Telenor ဆင်းမ်ကတ်များအား ဈေးပိုမဝယ်ရန် ပြောကြား

Telenor ဆင်းမ်ကတ်များအား သတ်မှတ်ထားသောဈေးထက် ပို၍မဝယ်ယူကြရန် Telenor မှ Mr.Hanne Knudsen (VP, Head of Communication),CEO Office က ပြောကြားသည်။"Telenor သုံးစွဲတဲ့သူတွေကို ပြောချင်တာက ၁,၅၀၀ ကျပ်ထက် ပိုပေးပြီးတော့ မဝယ်ကြပါနဲ့။ Telenor ရဲ့ သက်ဆိုင်ရာ လက်လီအရောင်းဆိုင်တွေကို မြန်မာနိုင်ငံ အနှံ့မှာ ဖြန့်ကြက် ထားပြီး ဖြစ်ပါတယ်။ အဲဒီ ဆိုင်တွေကနေ ပုံမှန်နှုန်းထားနဲ့ လွယ်လွယ်ကူကူ ဝယ်လို့ရရှိနိုင်ပါတယ်" ဟု Mr.Hanne Knudsen က ပြောကြားသည်။လက်ရှိတွင် Telenor ဆင်းမ်ကတ်များအား ပုံမှန်နှုန်းထားထက်ပို၍ ရောင်းချနေကြခြင်းနှင့် ပတ်သက်၍ ပြော ကြားခြင်း ဖြစ်သည်။ ဈေးကွက်အတွင်း ဆင်းမ်ကတ်များ လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရန် အတွက် လစဉ်ဆင်းမ်ကတ်ပေါင်း တစ်သန်းခွဲကို ပုံမှန်ရောင်းချသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ပြည်နယ်နှင့် တိုင်းဒေသကြီးအနှံ့ ဖြန့်ကြက်ထားပြီးဖြစ်သော တာဝါတိုင်အရေအတွက်၊ ဈေးကွက်လိုအပ် ချက်အပေါ် မူတည်၍ နေရာအနှံ့ ခွဲဝေရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။