OK ကိုနှိပ်ရမည်။ ပြီးလျှင် Extract ကိုရွေးချယ်ပေးရပါမည်။

PC ထဲတွင် install လုပ်လိုလျှင် မူလရွေးချယ်ပေးထားသည့်အတိုင်းထားပြီး Extract ကိုကလစ်နှိပ်ပေးရပါမည်။Anitivirusအသစ်တင်သည်မှာမှန်သော်လည်း ကွန်ပျူတာထဲမှရှိရင်း Anitivirus အား ပိတ်ပစ်ရန် သတိမပေးခြင်းကိုထူးထူးခြားခြားတွေ့ရပါမည်။

Emsisoft Emergency Kit ကိုပထမဆုံးအသုံးပြုချိန်တွင် Software ၏ virus definition update လုပ်ရန်သတိပေးချက်ကို Yes လုပ်ပြီးလက်ခံရန်လိုပါသည်။ ထိုသို့လုပ်ပြီးသည့်အခါ လက်ဝဲဘက်တွင်ရှိသော update tile သည် အစိမ်းရောင်သို့ပြောင်းသွားပါမည်။ Scan မလုပ်မီတွင် default scan setting ကိုအနည်းငယ်အလှည့်အပြောင်းလုပ်ရပါမည်။ Performance Setting တွင် ကလစ်နှိပ်ပါ။ Use advanced caching box များကိုရွေးထားကြောင်းတွေ့ရပါမည်။ Number of the reads ကိုအမြင့်ဆုံးတန်ဖိုးသို့ တင်ရပါမည်။ Scan thread priority ကို high တွင် ထားရပါမည်။ ယင်းနောက် OK နှိပ်ပါမည်။ အသေးစိတ်စေ့စပ်စွာ scan လုပ်မည်ဖြစ်၍အချိန်ကြာပါမည်။

On Scan completion ကိုကလစ်နှိပ်၍ရွေးပြီး Qurantine detected objects ကိုရွေးရပါမည်။ default တွင် Report only ၌ထားပါသည်။ အကယ်၍ scan လုပ်စဉ် အိပ်ရာဝင်မည်ဆိုပါက shut down computer ကိုရွေးထားရပါမည်။ ယင်းနောက် OK နှိပ်ပါမည်။ Manage whitelist ကိုရွေးပြီးကင်းလွတ်ခွင့်ပေးမည့် file, folder နှင့် program များကိုထည့်သွင်းနိုင်သည်။ ယင်းနောက်တွင် မိမိပြုလုပ်လိုသော scan အမျိုးအစားကိုရွေးရပါမည်။ Quick scan သည် လတ်တလောပွင့်နေသော program များကိုသာစစ်သည်။ ယင်းထက်စာလျှင် malware scan က ယင်းထက်ပို၍စေ့စပ်သည်။ scan အမျိုးအစားရွေးပြီးနောက်တွင် Yes ကိုရွေးရမည်။

Malware အဖြစ် သတ်မှတ်ရွေးချယ်သောအရာများကို quarantine လုပ်ပေးပါလိမ့်မည်။ ထိုအရာများကို view report တွင်ကြည့်နိုင်သည်။ Notepad ဖိုင်ဖြင့် ပြသပါသည်။ Custom scan က အလုပ်လုပ်ပုံအနည်းငယ်ကွဲပြားသည်။ ယင်းကိုရွေးက drive C; ကို scan လုပ်ရန် defeault ထားသည်ကိုတွေ့ရပါမည်။ အခြားနေရာတစ်ခုခုကိုထည့်သွင်းစစ်ဆေးလိုက Add folder ကိုရွေးပြီးသက်ဆိုင်ရာနေရာကိုရွေးရမည်။ ပြီးလျှင် ok နှိပ်ရပါမည်။ မှားယွင်းရွေးချယ်မိသော folder တစ်ခုအတွက် Remove folder မှ တစ်ဆင့် ဖယ်ထုတ်နိုင်သည်။ Default အားဖြင့် Scan object section ရှိ box အားလုံးနှင့် scan setting section အောက်ရှိပထမဆုံး box အားလုံးနှင့် scan setting section အောက်ရှိပထမဆုံး box သုံးခုတို့အားရွေးထားပြီးဖြစ်သည်ကိုတွေ့ရပါမည်။

Scan လုပ်ရာ၌ filter သုံးမည်ဆိုလျှင် use file extension filter တွင်အမှန်ခြစ်ပေါ်အောင်လုပ်ပါ။ယင်းဘေးရှိ configure နေရာတွင် ကလစ်နှိပ်ပါ။ extension စာရင်းထဲတွင် မိမိစစ်ဆေးလိုသော file extension များကိုသာပါအောင်လုပ်ပါ။ ယင်းစာရင်းတွင် လူသုံးများသော .exe ၊ .doc ၊ .txt အပါအ၀င် file extension များကိုတွေ့ရပါသည်။ အခြားလူသုံးများသော . iso ၊ .mp3 စသော file extension များသည် defeaultတွင်မပါပါ။ သို့သော် add လုပ်ယူနိုင်သည်။ ထိုသို့ add လုပ်ရန်အတွက် မိမိထည့်လိုသော extension (ဥပမာ - iso) ကို Enter new extension file extension အကွက်တွင် ရိုက်ထည့်ပါ။ ပြီးလျှင် add တွင် ကလစ်နှိပ်ပါ။ အခြားမိမိဖြည့်သွင်းလိုသော file extension များကိုယင်းနည်းအတိုင်းထပ်မံထည့်သွားနိုင်သည်။ ပြီးလျှင် Ok နှိပ်ပါ။

ဤအဆင့်ရောက်လျှင် use direct disk access ကိုသုံးနိုင်ပါပြီ။ ယင်းကိုသုံးခြင်းကရှာဖွေရခက်ပြီးဒုက္ခပေးတတ်သော rootkit များကိုရှာဖွေနိုင်စေသည်။ ယင်းနောက်တွင် next ကို နှိပ်ပြီး scan လုပ်ငန်းစဉ်ကိုစပါ။ scan လုပ်နေစဉ်တွင်မည်သည့်အချိန်တွင်မဆိုခေတ္တရပ်ခြင်း (သို့မဟုတ်) လုံးဝရပ်ဆိုင်းခြင်းပြုလုပ်နိုင်သည်။ Malware ဖစ်ကြောင်းစစ်ဆေးတွေ့ရှိသောအရာမှန်သမျှကိုအလိုအလျှောက် quarantine လုပ်ပစ်ပါလိမ့်မည်။ quarantine လုပ်ထားသောitemများစာရင်းကိုကြည့်ရန် အပေါ်ဖက်တွင်မြင်နေရသော quarantine section ကိုကလစ်နှိပ်နိုင်သည်။ Risk Level အားဖြင့် medium (သို့မဟုတ်) High ဟုပြထားသော item များကို delete လုပ်သင့်သည်။

Delete လုပ်ရန်အတွက် ctrl key ကိုနှိပ်ထားပြီးကလစ်တစ်ချက်ချင်းနှိပ်ပြီး item များကိုရွေးနိုင်သည်။ ပြီးလျှင် delete ကိုနှိပ်ရပါမည်။ quarantine လုပ်ထားသော item ထဲတွင် malware ဟုမှားယွင်းဆုံးဖြတ်ခံရသောအရာများပါလာပါကယင်းကိုရွေးပြီးအောက်ဘက်ရှိ Restore button ကို နှိပ်ခြင်းဖြင့် ဖယ်ထုတ်နိုင်သည်။ quarantine list ကို notepad ဖိုင်အဖြစ် သိမ်းဆည်းထားသင့်သည်။ ယင်းစာရင်းထဲမှ မည်သည့်ဖိုင်ကိုဖျက်ရမှန်းမသေချာသဖြင့် ကျွမ်းကျင်သူထံ second opinion တောင်းမည်ဆိုလျှင် notepad ဖိုင်ကအသုံးတည့်နိုင်သည်။ ယင်းအတွက် save quarantine List ကိုကလစ်လုပ်ရုံဖြင့် ပြီးပါသည်။ သိလွယ်သောဖိုင်အမည်ပေးပြီး PC ထဲတွင် မိမိမှတ်မိလွယ်မည့်နေရာ၌သိမ်းဆည်းသင့်သည်။

မိမိပြုလုပ်ခဲ့သမျှ scan အားလုံးကို Log section ထဲတွင် သိမ်းထားသည်။ ထို့ပြင် quarantine နှင့် update record များလည်းယင်းထဲတွင်ရှိသည်။ tab များမှတစ်ဆင့်ကြည့်နိုင်သည်။ မိမိသိလိုသောအရာတစ်ခုနှင့် ပတ်သတ်သည့်သေးစိတ်တို့ကို ကြည့်လိုလျှင်အောက်ဘက်ရှိ view detail ကိုခေါ်ပြီး ကြည့်နိုင်သည်။ ယင်း Logo ဖိုင်ကိုကွန်ပျူတာထဲတွင် သိမ်းဆည်းလိုလျှင် Export ကိုကလစ်နှိပ်ရမည်။ ပြီးလျှင် ဖိုင်နာမည်တစ်ခုပေးပြီးမိမိနှစ်သက်သည့်နေရာတွင်ရွေးချယ်သိမ်းဆည်းနိုင်သည်။ သင်ဆိုင်ရာ tab အောက်ရှိ record များကိုဖျက်လိုလျှင် အောက်ဘက်ရှိ Clear button ကိုရွေးပြီး yes နှိပ်ပေးရပါမည်။ Emisoft Emergency kit သည် version အသစ်များအမြဲထွက်နေပြီးယင်းတို့ကို Beta version အဖြစ်ရရှိနိုင်သည်။ ယင်းကိုအမြဲရလိုလျှင် install Beta update ကိုရွေးပြီး Yes ကို နှိပ်ပေးနိုင်ပါသည်။



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

Clash of clan =(KKR king)coc

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&


AMC Security - Antivirus Boost v5.3.1 APK



Android phone/Tablet သုံးသူများအတွက် နာမည်ကြီးဆော့ဝဲလ်လေး AMC Security-Antivirus,Clean ကိုတင်ပေးလိုက်ပါတယ်။ဒီဆော့ဝဲလ်လေးကို မိမိဖုန်းထဲထည့်သွင်းထားခြင်းဖြင့် မိမိရဲ့ ဖုန်း /Tablet ဟာ ပေါ့ပါးသွက်လပ်နေပြီး လုံခြုံစိတ်ချမှုကို အမြဲပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒီဆော့ဝဲလ်လေးထဲမှာ-
One tap Scan -တစ်ချက်ထိလိုက်တာနဲ့ဖုန်းထဲမှ Task file,junk file,cache file များကို Scan ဖတ်ပြီးရှင်းလင်းနိုင်မှာဖြစ်ပါတယ်။Antivirus -ကတော့ဖုန်းထဲမှာ Apps များက Scan ဖတ်ပြီး ဖုန်းအပြင် SD ကဒ်ကို viruses, malware and suspicious apps attacksရဲ့ရန်က ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Task Killer ကတော့ မိမိဖုန်းပေါ့ပါးသွက်လက်စေပြီး ကိုယ်ဖုန်းရဲ့ Ram Free ။Battery Saver ကတော့ မိမိဖုန်းရဲ့ ဘက်ထရီအချက်အလက်တွေကို ပြသပေးမှာဖြစ်ပြီး ဖုန်းရဲ့ဘက်ထရီကိုလည်း Save လုပ်ပေးနိုင်မှာဖြစ်ပါတယ်။Game Speeder ကတော့ ဖုန်းထဲမှ ဂိမ်းများဆော့တဲ့ အခါဂိမ်းဆော့နေစဉ်ချောချောမွေ့မွေ့ဖြစ်အောင် စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါတယ်။App Manager ကတော့ Obsolete ဖုန်းများဖျက်နိုင်သလို App uninstall လုပ်နိုင်ခြင်းအပြင် ဆော့ဝဲလ်များကို အရွှေ့အပြောင်း လုပ်နိုင်မှာဖြစ်ပါတယ်။









Download



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&


Zoner Mobile Security v1.4.0 Apk



စက်ရုပ် User တွေအတွက် Mobile Security ကောင်းကောင်းလေးတစ်ခု တင်ပေးလိုက်ပါတယ်ဗျာ။ မနေ့က မှထွက်တဲ့ အသစ်စက်စက် Mobile Security လေးပါ။ သူက Antivirus ဆိုပေမယ့်လည်း အခြားသော Feature အနေနဲ့ Call Log & SMS ကို Backup & Restore လုပ်ပေးနိုင်ပါတယ်။ Message နဲ့ Call တွေကိုလည်း Block (Black List) လုပ်ပေးနိုင်ပါတယ်။ Test Manager လည်းပါဝင်ပါသေးတယ်။ Virus Protection အနေနဲ့ Trojan , Malware , Spyware , Adware , Worms , စတဲ့ ပြသာနာကောင်တွေအားလုံးရဲ့ရန်ကနေကာကွယ် နိုင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်းအခုမှရပြီး အခုမှစမ်းသုံးနေတုန်းပါ။ သူ့ရဲ့ မူရင်းဆိုဒ်မှာလေ့လာ ကြည့်ရသလောက်ကတော့ Feature တွေတော်တော်စုံလင်လို့စိတ်ဝင်စားပြီး စမ်းသုံးနေတာပါ။ Android OS 2.1 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။

Other features:
* Theft Protection (find and control your missing device)
* Installed app protection
* On-access and on-demand scan
* Phone filtering (block calls and messages)
* Parental lock for calls
* Permission viewer
* Task Manager
* Automatic and manual database updates
* Home screen widget
* Secure messages




   


   




   Download



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။


**Step-4 Download Linkကျလာပါလိမ်းမယ်။


*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား 

မောင်အောင်မြည်ဇော်(နည်းပညာ) 


!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!


FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။


(kkrappmyanmar) SMS ပိုပေးပါ


®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&


colorful Data Pack

HD Movie Download

.

.

.

.

.

Bollywood 720 HD Rip Download

ဖုန်းရောင်းဝယ်

Full HD Movies Download

ရေးသူ

ရေးသူ

Films HD Movie Download

Dangal HD 720 Film 2016

colorful Data Pack

Rose

All Myanmar Font