1 Year Official Warranty နှင့် ဝင်ရောက်လာခဲ့သော Honor 6 Plus (PE-TL10) Model ကို 32GB/ RAM 3GB version၊ အရောင် အနေဖြင့် အဖြူရောင်နှင့် အနက်ရောင် ရရှိနိုင်ပါပီ။
Limited Stock Promo Price - 410,000
မြန်မာနိုင်ငံလို network လိုင်းပေါင်းစုံ ကိုင်ဆောင်ထားမှ Always available ဖြစ်နေရန်အတွက် Dual SIM version ဖြစ်နေတာ တစ်ချက်က အတော်လေးကို အဆင်ပြေစေပါတယ်။ Slot 2 ကတော့ Optional SIM or MicroSD ဖြစ်နေပေမဲ့ Internal 32GB version တွေဖြစ်တဲ့ အတွက် SIM ကိုပဲ ဦးစားပေးအနေနဲ့ထည့်ဖြစ်ကြမယ်ထင်ပါတယ်။
Design အနေနှင့် iPhone Design ယူထားပီးတော့ ရှေ့နှင့် နောက်ကို Glass သုံးထားပီးတော့ Metal Frame Design သုံးထားပါတယ်။ လှပသေသပ်ပီး 7.5mm အထူရှိပါတယ်။ Back Glass Screen မှာလဲ Huawei Logo အစား Honor Logo သာပါဝင်ပါတော့တယ်။
Screen Size အနေနှင့် 5.5" ရှိပီး Screen To Body Ration 73.2% ရှိတဲ့ အတွက် ကြောင့် ကျစ်ကျစ်လစ်လစ် ရှိပီး 1080x1920 pixels Full HD Display ကို အသုံးပြုထားပီး 401ppi display ဖြစ်တာကြောင့် ရုပ်ထွက် ပြတ်သားကြည်လင်ပါတယ်။ Camera အနေနဲ့ HTC မှာ စတင်အသုံးပြုခဲ့ဖူးတဲ့ Dual 8MP, Dual LED Flash ပါဝင်တာကြောင့် Focus ဖမ်းတာ နဲ့ အလင်းအမှောင် ပိုမို မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်တဲ့အတွက်ကြောင့် ပုံထွက် ပိုကောင်းပါမယ်။ Front Camera ကလဲ 8MP ဖြစ်တဲ့အတွက်ကြောင့် Selfie ရိုက်တဲ့နေရာမှာလဲ အထူးကောင်းမွန်ပါမယ်။
Performance ပိုင်းကို အသားပေးလာတဲ့ ခေတ်မှာ Huawei ဖုန်းတွေမှာ နောက်ပိုင်း အသုံးများလာတဲ့ Hisilicon Kirin 925 Octacore Processor ကိုအသုံးပြုထားပီး RAM 3GB ပါဝင်တဲ့အတွက် Android OS version 4.4.2 မှာ UI လှပပီး Privacy function များပါဝင်တဲ့ Huawei ရဲ့ Emotion UI 3.0 နဲ့တွဲဖက်ပီး ကောင်းမွန်စွာ လုပ်ဆောင်ပေးနိုင်မှာပါ။
Battery အနေနဲ့ ကတော့ Built-in Battery ဖြစ်ပီးတော့ 3600mAh ရှိပါတယ်။
အချုပ်နေနဲ့ ပြောရရင်တော့ iPhone လို Design အသုံးပြုထားပီး HTC ရဲ့ ကောင်းမွန်တဲ့ Dual Camera၊ Samsung လို Dual Flash တွေကို အကောင်းမွန်ဆုံးပေါင်းစည်းထားတယ်လို့ပြောလို့ ရပါတယ်။