MPTအနေဖြင့် ဖုန်းပြောခများအပါအ၀င် ၎င်းတို့၏၀န် ဆောင်ခများအားလုံးကို ဒီဇင်ဘာမကုန်မီ လျှော့ချပေးသွားရန် စီစဉ်နေကြောင်း မြန်မာ့ ဆက် သွယ်ရေး လုပ်ငန်း၊ စီးပွားရေးဌာနမှ သတင်းရရှိသည်။
‘‘မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိပေးနေတဲ့ဝန်ဆောင်မှု အားလုံးကို ပြည်သူတွေသက်သက် သာသာနဲ့ သုံးနိုင်မယ့် နှုန်းထား တစ်ခု အထိလျှော့ ချပေးသွားမှာပါ။ ဒီဇင်ဘာမကုန်ခင်မှာ လျှော့ချသွားဖို့ စီစဉ်နေပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းစီးပွားရေးဌာနမှ ဒါရိုက်တာဦးစောထူး သာ ကပြောသည်။
MPTကလျှော့ချပေးသွားမည့် ၀န်ဆောင်မှုများမှာ ဖုန်းပြော ခများ၊ အင်တာနက် အသုံးပြုခများနှင့် ဆင်းမ်ကတ် ၀ယ်လျှင် ကျပ်တစ်သောင်းဖြင့် အင် တာနက်လျှောက်ရသည့် ၀န်ဆောင်မှုများပါဝင်ပြီးအခြားသော ၀န်ဆောင်ခများကိုလည်းလျှော့ချပေး သွားမည်ဖြစ်ပြီးဈေးနှုန်း အတိအကျကို တရား ၀င် ထုတ်ပြန်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ဖုန်းပြောခတစ်မိနစ်လျှင် ကျပ်၅၀နှင့် SMSတစ်စောင်လျှင် ၂၅ ကျပ်နှုန်းကောက်ခံ လျက်ရှိပြီး ပြည်ပအော် ပရေတာနှစ်ခု က ဖုန်းပြောခ တစ်မိနစ်လျှင် ၂၅ကျပ်နှင့် SMSတစ်စောင်လျှင် ၁၅ ကျပ်နှုန်းဖြင့် ကောက်ခံ လျက်ရှိသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် နိုင်ငံတစ်ဝန်း တွင် ဆင်းမ်ကတ်ပေါင်း ၁၄သန်းဝန်းကျင် အထိ ရောင်းချပေး ထားပြီး အဆိုပါ အရေ အတွက် မှာ ပြည်တွင်း၌ မိုဘိုင်းဖုန်း အသုံး ပြုသူအားလုံး ၏ ၉၀ရာခိုင်နှုန်းကျော်ခန့် ရှိကြောင်းအော်ပရေ တာများ၏ ထုတ်ပြန်မှုစာရင်း များ အရသိရ သည်