Xiaomi မှ နောက်ထပ်ထွက်မည့် အဆင့်မြင့်ဖုန်းများတွင် MicroSD မသုံးတော့ဟုဆို


ကျွန်တော်တို့ဖုန်းတွေရဲ့စွမ်းရည်ကိုတစ်နည်းမဟုတ်တစ်နည်း ထိခိုက်နေလို့ဆုံးဖြတ်ရခြင်းဖြစ်ကြောင်း နိုင်ငံတကာရေးရာ Xiaomi ဒု ဥက္ကဌ ဖြစ်သူ Hugo Barra ကဆိုသည်။ 

ဆက်လက်ပြီး သူကပဲ အရည်အသွေး မမှီတဲ့ Memory Card တွေကိုဈေးကွက်မှာအများအပြားတွေရပြီး ဒီအရည်အသွေးမရှိတဲ့ပစ္စည်းများကြောင့် ဖုန်းဘက်ထရီကိုတိုက်ရိုက်ထိခိုက်ပြီး သိုလှောင် မှုကိုအခြားဖက်မှာMemory cardကိုအသုံးပြုသူကပိုမိုအားစိုက်အသုံးပြုခြင်းကြောင့် ဖုန်းဆော့ဖ်ဝဲများ Balance အနေအထားတွင်မရှိပဲ SD card ပေါ်မှယူဆောင်အသုံးပြုနေရသဖြင့်ရေရည်အသုံးချနိုင်ခြင်းမရှိသည်ကို iOS ကို Apple မှမည်ကဲ့သိုမောင်းနှင်ပြီး I Devices မျိုးစုံပေါ်အသုံးချနိုင်ခြင်းနှင့်နိုင်းယှဉ်ပြောကြားသွားပါသည်။

 Barra မှာ အသက် ၃၈ နှစ်အရွယ် ဘရာဇီးလူမျိုးဖြစ်သည်။ မန်ဆာချုးဆက်တက္ကသိုလ်မှနည်းပညာဘွဲ့ ရပြီး Google ၏ Android Department တွင်လုပ်ကိုင်ခဲ့ပြီးနောက် မှ Xiaomi သို့ပြောင်းရွေလာခဲ့ခြင်းဖြစ်သည်။

ယခု Android ဖုန်းများ ၏ဘက်ထရီပြသနာနှင့် Game အကြီးစားများအသုံးမပြုနိုင်ခြင်းအပေါ်အဖြေရှာ၍ပြောဆိုချင်းဖြစ်ပြီး အခြားDesign Team မှလည်း MicroSD. Card များ၏နေရာယူပုံမှာ နောက်လာမည်ဖုန်းများအတွက်အဆင်မပြေနိုင်ဟုယူဆသဖြင့်ဖော်ထုတ်ပြော

ဆိုချင်းဖြစ်ကြောင်း Barra ကဆိုသည်။

www.kkrappmyanmar.blogspot.com