ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ကုမ္ပဏီ ၁၀ ခုရှိပြီးဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး၍ လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ စိ စစ်ဆောင်ရွက်ပြီး၍ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင် ထုတ်ပေးခဲ့သော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများ ၁၀ ခုအထိ ထုတ်ပြန်ထားပြီး ဆက်လက်လျှောက်ထားလာသော ပြည်တွင်း၊ ပြည်ပကုမ္ပဏီ များအား စိစစ်၍ လိုင်စင်များ ထုတ်ပေးနိုင်ရန် ဆောင် ရွက်လျက်ရှိကြောင်း ပြောကြားထားသည်။လိုင်စင်ထုတ်ပေးခဲ့သော ကုမ္ပဏီများမှာ Ooredoo Myanmar Limited, TelenorMyanmar Limited, Shwe Than Lwin Media Co.,Ltd, Eager Communications Group Co.,Ltd, Global Technology Co.,Ltd, Myanmar Fiber Optic Communication Network Co.,Ltd, Pan Asia Majestic Eagle Co.,Ltd, Digicel Myanmar Tower Company, Irrawaddy Green Towers Ltd, Apollo Towers Myanmar Ltd တို့ဖြစ်ကြောင်း ထုတ်ပြန်ထားသော စာရင်းအရ တွေ့ရသည်။လိုင်စင်ခွင့်ပြုသည့် ရက်အနေဖြင့် ၃.၂.၁၅. ရက်စွဲအထိ နောက်ဆုံးတွေ့ရသည်။ ခွင့်ပြုခဲ့သည့် လိုင်စင်အမျိုး အစားများအနေဖြင့် Nation Telecommunications လိုင်စင်, Network Facilities Service (Individual) လိုင်စင်၊ Network Facilities Service (Class) Application Service လိုင်စင်၊ Network Facilities Service (Class) လိုင်စင် စသည်တို့ပါဝင်ကြောင်း တွေ့ရသည်။
Subscribe to:
Post Comments (Atom)