iphone 6c အသစ်

iPhone 6c တွင် iPhone 5s ထက် အနည်းငယ်ကြီးသောဘက်ထရီနှင့် 2GB RAM ပါဝင်မည်ဟုဆို=============Apple ၏ iPhone 6c တွင် iPhone 5s ဘက်ထရီထက် အနည်းငယ်ကြီးသော1,642 mAh ဘက်ထရီပါဝင်လာမည်ဟု တရုတ်ဝက်ဘ်ဆိုက်MyDrivers မှ ဖော်ပြသည်။Foxconn ဝန်ထမ်းများ၏ ပြောကြားချက်ကိုကိုးကားထားသော အဆိုပါ သတင်းဖော်ပြချက်တွင် ၄ လက်မ iPhone ၌ A9 ပရိုဆက်ဆာ၊ 2GB RAM နှင့် 16GB သိုလှောင်မှုပမာဏအပြင် Touch ID နှင့် iPhone 6 နောက်ပိုင်းတွင်အသုံးပြုထားသော 2.5Dcurved glass တို့ပါဝင်မည်ဟု ဖော်ပြခဲ့သည်။Apple ၏ supplier များသည် ဇန်နဝါရီလကတည်းကကောလာဟလသတင်းများ ထွက်ပေါ်ခဲ့သော ၄ လက်မအရွယ် iPhone ကို အလုံးအရင်းဖြင့်စတင်ထုတ်လုပ်နေကြောင်းနှင့် မတ်လတွင် ကြေညာမှုပြုလုပ်ပြီး ဧပြီလတွင် ဖြန့်ချိမည်ဟု ဆိုသည်။ သတင်းရင်းမြစ် ငါးခုကမူ iPhone 6c ကို ၂၀၁၆ ခုနှစ် အစောပိုင်းတွင် မိတ်ဆက်မည်ဟု ခန့်မှန်းထားကြသည်။အားထားယုံကြည်ရသော ဂျပန်ဘလော့ဂ် Mac Otakra ကလည်း Apple အနေဖြင့် iPhone 5s နှင့် ဆဋ္ဌမမျိုးဆက် iPod touch feature များကို အခြေခံထားသော ၄ လက်မ iPhone သစ်ကို ဖန်တီးလျက်ရှိကြောင်း နိုဝင်ဘာလက ဖော်ပြခဲ့သည်။