http://kkrappmyanmar.blogspot.com/search/label/Download%20Apk%20KKR
Showing posts with label oppo. Show all posts
Showing posts with label oppo. Show all posts
 နေရာသုံးခုခွဲခွဲပြီး မိတ်ဆက်ရောင်းချခဲ့တဲ့ OPPO F1 S ကို လူကြိုက်များလျက်ရှိ 

 နေရာသုံးခုခွဲခွဲပြီး မိတ်ဆက်ရောင်းချခဲ့တဲ့ OPPO F1 S ကို လူကြိုက်များလျက်ရှိ 



မြန်မာပလာဇာ ၊ လသာ ရုံးချုပ် နဲ့ မန္တလေးရုံးခွဲတို့ တွင် တပြိုင်နက်တည်း သုံးနေရာခွဲပြီး မိတ်ဆက်ရောင်းချခဲ့တဲ့ OPPO F1 S ရဲ့ အရည်အသွေးကို မြန်မာနိုင်ငံမိုဘိုင်းဖုန်း ပရိသတ်တော်တော်များများ က နှစ်ခြိုက်သဘောကျလျက်ရှိပြီး ဈေးကွက်မှာလည်း လူကြိုက်များလျက်ရှိတယ် လို့ သိရပါတယ်။

OPPO က အသစ်မိတ်ဆက်ပေးလိုက်တဲ့ OPPO F1 s ကင်မရာဖုန်း ဟာ ကင်မရာအရည်အသွေးကို အထူးဦးစားပေးထားပြီး selfie ဘုရင် လို့ ကြော်ငြာထားရလောက်အောင် ပဲ ဖုန်းရဲ့ အရှေ့ဘက်ကင်မရာ ကို 14 Megapixel ထည့်သွင်း အသုံးပြုထားပြီး Selfie ခေတ်ကို တဆန်းသစ်စေမဲ့ လုပ်ဆောင်ချက် ၊ အရည်အသွေးများစွာ ပါဝင် သုံးစွဲထားတယ် လို့ သိရပါတယ်။


OPPO ဖုန်းကို ပြီးခဲ့တဲ့ သြဂုတ် ၁၆ ရက်နေ့မှာ ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ် မှာ စတင် မိတ်ဆက်ပေးခဲ့ပြီးတဲ့နောက် တင်ကြိုအမှာစာတွေကို စတင်လက်ခံခဲ့ရာ မိုဘိုင်းဖုန်းဆိုင်ရောင်းအား တွေရဲ့ ၃၀ ရာခိုင်နှုန်း အထိ အမှာစာရောက်ရှိခဲ့တယ် လို့ သိရပါတယ်။


OPPO F1 s မှာ App နဲ့ ဖုန်းခေါ်ဆိုမှုတွေကို တိုက်ရိုက်လုပ်ဆောင်နိုင်တဲ့ Finger Print စနစ်အပါအ၀င် တခြား လုံခြုံရေး အဆင်မြင့် စနစ်များစွာ သုံးစွဲထားပါတယ်။

မျက်နှာပြင် ဟာ Gorilla Glass သုံးစွဲထားပြီး OS ကတော့ လော်လီပေါ့ Lollipop Andriod 5.1 ဖြစ်ပါတယ်။ ၅.၅ လက်မ LCD မျက်နှာပြင် အကျယ်ရှိပြီး 3GB  RAM ကို internal 32 GB ထည့်သွင်းပေးထားပါတယ်။ Dual Sim type အမျိုးအစား ဖြစ်ပြီး Octa-core 1.5 GHz Cortex-A53 CPU က နောက်ကွယ်ကနေ ကောင်းကောင်း အသုံးတော်ခံနိုင်မဲ့ အရည်အချင်းအပြည့်ရှိပါတယ်။ 3075 mAh ဘက်ထရီကတော့ ရွှေ့ပြောင်းဖြုတ်ယူလို့ မရနိုင်ပါဘူး။


Oppo ဟာ တင်ကြိုကြော်ငြာထားသလို ပဲ ဖက်ရှင်လည်း ကျပြီး လူငယ်ကြိုက် ပေါ့ပေါ့ပါးပါး ဖြစ်တဲ့အပြင် ဆဲလ်ဖီးရိုက်လိုသူတွေအတွက် အကောင်းစား  မိုဘိုင်းဖုန်းကလေး တစ်လုံး ကို ဈေးကွက် ကို ချပြနိုင်ခဲ့တယ် လို့ သိရပါတယ်။ သူရဲ့ ဈေးနှုန်း ကတော့ 269,000 လို့ သိရပါတယ်။

colorful Data Pack

HD Movie Download

.

.

.

.

.

Bollywood 720 HD Rip Download

ဖုန်းရောင်းဝယ်

Full HD Movies Download

ရေးသူ

ရေးသူ

Films HD Movie Download

Dangal HD 720 Film 2016

colorful Data Pack

Rose

All Myanmar Font