Huawei G7 Plus VS Xiaomi Redmi Note 3



Huawei G7 Plus ဟာဆိုရင် အရင်ထွက်ရှိပြီးသား G7 ရဲ့ ဆက်လက်အောင်မြင်မှုတစ်ခုဖြစ်ပြီး ပိုမို အဆင့်မြင့်ထားတဲ့ Display နဲ့ Processor တို့ကိုတော့ G7 နဲ့ ယှဉ်ကြည့်တဲ့အခါ ပြောင်းလဲ တိုးတက် လာတာကို တွေ့ရပါတယ်။ G7 Plus မှာ fingerprint scanner ထည့်သွင်းပေးထားပြီး အရင်ထက် ကောင်းမွန်လာတဲ့ စပီကာကိုပါ ခံစားနားဆင်နိုင်ပါတယ်။ Android OS 5.1 (Lollipop) ကို Emotion UI 3.1 နဲ့ တွဲဖက်ပြီး G7 Plus မှာ သုံးနိုင်သလို MIUI 7.0 နဲ့ တွဲဖက်ထားတာကိုတော့ Redmi Note 3 မှာ ထည့်သွင်းပေးထားပါတယ်။

Huawei G7 Plus နဲ့ Redmi Note 3 နှစ်မျိုးစလုံးဟာ ၅.၅ လက်မအရွယ်ရှိပြီး full HD resolution ကို ပံ့ပိုးပေးထားပါတယ်။ ကျောဘက်ကင်မရာဟာလည်း ဖုန်းအမျိုးအစား နှစ်ခုလုံးအတွက် 13MP ဖြစ် ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ အသီးသီး တပ်ဆင်ထားပါတယ်။ Full HD 1080P ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ Xiaomi Redmi Note 3 မှာ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ရှိပြီး mciroSD ကတ် ထပ်စိုက်သုံးလို့ မရပါဘူး။ အားသွင်းချိန် မြန်ဆန်ပြီး Li-Po 4000mAh ဘက်ထရီကို Redmi Note 3 အတွက် သုံးစွဲထားပါတယ်။

* Design *
1. Huawei G7 Plus 
3G7 Plus ရဲ့ကိုယ်ထည် တည်ဆောက်ထားတဲ့အပိုင်းမှာ သတ္တုကို သုံးထားပြီး 167 g အလေးချိန် ရှိပါတယ်။ ပါးလွှာတဲ့ကိုယ်ထည် ဒီဇိုင်းမျိုးမတွေ့ရဘဲ ကျောဘက်မှာ fingerprint scanner ပါဝင်ပါတယ်။ အောက်ခြေပိုင်း ဖွဲ့စည်းထားပုံက iPhone နဲ့ တူသလို ခံစားရပါတယ်။

2. Xiaomi Redmi Note 
အလူမီနီယမ် unibody ဒီဇိုင်းကို Redmin Note 3 မှာ တွေ့ရပြီး ဘေးထောင့်တွေကို ခုံးပေးထားပါတယ်။ သတ္တုနဲ့တည်ဆောက်ထားတယ် ဆိုပေမယ့် အပေါ်ပိုင်းနဲ့ အောက်ခြေတို့ကို အင်တာနာ အတွက် ပလတ်စတစ်နဲ့ ဖွဲ့စည်းထားပြီး 164 g အလေးချိန် ရှိပါတယ်။

* Processor *
1. Huawei G7 Plus 
Huawei G7 Plus ရဲ့ စွမ်းဆောင်ရည်ပိုင်းကို 64bit octa-core Qual-comm Snapdragon 615 processor က အကောင်းဆုံး ဆောင်ရွက်ပေးထားပြီး လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်စေဖို့အတွက် RAM 3GB နဲ့ ပံ့ပိုးပေးထားပါတယ်။

2. Xiaomi Redmi Note 
ဖုန်းအတွင်းပိုင်းအချက်တွေဟာ အရင် Redmi Note 2 အတိုင်းပဲဖြစ်ပြီး MediaTek MT6795 Helio X10 octa-core 64bit processor ရဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့နိုင်ပါတယ်။ ဂရပ်ဖစ် Power VR 6200, RAM 2GB တို့နဲ့ပါ တွဲဖက်ထားပါတယ်။

* Display *
1. Huawei G7 Plus 
Huawei G7 Plus မှာ ၅.၅ လက်မအရွယ် IPS LCD Display ခပ်ကြီးကြီးကို ခံစားမြင်တွေ့နိုင်ပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ပံ့ပိုးပေးပါတယ်။ အရင် G7 ထက် resolution ပိုမိုကောင်းမွန် လာပြီး pixel သိပ်သည်းဆကလည်း 401ppi ထိ တိုးလာပါတယ်။

2. Xiaomi Redmi Note 
၅.၅ လက်မအရွယ် full HD screen မှာ 1080 x 1920 pixels ရုပ်ထွက်အရည်အသွေးနဲ့ pixel သိပ်သည်းဆ 403ppi ထိ ရှိပါတယ်။ Xiaomi ရဲ့ Sunlight Display နည်းပညာကြောင့် ပြင်ပအလင်း တောက်ပမှုများတဲ့အခါမျိုးမှာ screen အရောင်ကို ထိန်းညှိပေးနိုင်ပါတယ်။

* Verdict *
1. Huawei G7 Plus 
Huawei ရဲ့ အသစ်စက်စက် Nexus 6P လောက်တော့ G7 Plus ဟာ စိတ်ဝင်စားစရာ မကောင်းပေမယ့် သုံးလို့အဆင်ပြေတဲ့ feature အများစုပါဝင်တာ တွေ့ရပါတယ်။ Mid-range G series အတွက် နောက်ဆုံးပေါ်ဖြစ်ပြီး Display, fingerprint နဲ့ ဘက်ထရီပမာဏတို့ကို အဆင့်မြင့်မြင့် သုံးစွဲနိုင်ပါတယ်။

2. Xiaomi Redmi Note 
Xiaomi Redmi Note 3 ရဲ့ အားသာချက်တစ်ခုကတော့ အလွန်အားကောင်းတဲ့ 4000mAh ဘက်ထရီ ပါဝင်တာဖြစ်ပြီး fast charging ကြောင့်လည်း အားသွင်းချိန် ပိုမိုမြန်ဆန်စေပါတယ်။ Fingerprint sensor ပါဝင်တဲ့ Xiaomi ရဲ့ ပထမဆုံး စမတ်ဖုန်းအမျိုးအစားလည်း ဖြစ်ပါတယ်။