Amazon က အန္တရာယ်ရှိသည့်အတွက် Hoverboard များကို သူ၏ အရောင်းဆိုင်မှ ဖယ်ရှား

အနောက်နိုင်ငံများရှိ အားလပ်ရက်ရာသီတွင် ရောင်းအားကောင်းနေသော Hoverboards များကို အမေဇုန်က အန္တရာယ်ရှိသည့်အတွက် သူ၏ အွန်လိုင်းအရောင်းဆိုင်မှ ဖယ်ရှားလိုက်ပါသည်။ Hoverboards များရှိ ဘက်ထရီသည် အပူလွန်ကဲ၍ မီးလောင်မှုများဖြစ်ပွားခဲ့သည့်အတွက်လေကြောင်းလိုင်းများကလည်း သယ်ဆောင်ခွင့်ကို တားမြစ်ထားပါသည်။Hoverboards များသည် ခန္တာကိုယ်ကို ထိန်းညှိ၍ စီးနင်းရသော ကိရိယာများဖြစ်ပါသည်။ Swagway မှ ထုတ်လုပ်သော Hoverboards များကို အမေဇုန်က ယခုအခါ သူ၏ အွန်လိုင်းအရောင်းဆိုင်မှ ဖယ်ရှားလိုက်ပြီဖြစ်သည်။ သို့သော် Razor နှင့် Jetson မှ Hoverboards များကိုမူ အမေဇုန်မှ ဆက်လက်ရောင်းချနေပါသည်။ IO Hawk , PhunkeeDuck မှ Hoverboard များကိုမူ အမေဇုန်တွင် တင်ထားခြင်းမရှိသည်ကို တွေ့ရပါသည်။အမေဇုန်သာမက အွန်လိုင်းအရောင်းဆိုင် Overstock.com ကလည်း လုံခြုံရေးအတွက် Hoverboards များကို ရောင်းချခြင်းမပြုတော့ဟု ကြေညာထားပါသည်။ အဓိက အမေရိကန်လေကြောင်းလိုင်းများဖြစ်သော American, Delta, Southwest , United တို့ကလည်း မီးလောင်မှုဖြစ်စေသော ဘက်ထရီများကြောင့် Hoverboards များကို ခရီးဆောင်အိတ်အတွင်းတွင် သယ်ဆောင်ခွင့်မပြုတော့ဟု ကြေညာထားပါသည်။အမေရိကန် စားသုံးသူထုတ်ကုန် လုံခြုံရေး ကော်မရှင်က Hoverboard များ မီးလောင်ကျွမ်းမှု ဆယ်ကြိမ်ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါသည်။ အာဏာပိုင်များက မီးလောင်ကျွမ်းမှုသည် ဘက်ထရီကြောင့်ဖြစ်သည်လားဆိုသည်ကို စုံစမ်းနေကြပါသည်။

**Step-1အောက်က Download Button
**Step-2"5sec"လောက်စောင့်ပေးပါ။
**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။
Downloadအဆင်မပြေရင် 
ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)
www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar
Add Wechat Id ={kkrappmyanmar}
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား 
မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 
•°•°×•°•°•×°•°•°•×°•°•°•
{{Arakan.BTD နည်းပညာ}}
&&&&&&&&&&&&&&&&&