http://kkrappmyanmar.blogspot.com/search/label/Download%20Apk%20KKR
Showing posts with label SD Card သို့ ပြောင်းရွှေ့နည်း . Show all posts
Showing posts with label SD Card သို့ ပြောင်းရွှေ့နည်း . Show all posts
Android Device မှာ ဓါတ်ပုံများကို SD Card သို့ ပြောင်းရွှေ့နည်း 

Android Device မှာ ဓါတ်ပုံများကို SD Card သို့ ပြောင်းရွှေ့နည်း 



စမတ်ဖုန်းများရဲ့ Internal Memory ဟာ အကန့်အသတ်ရှိပါတယ်။ ဓါတ်ပုံ ရိုက်တာ များလာတာနဲ့အမျှ Internal Memory မှာ ဒေတာများ ပြည့်လာမှာ ဖြစ်ပြီး ဒေတာအသစ်များကို ထပ်မံ လက်ခံလို့ ရမှာ မဟုတ်တော့ပါဘူး။ ဒီ Tutorial မှာ Internal Memory မှ ဓါတ်ပုံများကို SD Card သို့ ပြောင်းရွှေ့နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သိမ်းတဲ့ နေရာကို ပြောင်းပါ။ 
Default အားဖြင့် ဓါတ်ပုံများကို ဖုန်းရဲ့ Internal Memory မှာ သိမ်းပေးပါတယ်။ SD Card မှာ ဓါတ်ပုံများကို သိမ်းပေးဖို့ နေရာကို ပြောင်းလဲနိုင်ပါတယ်။ များသောအားဖြင့်တော့ ဓါတ်ပုံများ သိမ်းမယ့် နေရာကို Camera App မှာ ပြောင်းရပါတယ်။ ဒါပေမယ့် ဖုန်းထုတ်လုပ်သူ အပေါ်မူတည်ပြီး နည်းလမ်းကွဲပြားနိုင်ပါတယ်။ Camera App ရဲ့ Settings ထဲသွားပြီး Storage မှာ နေရာကို ပြောင်းပေးပါ။ သင့်ဖုန်းရဲ့ Internal Memory မှာ နေရာလွတ် မကျန်တော့ရင်လည်း SD Card ထံ ဒေတာများ ပြောင်းဖို့ သတိပေးစာပေါ်လာမှာပါ။ ညွှန်ကြားချက်အတိုင်း ဆက်လုပ်ရင် ဒေတာများကို SD Card ထံ ပြောင်းပေးမှာပါ။

၂။ Android 6.0 Marshmallow 
Android Marshmallow မှာတော့ ဓါတ်ပုံများကို SD Card ထံ ပြောင်းရတာ အလွန် လွယ်ကူပါတယ်။ Marshmallow မှာ SD Card ကို Internal Memory လို အသုံးပြုနိုင်တဲ့ စွမ်းရည်အသစ်တစ်ခု ပါလာပါတယ်။ တစ်နည်းအားဖြင့် Internal Memory နဲ့ SD Card ကို ပေါင်းလိုက်တဲ့ သဘောပါ။ ဒီလိုသုံးဖို့အတွက် အရင်ဆုံး SD Card ကို Format လုပ်ရမှာပါ။ Format မလုပ်ခင် SD Card မှ ဒေတာများကို အခြားတစ်နေရာမှာ သိမ်းထားပါ။ Phone Settings ထဲသွားပြီး microSD Card ကို ရှာပါ။ Menu ( အစက်သုံးစက်) ကို နှိပ်ပြီး Settings> Reformat your memory card ကို နှိပ်ပါ။ ပြီးရင်တော့ SD Card ကို Internal Memory လို သုံးနိုင်ပါပြီ။

၃။ Android 5.0 Lollipop
Android Lollipop မှာတော့ Apps များက သူတို့ရဲ့ ဒေတာကို ကိုယ်တိုင် စီမံပါတယ်။ အဲဒီအတွက် Camera App ရဲ့ Settings ကနေ ဓါတ်ပုံများကို SD Card ထံ ပြောင်းနိုင်ပါတယ်။

၎။ Android 4.4 KitKat
Android 4.4 KitKat မှာ Safety Regulations အသစ်ကြောင့် Apps များဟာ SD Card မှ နေရာများကို အသုံးပြုခွင့် မရှိခဲ့ပါဘူး။ App များကိုယ်တိုင်ဟာ SD Card မှာ မရှိပါဘူး။ Camera App ရဲ့ ဓါတ်ပုံများကိုလည်း SD Card ထံ ပြောင်းလို့ မရပါဘူး။ ဒီပြဿနာကို ဖြေရှင်းပေးနိုင်တာက MX Camera App ဖြစ်ပြီး သူရဲ့ Settings ထဲမှာ ဓါတ်ပုံများကို SD Card ထံ ပြောင်းပေးဖို့ သတ်မှတ်နိုင်ပါတယ်။ MX Camera App ကို အောက်ပါ Link မှာ ရယူနိုင်ပါတယ်။


**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။


**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

http://kkrappmyanmar.blogspot.com/2016/12/blog-post.html

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)


www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar


Add Wechat Id ={kkrappmyanmar}


FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား


 မောင်အောင်မြည်ဇော်(နည်းပညာ) 


!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!


FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ


®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 


•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&

colorful Data Pack

HD Movie Download

.

.

.

.

.

Bollywood 720 HD Rip Download

ဖုန်းရောင်းဝယ်

Full HD Movies Download

ရေးသူ

ရေးသူ

Films HD Movie Download

Dangal HD 720 Film 2016

colorful Data Pack

Rose

All Myanmar Font