Ramadhan Handbook V1.3

Ramadhan Handbook Android App (ရမဿွန် လက်စွဲ) KKRappmyanmar Android ပရောဂျက်---------------------------------------------------------KKRappmyanmar မြန်မာမွတ်စလင် ကျောင်းသားလူငယ်များအဖွဲ့မှ ဝါသနာရှင်များ ဖွဲ့စည်းထားသော KKRappmyanmmar Android Group ၏ ဒုတိယမြောက် ပရောဂျက် အဖြစ် “Ramadhan Handbook” application ဖြစ်ပါသည်။-၂၀၁၂ ခုနှစ် ဇူလိုင်လတွင် စတင်ဖြန်ချီခဲ့ခြင်းဖြစ်ပြီး မသိရှိသေးသူများအတွက် ပြန်လည် မိတ်ဆက်ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။-၄င်း application သည် Android ဖုန်း/tablet အသုံးပြုသော မြန်မာမွတ်စလင်မ်များ အတွက် ရည်ရွယ်၍ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း၊မြန်မာဖောင့် ကို app အတွင်း ထည့်သွင်း (embed) လုပ်ထားသည့်အတွက် ဖုန်းထဲတွင် မြန်မာစာ မသွင်းထားလျှင်လည်း application တွင်မြန်မာစာဖြင့် ဖတ်၍ ရမည်ဖြစ်သည်။-လမြတ်ရမ်ဇာန်၊ ရိုဇဟ်ဥပုသ်၊ အိသိကားဖ်၊ တရာဝီဟ်နမာဇ်၊ ကဒရ်ညဥ့်မြတ် စသည်တို့နှင့် သက်ဆိုင်သည်များကို လက်လှမ်းမှီသမျှကျမ်းကိုးများမှကောက်နှုတ်တင်ပြထားသည်။-အဆိုပါ application အတွင်းပါဝင်သော အခန်းကဏ္ဍများမှာ --(၁) လမြတ်ရမဿွာန်နှင့် ရိုဇာဟ် ဥပုသ်ဆိုင်ရာ ထူးမြတ်မှုများ-(၂) ဝါချည်ခြင်းနှင့် ဝါဖြေခြင်းရိုဇဟ်ထားရန် နီယသ်ပြုခြင်းစဲဟ်ရီ ဝါချည်ခြင်းအိဖ်သာရီ ဝါဖြေခြင်း-(၃) ရိုဇဟ်ဥပုသ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များရိုဇဟ်စောင့်ထိန်းရာမှ ခွင့်လွှတ်ချက်ရှိသူများရိုဇာဟ် ပျက်စေသော အရာများကဿွာရိုဇဟ်များ၏မတ်စ်အလဟ်များရိုဇဟ်၏ ကသ်သွာနှင့် ကဖ်ဖာရဟ်၏ မတ်စ်အလဟ်များဖစ်ဒ်ယဟ်နှင့် ၎င်း၏ မတ်စ်အလဟ်ကိုးထားသော ရိုဇဟ်များနှင့်၎င်း၏ မတ်စ်အလဟ်ရိုဇဟ်ကို မကရူဟ်ဖြစ်စေသော/မဖြစ်စေသော အချက်များအမျိုးသမီးများနှင့် ပတ်သက်သည့် မတ်စ်အလဟ်များ-(၄) ဝါချည်/ဝါဖြေ နိယသ် နှင့် အခြားဒိုအာများ(၅) တရာဝီဟ် နမာဇ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ(၆) ကဒရ်ညမြတ်(၇) သတ်စ်ဗီးဟ် နမာဇ်(၈) အိအ်သိကာဖ်ဆိုင်ရာ မတ်စ်အလဟ် ပညတ်ချက်များ တို့ဖြစ်ကြပါသည်။-Ramadhan Handbook (ရမဿွန် လက်စွဲ) Androidapp ကို

Google Play Store  Download

                                    Download

ဒေါင်းလုတ်လုပ်၍သွင်းနိုင်ပါသည်။-ဤ “ရမဿွာန်လက်စွဲ”application သည် ရမဿွာန်လနှင့် သက်ဆိုင်သော ကောင်းနိုးရာရာ စာပေများကို လက်လှမ်းမှီသလောက် စုစည်း တင်ပြထားခြင်း ဖြစ်ပါသည်။-ကျမ်းကိုးများကို သက်ဆိုင်ရာ ကဏ္ဍအောက်တွင် ဖော်ပြထားသည်။ ဤ application သည် kkrappmyanmar မိသားစုဝင်များ စုပေါင်းဆောင်ရွက်နေသော ပရောဂျက်များမှ တစ်ခုဖြစ်ပြီး ကမ္ဘာအနှံ့ရှိ မြန်မာမွတ်စလင်မ်များ ရမဿွာန်လနှင့် သက်ဆိုင်သော ကျမ်းကိုးများကို အလွယ်တကူ မှီငြမ်းနိုင်ရန်အလို့ငှါ လက်လှမ်းမှီသမျှစုစည်းထုတ်ဝေခြင်းဖြစ်ပါ၍ မူရင်း စာအုပ်ရေးသားသူ/ဖြန့်ချီသူများထံတစ်ဦးချင်း လိုက်လံ ခွင့်မတောင်းနိုင်သည်ကို နားလည်ပေးစေလိုပါသည်။-အမှားအယွင်း တစ်စုံတစ်ရာတွေ့ရှိပါက (သို့) ဝေဖန်အကြံပြုလိုပါက contact@kkrappmyanmar.org သို့ အီးမေးလ်ပို့ဆက်သွယ်နိုင်ပါသည်။