HTC 10 တွင် 12MP UltraPixel ကင်မရာနှင့် BoomSound စပီကာများပါဝင်လာ ♫



HTC 10 တွင် pixel ပိုမိုကြီးမားသော 12MP UltraPixel အမည်ရ sensor ပါဝင်လာသည်။ ထို့အပြင် ၎င်းကင်မရာဖြင့် 12-bit RAW, 4K 2160p ဗီဒီယိုနှင့် အရည်အသွေးမြင့် audio တို့ဖမ်းယူနိုင်သည်။
ပထမဆုံးအကြိမ်အဖြစ် ရှေ့ကင်မရာတွင် optical image stabilization ကို ထည့်သွင်းထားသလို 5MP sensor နှင့် f/1.8 aperture တို့ပါဝင်လာသည်။
HTC 10 တွင် BoomSound ပါဝင်လာပြီး စပီကာတစ်ခုစီအတွက် ကိုယ်ပိုင် amp ပါဝင်သည်။ ထို့အပြင် ဖုန်းဝယ်ယူရာတွင် အရည်အသွေးမြင့် တန်ဖိုးကြီး headset တစ်ခုလည်း ရရှိမည် ဖြစ်သည်။

HTC 10 ၏ ဒီဇိုင်းပိုင်းသည် One A9 ဒီဇိုင်းကို မှီငြမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။ HTC 10 တွင် မျက်နှာပြင် အရွယ်အစား ၅.၂ လက်မ QHD (1,440x 2,560px) ပါဝင်ပြီး အနားကွေး Gorilla Glass နှင့်အတူ Super LCD 5 ကို အသုံးပြုထားသည်။ ၎င်းတွင် RAM 4GB, Snapdragon 820 chipset နှင့် Android 6.0 Marshmallow တို့ကို အသုံးပြုထားသည်။ HTC 10 ကို storage 32GB (ဒေါ်လာ ၇၀၀) နှင့် 64GB ဟူ၍ ဗားရှင်းနှစ်မျိုးမှ နှစ်သက်ရာ ဝယ်ယူနိုင်သည်။ အဆိုပါ စမတ်ဖုန်းတွင် microSD slot ပါဝင်ပြီး ဘက်ထရီပမာဏမှာ 3,000mAh ဖြစ်သည်။ Quick Charge 3.0 နည်းပညာကြောင့် မိနစ် ၃၀အတွင်း ၅၀ရာခိုင်နှုန်းအထိ အားဝင်နိုင်သည်။