Encrypted ချစ်ပ်ပါဝင်တဲ့ ကမ္ဘာ့လုံခြုံရေးအမြင့်ဆုံးစမတ်ဖုန်း Gionee M6 မကြာမီထွက်ရှိမည

- July 23, 20160

တရုတ်နိုင်ငံရဲ့ အကြီးဆုံးမိုဘိုင်းဖုန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Gionee ဟာ encrypted ချစ်ပ်ပါဝင်တဲ့ M6 စမတ်ဖုန်းကို ဂျူလိုင်လ ၂၆ ရက်နေ့မှာ စတင်မိတ်ဆက်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။

Gionee M6 စမတ်ဖုန်းထဲမှာပါတဲ့ လုံခြုံရေးသီးသန့်ချစ်ပ်ဟာ ဖုန်းထဲမှာသိမ်းထားတဲ့ ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ ဓာတ်ပုံ၊ စာရွက်စာတမ်းနဲ့ မှတ်စုတွေအပါအဝင် ဒေတာအားလုံးကို encryption နည်းနဲ့ ကာကွယ်ပေးထားမြှ ဖြစ်ပြီး၊ Gionee ရဲ့ အဆိုအရ လက်ရှိမှာ ဘယ်စမတ်ဖုန်းမှ လိုက်မမီနိုင်တဲ့နည်းပညာနဲ့ ဒေတာတွေကို အကောင်းဆုံးလုံခြုံမှုပေးထားတယ်လို့ သိရပါတယ်။

“ Apple ရဲ့ Touch ID ဟာ တော်တော်အသုံးဝင်ပေမယ့်၊ ဖုန်းထဲကဒေတာလုံခြုံရေးအပိုင်းမှာတော့၊ တစ်စုံတစ်ယောက်က lock screen ကို ကျော်ဝင်လိုက်နိုင်တာနဲ့ ဖုန်းထဲက သတင်းအချက်အလက်တွေကို စိတ်ရှိလက်ရှိကြည့်နိုင်ပြီဖြစ်ပါတယ်။ ယခုချစ်ပ်မှာတော့ protection နှစ်ဆင့်ကာပေးထားပြီး၊ အသုံးပြုသူက hide လုပ်ထားမှာ ဖုန်းထဲကဒေတာတွေကို မမြင်ရအောင်လုပ်ပေးမှာမဟုတ်ဘဲ၊ အကယ်၍ Android စနစ်တစ်ခုလုံး ဟက်ခံလိုက်ရရင်တောင် storage ထဲကဒေတာတွေကို လုံးဝမြင်ရမှာမဟုတ်ဘူးလို့ Gionee က ဆိုပါတယ်။

Gionee ဟာ မကြာသေးခင်က တရုတ်အီလက်ထရွန်းနစ်ပစ္စည်းမှတ်ပုံတင်အေဂျင်စီ TENAA မှာ M6 နာမည်နဲ့ ဖုန်းမော်ဒယ်သစ်တစ်မျိုးကို မှတ်ပုံတင်ထားခဲ့ပြီး၊ ဂျူလိုင်လ ၂၆ ရက်နေ့လောက် တရုတ်နိုင်ငံမှာ စတင်မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရရှိထားတဲ့သတင်းတွေအရ၊ Gionee ဟာ M6 အပြင် M6 Plus မော်ဒယ်ကိုပါ ထုတ်လုပ်သွားမှာဖြစ်ပြီး၊ M6 ထက် အရွယ်အစားပိုကြီးမှာ ဖြစ်ပါတယ်။

အတည်မပြုရသေးတဲ့အချက်အလက်တွေအရ၊ Gionee M6 ဖုန်းဟာ octa-core Qualcomm Snapdragon 652 ပရိုဆက်ဆာကို အသုံးပြုထားပြီး၊ RAM 4GB နဲ့ ဖုန်းတွင်း storage 32 GB ပါမယ်လို့ သိရပါတယ်။

မျက်နှာပြင်အားဖြင့် ၅.၅ လက်မအကျယ် 1080p AMOLED မျက်နှာပြင်ပါရှိမှဖြစ်ပြီး၊ ကင်မရာမှာတော့ 13 megapixel ကျောကင်မရာနဲ့ 8-megapixel ရှေ့ကင်မရာတို့ ပါဝင်မှာဖြစ်ပါတယ်။

Gionee က ထုတ်ပြန်ထားတဲ့ ကြော်ငြာအမြည်းပုံအရ Gionee M6 Plus ဟာ ဘက်ထရီ 6020mAh ဘက်ထရီ တောင် ပါဝင်မယ်လို့ သိထားရပါတယ်။

Ref: Phone Radar, Indian Expres