အဖြုတ်အတပ် ရတဲ့ Google စမတ်ဖုန်း ၂၀၁၆ မှ ထွက်မည

အစိတ်အပိုင်းများကို ကလေးကစားစရာ တစ်ခုပမာ အဖြုတ်အတပ်လုပ်လို့ ရတဲ့ Google ရဲ့ Modular Smartphone ကို သိတဲ့သူများ သိကြမှာပါ။ Project Era လို့ အမည်ပေးထားတဲ့ project မှ ထွက်ရှိလာတဲ့ စမတ်ဖုန်း ဖြစ်ပြီး ထူးခြားချက် အနေနဲ့ အစိတ်အပိုင်းအားလုံးကို
အဖြူတ်တတ်ရခြင်း ဖြစ်ပါတယ်။ဖန်သားပြင်နောက်ကွယ်မှာ ရှိတဲ့ Processor, RAM, ကင်မရာ အစရှိသဖြင့် တစ်ခုစီတို့ဟာ ဖြုတ်ထားလို့ ရပြီး အသစ်အစားထိုးချင်လည်း ရပါတယ်။ အကယ်၍ အသစ်တွေပေါ်တဲ့အခါ ဖုန်းတစ်လုံးလုံး အသစ် ဝယ်မယ့်အစား ကင်မရာပဲ ဝယ်နိုင်သေးရင် ကင်မရာ အပိုင်းလေး အရင်ဝယ်လို့ တပ်ဆင်တာမျိုးတို့ ပြုလုပ်လို့ရ မှာ ဖြစ်ပါတယ်။ ဖုန်းကို အဆင့်မြင့် စမတ်ဖုန်း အတန်းစား တစ်ခုတည်း ဝင်အောင် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဘက်ထရီ၊ ကင်မရာ အရည်အသွေး၊ Display အစရှိသဖြင့် လုပ်ဆောင်ချက် အားလုံးတို့က နောက်ဆုံးပေါ်တွေချည်း ဖြစ်မှာ ဖြစ်ပါတယ်။Google Modular Phone ကို ယမန်နှစ်က သတင်းစတင်ထွက်ရှိပြီး ယခုနှစ်မှာ တကယ့်လက်တွေ့ အသုံးပြု ပြသမှုကြောင့် လူအများအပြား စိတ်ဝင်စားခဲ့ပြီး ကနဦး သတင်းကတော့ ယခုနှစ်အတွင်း ထွက်ရှိမှာ ဖြစ်ပါတယ်။ ယခု သတင်း အသစ်အရကတော့ ၂၀၁၆ ရောက်မှသာ ဈေးကွက်ကို စတင်ဖြန့်ချိ နိုငချေ ရှိကြောင်း သိရ ပါတယ်။ ဈေးနှုန်းကတော့ Android စမတ်ဖုန်း အမြင့်တစ်လုံး ဈေးဝန်းကျင်လောက် ရှိမှာ ဖြစ်ပါတယ်။
www.facebook/group kkrappmyanmar
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား 
မောင်အောင်မြည်ဇော်(နည်းပညာ)
!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!
ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။
(kkrappmyanmar) SMS ပိုပေးပါ
®®®®®®®®®®®®®®®®®
    (မောင်းအောင်မြည်းဇော်)
   •°•°×•°•°•×°•°•°•×°•°•°•
{{Arakan.BTD နည်းပညာ}}
&&&&&&&&&&&&&&&&&