မိုဘိုင်း Internet Plan နှင့် ပတ်သက်၍ အဆင်မပြေမှု တချို့ တွေ့ကြုံ

မိုဘိုင်း Internet Plan တစ်ခု မကုန်ဆုံးခင် Internet Plan တစ်ခု ထပ်မံဝယ်ယူသည့်အခါ Data ဖြတ်တောက်မှု အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု Ooredooအသုံးပြုသူတစ်ဦးက ပြောသည်။“1GB Plan ဝယ်ထားတာ 279 MB ကျန်သေးတယ်။ 5GB Plan မှာ ပရိုမိုးရှင်းတွေပေးတယ်ဆိုပြီး Ooredoo က Marketing ဆင်းတော့ အရင်ဟာမကုန်ခင်မှာ ဝယ်လိုက်မိတယ်။ သုံးလည်းသုံးရော အရင်ကျန်တဲ့ 279MB ကို Data မဖြတ်တော့ဘူး” ဟု Ooredoo အင်တာနက်လိုင်း အသုံးပြုသူက ဆိုသည်။Internet Data Plan နှင့် ပတ်သက်၍ နည်းစနစ်အရ Data အနည်းကိုသာ စတင်ဖြတ်တောက်ခြင်းဖြစ်ပြီး Data အများကို နောက်မှ ဖြတ်တောက်ခြင်းဖြစ်ကြောင်း၊ Data အများကို စတင်ဖြတ်တောက်ခြင်းရှိခဲ့ပါက ပြန်လည်စစ်ဆေးရမည်ဖြစ်ပြီး အသုံးပြုသူကိုယ်တိုင် ဆက်သွယ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း Ooredoo ၏ Call Center မှ တာဝန်ရှိသူများက ဆိုသည်။“Call Center ကို ဆက်တော့လည်း ညပိုင်းသမားတွေက အဆင်မပြေဘူး။ System ကြောင့်လို့ပဲ ပြောတယ်။ လက်ကျန် 279MB က ဒီလ ၁၃ ရက်နေ့ဆိုရင် Date ကုန်သွားပြီ။ ဒီတော့ အသုံးပြုသူ နစ်နာတာပေါ့။ ဘာမှအကြောင်းကြားခြင်းမရှိဘဲ ဒီလိုဖြတ်တာတော့ မကောင်းဘူးထင်တယ်” အထက်ပါ အင်တာနက်လိုင်း အသုံးပြုသူက ပြောသည်။

kkrappmyanmar.blogspot.com