Voice & Internet packages ဝန်ဆောင်မှုအား CDMA 450 နှင့် CDMA 800 ဖုန်းများအတွက် မကြာမီ ဆောင်ရွက်မည် ဟုဆ

Voice & Internet packages ဝန်ဆောင်မှုအား CDMA 450 နှင့် CDMA 800 ဖုန်းများအတွက် မကြာမီ ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။Voice & Internet packages ဝန်ဆောင်မှုများကို လက်ရှိတွင် ဆွေသဟာ (သို့မဟုတ်) ဆွေသဟာ အစီအစဉ်များ ရယူထားသော ကြိုတင်ငွေဖြည့်ကတ် ထည့်သွင်းထားသူများနှင့် ဘီလ်စနစ်သုံး ဖုန်းများအားလုံး ရရှိနိုင်ကြောင်း သိရသည်။CDMA 450 နှင့် CDMA 800 ဖုန်းများအတွက် အဆိုပါ ဝန်ဆောင်မှု မည်သည့်အချိန်တွင် ရရှိမည်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသေးပေ။ Voice & Internet packages ကို ရယူခြင်းဖြင့် 480 MIN အသံဝန်ဆောင်မှု (MPT Fixed (သို့) Mobile နံပါတ်များကို ၁၂,၀၀၀ ကျပ်ဖိုး ၄၈၀ မိနစ်စာ ဖုန်းခေါ်ဆိုမှု ခွင့်ပြုခွင့်ရရှိသည်။ ရက် ၃၀ အထိ အသုံးပြုနိုင်သည်)၊ 480 MB အင်တာနက် ဝန်ဆောင်မှု (၅,၀၀၀ ကျပ် တန်ဖိုးအတွက် 400 MB အင်တာနက် အသုံးပြုခကို ခွင့်ပြုသည်။ ရက် ၃၀ အထိ အသုံးပြုနိုင်သည်)၊ 2 GB အင်တာနက် ဝန်ဆောင်မှု (1024 MB အင်တာနက် အသုံးပြုမှု (1 GB နှင့် ညီမျှသည် ) ၁၉,၀၀၀ ကျပ် တန်ဖိုးအတွက် ခွင့်ပြုသည်။ ရက် ၃၀ အထိ အသုံးပြုနိုင်သည်) တို့ ရရှိမည်ဖြစ်သည်။အဆိုပါဝန်ဆောင်မှုကို ရယူရန်အတွက် “480 MIN” ရိုက်၍1332 သို့ SMS ပေးပို့ရမည် ဖြစ်သည်။ သုံးစွဲပြီးမှ ငွေပေးချေမှုများ (ဘီလ်စနစ်သုံး) အတွက် “Post 480 MIN” ကိုရိုက်၍ 1332 သို့ SMS ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။