Galaxy S7 တွင် pressure-sensitive display နှင့်အတူ retinascanner ပါဝင်လာဖွယ်ရ

Samsung ၏ Galaxy S7 တွင် pressure-sensitive display နှင့် အခြား ထူးခြားဆန်းသစ်သည့် feature များစွာလည်း ပါဝင်လာဖွယ်ရှိကာ အားသွင်းမြန်ဆန်သည့် port နှင့် မျက်ကြည်လွှာဖြင့် ဖုန်းကို ဖွင့်နိုင်မည့် retina scanner တို့လည်း ပါဝင်လာနိုင်ခြေရှိကြောင်း Wall Street Journal မှ ဖော်ပြခဲ့သည်။ယခုနှစ်အတွင်း Galaxy S6 နှင့် Galaxy S6 Edge ကျရှုံးမှုအပြီးတွင် Samsung အနေဖြင့် ရုန်းကန်နေရသည့်
စမတ်ဖုန်းရောင်းအားကို မြှင့်တင်ရန် အသစ်ထွက်ရှိမည့် Galaxy S7 အား သုံးစွဲသူများ၏ စိတ်ဝင်စားမှုရရှိရန် လိုအပ်နေသည်။ Galaxy S6 ကဲ့သို့ပင် အသစ်ထွက်ရှိမည့် စမတ်ဖုန်းကိုလည်း သာမန် display နှင့် Galaxy S7 အပြင် ဘေးတစ်ဘက်တစ်ချက်တွင် မျက်နှာပြင်ကွေး ပါဝင်သော Galaxy S7 Edge ဟူ၍ ပုံစံနှစ်မျိုးဖြင့် ထုတ်လုပ်သွားဖွယ်ရှိသည်။ အဆိုပါ Samsung Galaxy S7ကို ဖေဖော်ဝါရီနှောင်းပိုင်းတွင် ပြုလုပ်မည့် Mobile World Congress ၌ မိတ်ဆက်ဖွယ်ရှိပြီး မတ်လလယ်မှသာ စတင်ရောင်းချဖွယ်ရှိကြောင်း Wall Street Journal ၏ သတင်းရင်းမြစ်များအရ သိရသည်။Samsung ၏ pressure-sensitive သည် Apple ၏ iPhone 6S နှင့် 6S Plus တွင်ပါဝင်သည့် 3D Touch ကို ယှဉ်ပြိုင်ရန် ကြိုးပမ်းမှုတစ်ခုဖြစ်သည်။မြန်နှုန်းမြင့် အားသွင်းသည့် port တွင် USB Type-C နည်းပညာကို အသုံးပြုထားကြောင်း သတင်းရင်းမြစ်များ က ပြောကြားခဲ့ပြီး မိနစ် ၃၀ အားသွင်းရုံဖြင့် တစ်ရက်အပြည့် အသုံးပြုမည့်စွမ်းအင် ရရှိစေမည် ဖြစ်သည်။ ၎င်း feature သည် Google ၏ Nexus 5X ကဲ့သို့ထုတ်ကုန်များတွင် ပါဝင်ဖူးသည်။Samsung အနေဖြင့် Galaxy S7 ဖုန်းဗားရှင်းအချို့တွင် retina scanner ထည့်သွင်းရန် စီစဉ်ထားသော်လည်း ၎င်းအစီအစဉ်ကို အပြီးသတ်ရသေးခြင်း မရှိကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ အဆိုပါ scanner သည် မျက်စိ၏ မျက်ကြည်လွှာကို ကြည့်ရှုပေးပြီး ပစ္စည်းများကို ဝယ်ယူရန် Samsung Pay မှတစ်ဆင့် ငွေပေးချေမှုပြုလုပ်ခြင်းနှင့် ဖုန်းအား unlock ပြုလုပ်ရန် လက်ဗွေဖတ်စနစ်ကို လုံခြုံရေးအဖြစ် အသုံးချခြင်းတို့ ပြုလုပ်ပေးမည် ဖြစ်သည်။
**Step-1အောက်က Download Button
**Step-2"5sec"လောက်စောင့်ပေးပါ။
**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။
**Step-4 Download Linkကျလာပါလိမ်းမယ်။
*အဆင်ပြေပါစေဗျာ။
Downloadအဆင်မပြေရင်
ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)
(www. aznewsdevoloper.blogspot.com)
https://www.facebook.com/Kkrappmyanmar-812055832149065/
www.facebook/group kkrappmyanmar
Add Wechat Id ={kkrappmyanmar}
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား
မောင်အောင်မြည်ဇော်(နည်းပညာ) 
!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!
FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။
(kkrappmyanmar) SMS ပိုပေးပါ
®®®®®®®®®®®®®®®®®
  (မောင်းအောင်မြည်းဇော်) 
   •°•°×•°•°•×°•°•°•×°•°•°•
{{Arakan.BTD နည်းပညာ}}
&&&&&&&&&&&&&&&&&