http://kkrappmyanmar.blogspot.com/search/label/Download%20Apk%20KKR
Showing posts with label smart card. Show all posts
Showing posts with label smart card. Show all posts
Smart Card

Smart Card



 

စမတ်ကတ် တစ်ခုဆိုသည်မှာ ချစ်ပ်တစ်ခု ထည့်သွင်းထားတဲ့ security token တစ်ခုဖြစ်ပါတယ်။ စမတ်ကတ်များဟာ ယေဘုယျအားဖြင့် ဒရိုင်ဘာ လိုင်စင်တစ်ခုရဲ့ အရွယ်အစားနဲ့ တူညီပြီး သတ္တု ဒါမှမဟုတ် ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ ဒီကတ်တွေဟာ reader တစ်ခုထံ လက်နဲ့တိုက်ရိုက် ထိတွေ့ပြီး အသုံးပြုနိုင်သလို Near Field Communication (NFC) ကဲ့သို့သော အကွာအဝေး တိုတောင်းတဲ့ ကြိုးမဲ့စနစ် ချိတ်ဆက်မှု စံသတ်မှတ်ချက် တစ်ခုကနေ တစ်ဆင့်လည်း အသုံးပြုနိုင်ပါတယ်။

စမတ်ကတ် တစ်ခုပေါ်မှာရှိတဲ့ ချစ်ပ်ဟာ microcontroller ချစ်ပ်တစ်ခု ဖြစ်နိုင်သလို embedded memory ချစ်ပ်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ စမတ်ကတ်တွေကို လိမ်လည်လှည့်ဖြား သူများရဲ့ရန်က ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ပြုလုပ်ထားပြီး in-memory အချက်အလက်များကို ကာကွယ်ရန်အတွက် encyrption ကို အသုံးပြုပါတယ်။ Microcontroller ချစ်ပ်တစ်ခုပါဝင်တဲ့ ဒီကတ်တွေဟာ on-card processing လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပြီး ချစ်ပ်ရဲ့ memory မှာ အချက်အလက် ထည့်သွင်းခြင်း၊ ဖျက်ခြင်းနဲ့ လည်ပတ်လုပ်ဆောင် ခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။

စမတ်ကတ်တွေကို ပထမဆုံး သုံးစွဲခဲ့တာကတော့ Telecarte ဖြစ်ပါတယ်။ Telecarte ဟာ ၁၉၈၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြင်သစ်အခပေး ဖုန်းတွေမှာ ငွေပေးချေနိုင်တဲ့ တယ်လီဖုန်းကတ် တစ်ခုဖြစ်ပါတယ်။ ယခုအခါမှာတော့ စမတ်ကတ်တွေကို နေရာတိုင်းမှာ တွေ့မြင်နိုင်ပြီဖြစ်သလို magnetic stripe ကတ်နည်းပညာ နေရာမှာလည်း လျင်မြန်စွာ အစားထိုးလာ နိုင်ခဲ့ပါတယ်။

Credit : Internetjournal
သီဟထိုက်
www.thihahtike.com

colorful Data Pack

HD Movie Download

.

.

.

.

.

Bollywood 720 HD Rip Download

ဖုန်းရောင်းဝယ်

Full HD Movies Download

ရေးသူ

ရေးသူ

Films HD Movie Download

Dangal HD 720 Film 2016

colorful Data Pack

Rose

All Myanmar Font