ဖုန်းအား သွင်းနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင် များကို Tommy Hilfiger မိတ်ဆက

ဖုန်းနှင့် tablet အပြင် iPod နှင့် လက်ကိုင်ဂိမ်းစက်များ အားကုန်သွားသည့်အခါ အားပြန်သွင်းပေးနိုင်မည့် နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို Tommy Hilfiger မှ မိတ်ဆက်ပေးခဲ့သည်။Tommy Hilfiger ၏ နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များတွင် ဆိုလာကုမ္ပဏီ Pvilion မှထုတ်လုပ်သည့် ဆိုလာပြားများကို အသုံးပြုထားသည်။ အမျိုးသားဝတ်နှင့် အမျိုးသမီးဝတ်များ အဖြစ် ထုတ်လုပ်ထားသည့် အဆိုပါ ဂျာကင်များတွင် ပါဝင်သော ဆိုလာပြားများသည် နေရောင်ခြည် စွမ်းအင်ကို ရယူကာ ဝတ်ဆင်သူ၏ gadget များကို အားပြန်သွင်းပေးမည် ဖြစ်သည်။အဆိုပါ ဂျာကင်များကို ရောင်စုံအကွက် ဒီဇိုင်းများဖြင့် ရရှိနိုင်ပြီး ရေစိုဒဏ်ခံနိုင်သလို ပြောင်းလွယ်ပြင်လွယ်ရှိသော ဆိုလာပြားများကိုလည်း အလွယ်တကူ ဖြုတ်နိုင်/တပ်နိုင်မည် ဖြစ်သည်။ ဂျာကင်၏ အရှေ့ဘက်အိတ်ကပ် တစ်ခုရှိ ဘက်ထရီနှင့် ချိတ်ဆက်ထားသည့် cable ကြိုးတစ်ခုတွင်USB port နှစ်ခု ပါဝင်သောကြောင့် ထုတ်ကုန်နှစ်ခုကို တစ်ပြိုင်နက် အားသွင်းနိုင်သည်။ဂျာကင်တွင် ပါဝင်သည့် ဘက်ထရီကို နေရောင်ခြည် စွမ်းအင်မှတစ်ဆင့် အားအပြည့်သွင်းထားသည့်အခါ ၎င်းဘက်ထရီက 1,500 mAh ထုတ်ကုန်တစ်ခုကို လေးကြိမ်အထိ အားသွင်းပေးနိုင်မည် ဖြစ်သည်။နေရောင်ခြည် စွမ်းအင်သုံး ဂျာကင်များကို အမေရိကန်ဒေါ်လာ ၅၉၉ ဖြင့် Tommy Hilfiger ဝက်ဘ်ဆိုက်နှင့် ကမ္ဘာမြောက်ဘက်ခြမ်းရှိ သတ်မှတ်ထားသော စတိုးများမှ ဝယ်ယူနိုင်မည် ဖြစ်သည်။ Ref: CNET

Related Posts