Telenor နှင့် myME တို့ပူးပေါင်း၍ လက်ဖက်ရည်ဆိုင်များရှိ ဝန်ထမ်းငယ်များအား ပညာသင်ပေးမည

တယ်လီနောတံဆိပ် ကပ်ထားသော လက်ဖက်ရည်ဆိုင်များရှိ ဝန်ထမ်းငယ်များအား ပညာသင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။အဆိုပါအစီအစဉ်ကို Telenor Myanmar နှင့် Myanmar Mobile Education Project(myME) တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လက်ဖက်ရည်ဆိုင်များတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၁၃ နှစ်မှ၁၆ နှစ် အရွယ်များအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ myME ၏ ရွေ့လျားစာသင်ခန်းများဖြင့် လိုက်လံ သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို ယခုလမှစတင်ကာ ဆောင်ရွက်လျက်ရှိပြီး တယ်လီနောတံဆိပ် ကပ်ထားသော ရန်ကုန်မြို့ရှိ လက်ဖက်ရည်ဆိုင် ဆယ်ဆိုင်နှင့် မန္တလေးမြို့ရှိ လက်ဖက်ရည်ဆိုင် ခြောက်ဆိုင်တို့တွင် စတင်သွားမည်ဖြစ်ကြောင်း သိရသည်။myME တွင် လက်ရှိရွေ့လျား စာသင်ခန်းသုံးခုရှိပြီး ဘက်စ်ကားအဟောင်းများကို စာသင်ခန်းအသွင်သို့ ပြောင်းလဲထားခြင်းဖြစ်ကြောင်း၊ ယင်းရွေ့လျားစာသင်ခန်းတစ်ခုတွင် ဆရာ၊ ဆရာမများ၊ လုပ်အားပေး သူများနှင့် စာသင်ကြားမှု အထောက်အကူပစ္စည်းများ အပါအဝင် ကျောင်းသား ၆၀ အထိ တစ်ပြိုင်တည်း သင်ကြားပေးနိုင်ကြောင်း၊ ဘက်စ်ကားပေါ်တွင် သင်တန်းတစ်ခု၊ ဘက်စ်ကားအပြင်တွင် သင်တန်းတစ်ခုနှင့် လက်ဖက်ရည်ဆိုင်အတွင်းတွင် သင်တန်းတစ်ခု သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။