Huawei နဲ့ ပေါင်းထုတ်တ

ပုံမှာ မြင်တွေ့ရတဲ့ ဖုန်းဟာ Google Nexus ရဲ့ စမတ်ဖုန်း အသစ် ဖြစ်ကြောင်း အင်ဒိုနီးရှားမှ နာမည်ကြီး နည်းပညာ ဘလော့ဂါ တစ်ဦးက ရေးသားဖော်ပြခဲ့ ပါတယ်။ပုံမှာမြင်တွေ့ရပုံအတိုင်းဆိုရင် အများစု သိထားကြသလို အလူမီနီယံ ဘော်ဒီ ဖုန်း ဖြစ်လိမ့်မှာ မဟုတ်ပါဘူး။ ထူးခြားချက် အနေနဲ့ ကင်မရာ အောက်မှာ လက်ဗွေသုံးတဲ့ Fingerprint scanner ပါပါတယ်။ ကင်မရာဘေးမှာ ပါတာက Dual LED Flash ဖြစ်ပြီး Laser LED ဖြစ်တာကြောင့် focus အပိုင်း ကို များစွာ အထောက်အကူ ပြုပါတယ်။ RAM 3GB, Quad HD Display 564ppi ပါဝင်ပြီး USD C-Port ကိုအသုံးပြုထားကြောင်း ဆိုပါတယ်။ Snapdragon 808 processor ကို အသုံးပြုထား ပါတယ်။Huawei နဲ့ ထုတ်တဲ့ အလုံးကို အရွယ်ကြီး ဖုန်း၊ LG နဲ့ ထုတ်တဲ့ အလုံးကို အရွယ်သေးဆုံး ဆိုပြီးတော့ နှစ်မျိုးနှစ်စား ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အနေနဲ့ LG က အနည်းငယ် သက်သာလိမ့်မယ် ဖြစ်ကြောင်း ဆိုပါတယ်။ စက်တင်ဘာလဆန်း အတွင်းမှာ တရားဝင် သတင်းများ ကြားသိရမှာ ဖြစ်ပါတယ်။

kkrppamyanmar.blogspot.com