မိုဘိုင်းဖုန်း သိပ်သည်းဆ ၄၅.၄၂ ရာခိုင်နှုန်း ရှိလာဟုဆ

မြန်မာတစ်နိုင်ငံလုံးအနေဖြင့် မိုဘိုင်းဖုန်းသိပ်သည်းဆ ၄၅.၄၂ ရာခိုင်နှုန်း ရှိလာကြောင်း သိရသည်။တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွင် မြို့နယ်ပေါင်း ၃၂၂ ခု၌ မိုဘိုင်းစခန်းပေါင်း ၆,၁၃၅ခု တည်ဆောက် တပ်ဆင်ပြီးဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန သတင်းထုတ်ပြန်ချက် အရ သိရသည်။လက်ရှိတွင် မိုဘိုင်းတယ်လီဖုန်းပေါင်း ၂၃,၄၀၇,၆၈၅ လုံးကို အသုံးပြုနိုင်ကြောင်း သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြတ်ဟိန်းသည် ကယားပြည်နယ် အတွင်းရှိ ဆက်သွယ်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးသည့် သတင်းမှ အဆိုပါ အချက်ကို သိရှိရခြင်းဖြစ်သည်။ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ ကာလတိုရည်မှန်းချက်များ အနေဖြင့် ပြည်တွင်းပြည်ပမှ ပုဂ္ဂလိကတို့၏ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဆက်သွယ်ရေးကဏ္ဍ အသားတင် ဝန်ဆောင်မှု တန်ဖိုးကို စီမံကိန်း၏ နောက်ဆုံးနှစ်ဖြစ်သည့် ၂၀၁၅-၁၆ ခုနှစ်တွင် အခြေခံနှစ်အပေါ် ၂.၁၄ ဆ ဖြစ်ပေါ်စေရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တယ်လီဖုန်း သိပ်သည်းဆကို ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ အင်တာနက်သုံးစွဲမှုကို ၅၀ ရာခိုင်နှုန်းအထိ လည်းကောင်း သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ထားသည