Goldgenie က ၂၄ ကာရက် ရွှေဖြင့် ပြုလုပ်ထားတဲ့ Galaxy S7 ကို ရောင်းချ” ♫



စမတ်ဖုန်းများကို ရွှေဖြင့် သွန်းလောင်း ထုတ်လုပ်ရောင်းချနေတဲ့ Goldgenie က Samsung ရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း Galaxy S7 ကို ရောင်းချပေးတော့မှာဖြစ်ပါတယ်။ Samsung Galaxy S7 ရဲ့ အနောက်ဘက်ကို ရွှေဖြင့် သွန်းလောင်း ထားပါတယ်။ အနောက်ဘက် ကိုယ်ထည်နဲ့ ဘေးဘက်ရှိ ခလုတ်များကို ၂၄ ကာရက် ရွှေဖြင့် သွန်းလောင်း ထားပါတယ်။

Camera နဲ့ Flash Frames များကိုတောင် ရွှေဖြင့် သွန်း လောင်းထားပါတယ်။ ဒီဇိုင်းအပိုင်းမှာ Goldgenie က လက်ရှိ ရောင်းချ နေတဲ့ Galaxy S6 Edge Stardust Model နဲ့ ဆင်တူပါတယ်။ Goldgenie က ရွှေဖြင့် သွန်းလောင်းထားတဲ့ Galaxy S7 နဲ့ S7 Edge တို့ကို ရောင်းချပေးနေ သလို အခြားနေရာမှ ၀ယ်ယူထားသူများအတွက်လည်း ရွှေဖြင့် သွန်းလောင်း ပေးနေပါတယ်။ Goldgenie မှ ၀ယ်ယူလျှင် Galaxy S7 ကို စတာလင်ပေါင် ၂၀၉၇ နဲ့ S7 Edge ကို စတာလင်ပေါင် ၂၂၉၇ သတ်မှတ်ထားပါတယ်။

Samsung က Galaxy S7 နဲ့ S7 Edge တို့ကို ဖေဖော်ဝါရီလမှာ ကျင်းပခဲ့တဲ့ Mobile World Congress မှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ Samsung က ယခုအခါ Galaxy S7 နဲ့ S7 Edge တို့အတွက် ကြိုတင်မှာယူမှု အခြေအနေ ကို ပြောကြားလိုက်ပါတယ်။ ကုမ္ပဏီက မျှော်လင့်ထားတာထက် အမှာစာများ ပိုမိုရရှိနေတယ် လို့ ပြောပါတယ်။ Samsung ရဲ့ မိုဘိုင်းဌာနမှ အကြီးအကဲ Koh Dong-Jin က ပြောကြား လိုက်တာဖြစ်ပါတယ်။

ဒါပေမယ့် သူက အမှာစာ အရေအတွက် အတိအကျကို ကြေညာခြင်း မရှိပါဘူး။ Samsung က Galaxy S7 နဲ့ S7 Edge တို့ဟာ ပြိုင်ဆိုင်မှု ပြင်းထန်နေတဲ့ တရုတ်မှာ အောင်မြင်မှုရအောင် ပြုလုပ်ပေးနိုင် မယ်လို့ မျှော်လင့်နေပါတယ်။ Samsung က မတ်လ ၁၁ ရက်နေ့မှာ နိုင်ငံပေါင်း ၆၀ တွင် ရောင်းချပေး မှာပါ။