Intel နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ပူးပေါင်း၍ Tablet ထုတ်မည

မြန်မာစီးပွားရေးလုပ်ငန်းရှင် တစ်ဦးသည် Tablet ထုတ်လုပ်ရာ တွင် Intelနည်းပညာ အသုံးပြုရန် ကမ်းလှမ်းမှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း Intel မှ တာဝန်ရှိသူ Ms. Chantana Suwannawong က ပြောသည်။“ဆက်သွယ်ထားတာရှိတယ်။ မကြာခင် လာမှာပေါ့။ Intel အနေနဲ့ ရောက်တဲ့နိုင်ငံတိုင်းမှာ လုပ်ငန်းတွဲ လုပ်တဲ့အကျင့် ရှိတယ်” ဟု Ms. Chantana Suwannawong က ဆိုသည်။ Tablet ပူးပေါင်း ထုတ်လုပ် မည့် မြန်မာစီးပွားရေးလုပ်ငန်း အမည်ကို Intel အနေဖြင့် ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိသော်လည်း မကြာခင်၌ ထုတ်လုပ်သွားရန် စီစဉ်ထားသည်ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံ၌ စက်ရုံ လာရောက် တည်ဆောက်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် Intel အနေဖြင့် စဉ်းစားထားခြင်း မရှိသော်လည်း မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းများနှင့် ပူးပေါင်း၍ Mobile Device များကို Intel နည်းပညာ အသုံးပြုပြီး ဒီဇိုင်း သစ်များအနေဖြင့် ထုတ်လုပ်သွားရန် အစီအစဉ်များရှိသည်ဟု သိရသည်။Intel ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူက ၂၀၁၄ ခုနှစ်အတွင်း Tablet ပေါင်း သန်း ၄၀ ၌ Intel Chip များ ထည့်သွင်းအသုံးပြုရမည်ဟု ပြောဆိုထားပြီး လက်ရှိအချိန်၌ Tablet ပေါင်း သန်း ၃၀ တွင်Intel Chip များ ထည့်သွင်းအသုံးပြုပြီး ဖြစ်သည့်အတွက် နှစ်ကုန်ပိုင်း၌ ကြွေးကြော်ထားသည့် ပမာဏအတိုင်း သန်း ၄၀ သို့ ရောက်ရှိလာမည် ဖြစ်ကြောင်း Ms. Chantana Suwannawong က ဆိုသည်။တန်ဖိုးနည်း Smart Phone နှင့် Tablet များကို ထောက်ပံ့ပေးနိုင်သည့် SoFIA ကို Intel မှ စင်ကာပူတွင် ဖန်တီးတည်ဆောက်ခဲ့ကြောင်း၊ အဆိုပါ SoFIA နည်းပညာသည် စတင်ထိုးဖောက်ဆဲ ဈေးကွက်များ အတွက် သင့်တင့်သောေ ဈးနှုန်းဖြင့် မိုဘိုင်းချိတ်ဆက်မှုကို ပေးစွမ်းနိုင်ရန် အဓိကနေရာမှ ပါဝင်လာမည်ဟု Intel က သတင်းထုတ်ပြန်ထားသည်။ နိုင်ငံပေါင်း ၁၅၀ ရှိ Tablet ဒီဇိုင်းပေါင်း ၂၅၀ ကျော်တွင် Intel နည်းပညာများကို အသုံးပြုလျက်ရှိပြီး Strategy Analytics ၏ အမှတ်ပေးမှုအရ Tablet များအတွက် Processor ထုတ်လုပ်သော ကုမ္ပဏီများတွင် Intel အနေဖြင့် ဒုတိယနေရာ၌ ရပ်တည်ခဲ့သည်ဟု သိရသည်။