ဖုန်းတစ်လုံးကို ဘယ်လိုအချက်လက်တွေကြည့်ပြီး ဘယ်လိုဝယ်ရမလဲ

ဒီပို့စ်ကို Android Knowledge နည်းသူများအတွက်ရည်ရွယ်ပြီးရေးပါတယ်.. နောက်ပြီးဖုန်းတစ်လုံးကို ဘယ်လိုဝယ်ရမလဲ ဆိုတာလဲစဉ်းစားတတ်စေချင်တဲ့စေတနာလဲပါပါတယ်

CPU - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်နိုင်စွမ်းပါ.. အမျိုးအစားတွေကတော့
Single Core -(စွမ်းဆောင်ရည်တစ်ဆ)
Dual Core - ၂ဆ
Quad Core - ၄ဆ
Octa Core - ၈ဆ
အဲ့မှာမှ Unit ကတော့ကွဲပြားပါလိမ့်မယ် Quad Core ချင်းတူတာတောင် မြင့်တာနှိမ့်တာထပ်ကွဲပါ လိမ့်မယ်.. Unit ကိုတော့ Mhz နဲ့ Ghz ဆိုပြီခေါ်ပါတယ် (1000Mhz = 1Ghz)

RAM - ဖုန်းတစ်လုံးရဲ့လုပ်ဆောင်ချက်တွေကိုယာယီသိမ်းဆည်းပေးတဲ့ Memory ပါ.. ဥပမာ Facebook ကိုသုံးရင်ထွက်လိုက်တယ်.. ခဏနေပြန်ဝင်ရင် ကိုယ်သုံးနေတဲ့နေရာပြန်ရောက်တယ် ဒါတွေက RAM လုပ်ဆောင်ချက်ပါ.. RAM က CPU နဲ့တိုက်ရိုက်ချိတ်ဆက်ပါတယ်.. CPU မြင့်လေ RAM များများလိုလေပါပဲ.. RAM အမျိုးအစားတွေကတော့ (128/256/512MB, 1/2/3/4GB) ရှိပါတယ်.. RAM ဆိုတာ သီချင်း ဂိမ်း ဒေတာသွင်းလို့မရပါဘူး Internal Memory Unit နဲ့တူတဲ့အတွက် အချို့လူတွေအယူလွဲတတ်ကြပါတယ်..

ROM (or) Internal Storage - ဖုန်းရဲ့နဂိုပါတဲ့ Memory ပါ.. ROM နည်းရင် ခဏလေးနဲ့ Low on Storage Space နဲ့ကြုံတွေ့ရပြီး အချို့ဖုန်းမှာ အလိုလို Storage Space ရှင်းဖို့ Software တက်လာတာကြုံရပါမယ် Android 4 အထက်ပါတဲ့တန်ဖိုးနည်းဖုန်းတွေမှာ ပိုဆိုးပါလိမ့်မယ်.. ဖြစ်နိုင် ရင်တော့ External SD ကဒ်ဆိုက်ပြီး Phone နဲ့တိုက်ရိုက်ချိတ်ဆက်မှုမရှိတဲ့ mp3, mp4, ဓာတ်ပုံ, APK ဖိုင်များကို Ext SD ထဲကို ရွေ့ (or) ထည့်ပါ..

Camera - Megapixel (MP) ဆိုတဲ့ Unit နဲ့ တိုင်းတာပါတယ်.. လက်ရှိအချိန်မှာ Back Camera 8MP ဆိုရင် အသင့်သင့်သုံးလို့ကောင်းတဲ့အချိန်မှာရှိပါတယ်.. မှတ်ရမှာတစ်ခုက MP များလေ ပုံဆိုဒ်ကြီးပြီး Storage Space စားစေပါတယ်..

Battery - mAh နဲ့တိုင်းတာပါတယ်.. သင့်ဖုန်း Battery ကိုထုတ်ကြည့်ရင်တွေ့ရပါလိမ့်မယ်.. mAh များလေ Battery ကြာကြာသုံးခံလေပါပဲ.. e.g (S4 battery = 2600mAh)

Network - နောက်ပိုင်း SIM ၂ကဒ်သုံးလို့ရတဲ့ဖုန်းတွေများလာပါတယ်.. အမျိုးအစားတွေကတော့
CDMA + GSM = ဆိုရင် GSM က Ooredoo သုံးမရပါဘူး

WCDMA + GSM = WCDMA မြင်တာနဲ့ 3G Support လုပ်တဲ့အတွက် Ooredoo , MPT, Telenor ကြိုက်ရာသုံးနိုင်ပါတယ်.. GSM ကတော့ 2G သာ Support လုပ်လို့ MPT, Telenor ပဲရပါမယ်
WCDMA + WCDMA = Ooredoo ၂ကဒ်လုံးသုံးနိုင်ပါတယ်.

**Step-1အောက်က Download Button
**Step-2"5sec"လောက်စောင့်ပေးပါ။
**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။
**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။


Downloadအဆင်မပြေရင် ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း   www.kkrappmyanmar.blogspot.com

www.azdevoloper.blogspot.com

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

မောင်အောင်မြည်ဇော်(နည်းပညာ)

ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

    (မောင်းအောင်မြည်းဇော်) (Arakan နည်းပညာ) 

1 မှတ်ချက်:

Informasi tentangharga Samsung S8 Indonesia memang selalu dicari, dan referensi dari supercashdeal id membantu pembaca menemukan penawaran yang masih relevan. Blog ini sangat bermanfaat bagi siapa pun yang ingin membandingkan harga, mengecek kondisi pasar, dan memastikan mereka mendapatkan smartphone terbaik sesuai kebutuhan, serta memberikan panduan sebelum membeli perangkat baru. Supercashdeal