မန်မာပြည်တွင် အင်တာနက် အသုံးပြုမှု များလာမှုနှင့် လူတို့ရဲ့ အသုံးပြုမှု အလေ့အထ



မြန်မာပြည်မှာ လက်ရှိတွင် အင်တာနက် အသုံးပြုသူ အရေအတွက်ဟာ ၇ သန်းကျော်ပြီ ဖြစ်ကြောင်း live data များက ဖော်ပြထားပါတယ်။ ဒါပေမယ့် တကယ် Active user များ အနေနဲ့ ခွဲကြည့်မယ် ဆိုရင် ၅ သန်းလောက်ပဲ ရှိမှာပါ။ အဓိကကတော့ သူက IP Address တစ်ခုကို လူတစ်ယောက်နှုန်းနဲ့ တွက်ထားတာကြောင့်ပါ။ တကယ်တမ်းကျတော့ လူတစ်ယောက်ဟာ IP Adress တစ်ခုစီ ပါဝင်တဲ့ ကွန်ပြူတာ ဆက်စပ် ပစ္စည်းပေါင်း အနည်းဆုံး ၂ ခုလောက် ရှိနေတဲ့ ခေတ်မို့လို့ ဖြစ်ပါတယ်။ စမတ်ဖုန်း လည်း နှစ်လုံးတွေ ရှိလာကြသလို၊ လပ်တော့လည်း ရှိပါတယ်။ ဒီတော့ ကျနော် တစ်ယောက်တည်းမှာတောင် ငါးခု ရှိပါတယ်။ အိမ်မှာ ကွန်ပြူတာ နှစ်လုံး၊ အမြဲ သုံး ဖုန်းနှစ်လုံးနဲ့ ရုံးမှာ သုံးရန် ကွန်ြပူတာက ၁ လုံးဆိုပြီးတော့ ရှိပါတယ်။ ယင်းအချက်အလက်ကို Kaymu မှ အွန်လိုင်း မားကတ် တာဝန်ရှိသူ တစ်ဦးမှ မျှဝေပေးခဲ့ခြင်း ဖြစ်ပါတယ်။ 

ဘယ်လိုပဲ ပြောပြော ၂ နှစ်အတွင်း အင်တာနက် အသုံးပြုသူ အရှိန်နဲ့ တိုးတက်လာတယ်ဆိုတာကတော့ ငြင်းမရပါဘူး။ အဓိကအားဖြင့် Ooredoo နဲ့ Telenor တို့လို ကုမ္ဗဏီက ဈေးသက်သာ ဆက်သွယ်ရေး ဖုန်းနံပါတ်များ ရောင်းချခြင်းကြောင့် ဖြစ်ပါတယ်။ အင်တာနက်ပါ ပါဝင်ပြီသား ဖြစ်ပြီး MPT, MEC တို့ပါ အပြိုင် ရောင်းချမှုကြောင့် ၂ နှစ်အတွင်း တိုးတက်မှုက လေးဆလောက် ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်ရဲ့ အင်တာနက် တိုးတက်မှုဟာ ဘာနဲ့တူသလဲဆို တိုးတက်နေတဲ့ ကမ္ဘာ့လောကထဲကို ခါးဆက်ကနေ ဝင်လာခြင်း ဖြစ်ပါတယ်။ အသင့်ရှိပြီးသား နည်းပညာနဲ့ ကုန်ပစ္စည်းများကို အသုံးပြုရန် အကြောင်းဖန် လာပြီး ဒါတွေနဲ့ နှီးနှောနိုင်မှု နည်းနေပါသေးတယ်။ ဒါကြောင့်မို့ လွယ်တကူ သုံးလို့ရတဲ့ Facebook တို့လို ဝဘ်ဆိုဒ်က လူသုံးအများဆုံး ဖြစ်လာပြီး အရေအတွက်ပေါင်း ၄ သန်းလောက်က ယင်း အပေါ်မှာ အချိန်တွေ ကုန်နေကြပါတယ်။ 

နည်းပညာ တိုးတက်မှုဟာ ဒေသတွင်းဆိုင်ရာ အကြောင်းအရာ နဲ့ အချက်အလက်များ တိုးတက်မှုလည်း လိုအပ် ပါတယ်။ လက်ရှိမှာ နိုင်ငံတကာက ဝဘ်ဆိုဒ်များ၊ နည်းပညာများ၊ အကြောင်းအရာများ၊ သတင်းအချက်အလက် များကို ပိုဆို စားသုံးနေရပြီး ဒါဟာ ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ပါဘူး။ အဓိကကတော့ Knowledge gap ကွာခြားမှုဖြစ်ပြီး Internet ကို Good အတွက် သုံးရန် မဟုတ်ပဲ  Bad အတွက် သုံးရန် ဘက်ကို ပိုလို့ အားသန်စေခဲ့ ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့ အမြဲပြောဖြစ်တာက လူတွေကို အင်တာနက် သုံးရန် wikipedia လို ဆိုဒ်မျိုးတွေ ကြည့်ပါ။ နိုင်ငံခြား သတင်းဆိုဒ်တွေ ဖတ်ပါ။ ဒါ့အတူ ပြည်တွင်းမှာ ရှိနေတဲ့ ဆိုဒ်များကိုလည်း ဖတ်ပါ တို့ ဖြစ်ပါတယ်။ ဒါ့အပြင် အွန်လိုင်းပေါ်ကနေပါ ပညာတွေ သင်ကြားတတ်အောင်လည်း တိုက်တွန်းရပါ သေးတယ။် 

ဒါ့အပြင် အင်တာနက် ကို ဖျော်ဖြေရေးနဲ့ ပညာရေးအတွက် သုံးရုံတင် မကပဲ စီးပွားရေးအတွက်ပါ အသုံးပြုလာနိုင်စေဖို့အတွက် စာရေးသူတို့မှ ပိုလို လိုလား ပါတယ်။ ဒါမှလည်း နိုင်ငံတကာကို ယှဉ်နိုင်မှာမို့ ဖြစ်ပါတယ်။ နိုင်ငံတကာက pay per click ဝဘ်ဆိုဒ်များ ဝင်ရောက်လာပြီး ဒါတွေကို တကယ်လည်း အကျိုးရှိရှိ အသုံးမချနိုင်ပဲ အလိမ်ခံနေရတဲ့ လူငယ်များလည်း ရှိပါတယ်။ အဓိကကတော့ အွန်လိုင်း ငွေးပေးစနစ် မလွယ်ကူသေးတာကြောင့်လည်း ပါဝင်ပါတယ်။ ဒါကြောင့်မို့ ကျနော့အနေနဲ့ အွန်လိုင်းပေါ်မှာ ငွေရှာချင်သူများကို အကြံပေးချင်တာကတော့ အွန်လိုင်း ဈေးဆိုင်လေးတွေ စမ်းသပ် ဖွင့်စေဖို့ပဲ ဖြစ်ပါတယ်။ Facebook ပေါ်မှာ ရောင်းနေရုံတင် မကပဲ ဝဘ်ဆိုဒ်တွေပေါ်မှာပါ ရောင်းတတ်စေအောင် သင်ပေးပါတယ်။ ဥပမာ အားဖြင့် အွန်လိုင်း ဈေးရောင်းဈေးဝယ် ဝဘ်ဆိုဒ်တို့မှာ အကောင့်ဖွင့်လို့ စမ်းသပ် ရောင်းချခိုင်းစေတာမျိုး ဖြစ်ပါတယ်။ ဒါကလည်း တစ်ပိုင်တစ်နိုင် ငွေဝင်စေမယ့် နည်းဖြစ်တာကြောင့်ပါ။ အွန်လိုင်းပေါ်ကနေ လေ့လာစရာရှိတာ လေ့လာပြီး Offline life မှာ ပြန်လည် အသုံးချတာမျိုးကိုလည်း အားပေးသလို၊ အွန်လိုင်းမှာ ဘလောဂ်များ ဖန်တီးရေးသားခြင်းကလည်း ကောင်းတဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ သူကလည်း မိမိအတွက် အခွင့်အလမ်း များကို တိုးစေ ပါတယ်။ ဒါကြောင့်မို့ လူငယ်များ အနေနဲ့ အင်တာနက် အကျိုးရှိရှိ အသုံးချတတ်လာမယ်လို့ မျော်လင့်ပါတယ်။




**Step-1အောက်က Download Button


**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။


**Step-4 Download Linkကျလာပါလိမ်းမယ်။


*အဆင်ပြေပါစေဗျာ။


Downloadအဆင်မပြေရင် 


ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း   www.kkrappmyanmar.blogspot.com


www.aznewsdevoloper.blogspot.com