Meizu M5s အား တရားဝင်ကြေညာခဲ့ " ♫



မူလစီစဉ်ထားသည့်အတိုင်းပင် Meizu သည် M5s အား တရားဝင် ကြေညာသွားခဲ့ကြောင်း သိရသည်။ Meizu M5s သည် octa-core Cortex A53 processor အား သုံးစွဲထားပြီး 1.3 GHz မြန်နှုန်းရှိသည့် MediaTek MT 6753 chipset ဖြစ်ကြောင်း သိရှိရသည်။ 

အဆိုပါဖုန်းတွင် 5.2” ရှိ 720 p IPS display ပါဝင်သည်။ RAM 3 GB ဖြင့် ထောက်ပံ့ပေးထားပြီး ဖုန်းအတွင်းပိုင်း မှတ်ဥာဏ်ပမာဏမှာ 16 GB နှင့် 32 GB နှစ်မျိုးရွေးနိုင်မည်ဖြစ်ပြီး လိုအပ်ပါက micro SD ဖြင့် 128 GB ထပ်မံတိုးမြှင့်ခွင့်ရမည်ဖြစ်သည်။ Meizu M5s တွင် အဓိကကင်မရာမှာ 13 MP ဖြစ်ပြီး Phase Detection autofocus ကို သုံးထားကာ ရှေ့ဘက်တွင် 5 MP selfie ကင်မရာပါဝင်ကြောင်းတွေ့ရသည်။ ဖုန်းအတွက် 3000 mAh ဘက်ထရီသုံးစွဲပေးထားမှ 0 မှ 19% သို့ 10 မိနစ်အတွင်း အားသွင်းယူနိုင်သည်ဟု ကုမ္ပဏီမှ ဆိုထားသည်။ 

သတ္ထုကိုယ်ထည်ဖြစ်ကာ mTouch fingerprint scanner ကိုလည်း ထည့်သွင်းပေးထားပြီး dual-SIM ကတ်သုံးစွဲနိုင်ရုံသာမက VOLTE ကိုလည်း ထောက်ပံ့မှုပေးထားကြောင်း သိရသည်။ M5s အတွက် အနက်၊ ရွှေ၊ ငွေရောင်နှင့် rose gold တို့ကို ရွေးချယ်နိုင်မည်ဖြစ်သည်။ 16 GB အတွက် 115 ဒေါ်လာဝန်းကျင်ဈေးရှိပြီး 32 GB အတွက် 145 ဒေါ်လာဈေးရှိကြောင်း သိရှိရသည်။ 

Related Posts

OPPO အနေဖြင့် မြန်မာပြည်မိုဘိုင်းဈေးကွက်သို့ ထူးခြားကောင်းမွန်သည့် ထုတ်ကုန်သစ်တစ်ခုကို မိတ်ဆက်ပေးသွားရန်ရှိနေပြီး အဆိုပါထုတ်ကုန်သစ် မှာ လက်ရှိတွင် လူကြိုက်များထင်ရှားလှသည့် F1s Selfie ဘုရင်ဖုန်းကို အဆင့်မြှင့်တင်ပေးမည့်အမျိုးအစားဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ စမတ်ဖုန်းသစ်ကို F1s 2017 Version အမည်ဖြင့် မိတ်ဆက်ပေးလာမည် ဖြစ်ပြီး ဖုန်း၏စွမ်းဆောင်မှုအပိုင်းများမှာ လက်ရှိ F1s ထက် ပိုမိုမြန်ဆန်မှု ရှိစေမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ လက်ရှိထွက်ပေါ်ထားသော သတင်းများအရ F1s 2017 Version ဖုန်းတွင် RAM 4GB နှင့် ဖုန်းတွင်းသိုလှောင်မှု ROM 64GB အထိ တိုးမြှင့်ပါဝင်လာမှာဖြစ်ပြီး ယခင်အတိုင်း 2.5D ကွေးညွတ် မျက်နှာပြင်နှင့် Corning Gorilla Glass 4 တို့ ဖုံးအုပ်ပေးထားသည့် 5.5 လက်မ အရွယ်အစားရှိမည်ဖြစ်သည်။ အဆင့်မြှင့်တင်ပေးထားမည့် F1s 2017 Version ဖုန်းမှာ 4G ကွန်ရက်စနစ်ကို အပြည့်အ၀ ထောက်ပံ့ပေး ထားမည်ဖြစ်သလို SIM ကတ် 2 ခုကိုပါ တစ်ပြိုင်နက်တည်း ထည့်သွင်းအသုံးပြုနိုင်သည့်အပြင် သီးသန့် SD ကတ် စိုက်၍ အသုံးပြုနိုင်စေမည့် တတိယမြောက် slot ပေါက်ကိုပါ ထောက်ပံ့ ပေးထားမည်ဖြစ်သည်။  နောက်ဆက်တွဲသတင်းများအရ OPPO အနေဖြင့် ယခု F1s 2017 Version ဖုန်းကို ယခုဖေဖော်ဝါရီလမကုန်ခင်အချိန်မှာပင် ဈေးကွက်ထဲသို့ ပို့ဆောင်ပေးသွားရန်ရည်ရွယ်ထားပြီး အသေးစိတ် အချက်အလက်နှင့် ဈေးနှုန်းများကိုလည်း တစ်ပါတည်းကြေညာပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။  လက်ရှိတွင် F1s စမတ်ဖုန်းကို ဈေးကွက်ထဲတွင် 299,000 ကျပ်ဖြင့် ရောင်းချပေးလျက်ရှိပြီး စွမ်းဆောင်ရည်မြင့်မားသည့် Octa-core 1.5 မြန်နှုန်းရှိ CPU ၊ RAM 3GB ၊ Internal storage 32GB တို့ကို အသုံးပြုပေးထားပြီး ကင်မရာပိုင်းတွင် အထူးကောင်းမွန်သော 13MP နောက်ကင်မရာနှင့် 16MP ရှေ့ကင်မရာတို့ကို တပ်ဆင်ပေးထားသည်။