♪ အူရီးဒူးက မကြာမီ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်းမှ အင်တာနက်ဝန်ဆောင်မှုပေးမည်

ပည်ပဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် အူရီးဒူးမြန်မာအနေဖြင့် မကြာမီအတွင်း ၎င်းတို့၏ ကိုယ်ပိုင် ဖိုက်ဘာဆက်ကြောင်းမှ တစ်ဆင့် အင်တာနက်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် အူရီးဒူးမြန်မာအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းထံမှ ဖိုက်ဘာဆက်ကြောင်းကို မျှဝေသုံး စွဲပြီး အင်တာနက်ဝန်ဆောင်မှု ပေးနေရခြင်းဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်း စတင်ပေး ချိန်တွင် မြန်မာ့ဆက်သွယ်ရေးထံမှ မျှဝေသုံးစွဲတော့မည်မဟုတ်ကြောင်း အဆိုပါ ဆက်သွယ်ရေးကုမ္ပဏီ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးအကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။

 ‘‘ဒီရက်သတ္တပတ်အတွင်းမှာ ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ထိုင်းနယ်စပ်ကနေ ဆက်ကြောင်း ဆွဲနေ တာဖြစ်တယ်။ သူတို့ကလည်း နယ်စပ်ရောက်နေပြီ။ ကျွန်မတို့ ဒီဘက်ကအဖွဲ့ကလည်း နယ် စပ်ရောက်နေပြီ။  ဘယ်လောက်ပမာဏ  ရှိမလဲဆိုတာတော့ အတိအကျမပြောနိုင်သေး ဘူး’’ ဟု ၎င်းကဆိုသည်။

အခြားပြည်ပ ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် တယ်လီနောမြန်မာအနေဖြင့်လည်း ၎င်းတို့၏ ကိုယ်ပိုင်ဖိုက်ဘာဆက်ကြောင်းကို ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ အင်တာနက်ဆက်ကြောင်းနှင့် ချိတ်ဆက် ၍ ယခုလအတွင်း ဘန်ဝှစ်ပမာဏ 10GB တိုးချဲ့ပေးသွားမည်ဖြစ်ကြောင်း ဇန်န၀ါရီအတွင်းက ထုတ်ဖော်ပြောကြားထားသည်။

ပြည်တွင်း၌ လူဦးရေ အများဆုံး ကွန့်ရက်ဖြန့်ကြက်ထားသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပင်လယ်ရေအောက်အင်တာနက်ဆက်ကြောင်းနှင့် ကုန်းတွင်းအင်တာနက်ဆက်ကြောင်းများမှ ဘန်ဝှစ်ပမာဏ 32.32 GB အား အင်တာနက်အသုံးပြုသူများထံပေးနေကြောင်း သတင်းထုတ်ပြန် ထားသည်။

‘‘MPT ရဲ့ ဆွေသဟာ အစီအစဉ်ကနေ အင်တာနက်သုံးတာ လိုင်းတော့ ကောင်းတယ်။ ဒါပေမဲ့ ဈေးကြီး တယ်။ အူရီးဒူးအင်တာနက်က  နေရာစုံတော့  လိုင်းမကောင်းဘူး။  လိုင်းမိတဲ့နေရာတော့ မဆိုးဘူး။ သုံးလို့ရတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးဆင်းမ်ကတ်နှင့် အူရီးဒူးဆင်းမ်ကတ်နှစ်ခု ကိုင်ဆောင်ထားသူ ကိုမြင့်ကျော်က ပြောသည်။

www.kkrappmyanmmar.blogspot.com