elenor ၏ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ချိတ်ဆက်ပြီးစီးပြီဟုဆ

ထိုင်းနိုင်ငံဘက်မှ အင်တာနက် ဆက်ကြောင်းကို ငှားရမ်းအသုံးပြုနေရသည့် Telenor သည် ၎င်းတို့၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအား ယခုလမှစတင်၍ ချိတ်ဆက်နိုင်ခဲ့သည်ဟု Telenor ၏ ပြန်ကြားရေး တာဝန်ခံက ပြောသည်။Telenor ၏ ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းသည် Bandwidth ပမာဏအနေဖြင့် 10 GB ရှိသည်ဟု သိရပြီး အဆိုပါ အင်တာနက် ဆက်ကြောင်းရရှိရန် လပေါင်းများစွာ ဆောင်ရွက်ခဲ့ရသည် ဟု သိရသည်။ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းနှင့် ပတ်သက်၍ Telenor ၏ CEO ဖြစ်သူ Mr. Petter Furberg က “Brandwidth အနေနဲ့ မကန့်သတ်ထားဘူး။ ကြိုက်သလောက် ယူလို့ရတယ်။ စစချင်း မှာတော့ 10 GB ယူသွား မယ်” ဟုပြောဆိုခဲ့သည်။Telenor အနေဖြင့် ယခုလအတွင်း ၎င်းတို့ငှားရမ်း အသုံးပြုနေသည့် ထိုင်းနိုင်ငံဘက်မှ ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းခဲ့ကြောင်း၊ အဆိုကိစ္စနှင့် ပတ်သက်၍ မိုဘိုင်းအင်တာနက် အသုံးပြုသူများထံ Telenor က တရားဝင် တောင်းပန်ခဲ့သည့်အပြင် ချို့ယွင်းမှုကိုလည်း ရက်ပိုင်းအတွင်း ပြန်လည်ပြုပြင်နိုင်ခဲ့သည်ဟု သတင်းများ ထုတ်ပြန်ခဲ့သည်။Telenor မိုဘိုင်းဖုန်းလိုင်းဖြင့် အင်တာနက်အသုံးပြုတစ်ဦးဖြစ်သည့် မဇင်အောင်က ယခုတစ်ပတ်အတွင်း အင်တာနက် အသုံးပြုရာတွင် မြန်ဆန်မှုရှိနေခဲ့သည်ဟု အတည်ပြုပြောဆိုခဲ့သည်။ Telenor သည် ဆက်သွယ်ရေး အော်ပရေတာများအကြား အင်တာနက်အမြန်နှုန်း အနိမ့်ဆုံးအဆင့် ရှိနေခဲ့သည်ဟု အသုံးပြုသူများက သတ်မှတ်ခဲ့သော်လည်း Telenor ၏ ပြောရေးဆိုခွင့်ရှိသူများက ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းပြီးသည်နှင့် အမြန်နှုန်း မြင့်မားလာစေမည်ဟု ကတိပြုခဲ့ကြသည်။လက်ရှိအချိန်၌ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူ ၃ သန်းကျော်ကို ပိုင်ဆိုင်ထားသည့် Telenor သည်ကိုယ်ပိုင်အင်တာနက် ဆက်ကြောင်းအနေဖြင့် 10 GB ပမာဏကို ပိုင်ဆိုင်ထားသည်။ ၎င်း၏ အဓိက ပြိုင်ဘက် ဖြစ်သည့် Ooredoo သည် ပိုင်ဆိုင်သည့် အင်တာနက် Bandwidth ပမာဏကိုထုတ်ပြန်ပြောဆိုခြင်း မရှိသည့်အပြင် လက်ရှိပိုင်ဆိုင်ထားသည့် မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူကိုလည်း ထုတ်ပြန်ခဲ့ခြင်း မရှိခဲ့ပေ။နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ စက်တင်ဘာလတွင်း Ooredoo ၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူသည် ၁.၆ သန်းရှိပြီး မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းလိုင်း အသုံးပြုသူမှာ ၁၁.၆ သန်းရှိသည်။ လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Bandwidth ပိုင်ဆိုင်မှုမှာ 32.32 GB ဖြစ်သည်။