Messenger တွင်သီချင်းများ နားဆင်နိုင်တော့မည်



Facebook ရဲ့ Messenger ဟာ Uber လိုမျိုးပဲ သူတို့ရဲ့ အွန်လိုင်းကနေတစ်ဆင့် Spotify ကနေချိတ်ဆက်ပြီး သီချင်းနားဆင်နိုင်တဲ့ လုပ်ဆောင်ချက်တစ်မျိုးကို ထည့်သွင်းတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ Messenger ကို စာပို့App တစ်ခုအဖြစ်ကနေ Facebook အနေနဲ့ ဖောက်ထွက်လိုနေတာဖြစ်ပြီး Android ရော iOS နှစ်မျိုးလုံး အသုံးပြုလို့ ရအောင် Spotify ကနေတစ်ဆင့်ချိတ်ဆက် ပြုလုပ်မှာဖြစ်ပါတယ်။

Messenger အဖွဲ့တွေဟာ သင့်အနေနဲ့ သီချင်းတွေကို Playlist အနေနဲ့ ပြုလုပ်ထားလို့ရအောင်လည်း ကြိုးစားနေတာဖြစ်ပါတယ်။ Messenger ကိုအသုံးပြုနေသူ သန်း ၈၀၀ လောက်ရှိပြီး သန်း၈၀၀ စလုံးဆီကို ဝန်ဆောင်မှုရရှိစေမှာ ဖြစ်ပါတယ်။

Spotify ဟာလည်း သူတို့ဆီမှာ သူငယ်ချင်းတွေထံကို သီချင်းတွေ Share လုပ်လို့ ရနိုင်အောင် ပြုလုပ်ထားပေးတာဖြစ်ပါတယ်။ Spotify ဟာ email, SMS, WhatsApp နဲ့ Messenger တို့နဲ့ ချိတ်ဆက် ဆက်သွယ်လို့ရတာလည်း ဖြစ်ပါတယ်။

တကယ်လို့ Messenger သာ Spotify နဲ့ ပူးပေါင်းဖြစ်ခဲ့လို့ရှိရင် အသုံးပြုသူပိုမိုများပြားလာပြီး ရောက်ရှိမှုနှုန်းလည်း ပိုမိုမြင့်တက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ အရင်လကလည်း Facebook ဟာ Messenger မှာ ကြော်ငြာတွေထည့်သွင်းတော့မယ်လို့ သတင်းတွေထွက်ရှိခဲ့ဖူးပါတယ်။