Katrina Kaif မင်းသမီး

နာမည်ကျော် Bollywood သရုပ်ဆောင် မင်းသမီး Katrina Kaif အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်India နိုင်ငံ၏ နာမည်ကြီး အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် Katrina Kaif မှာ အချိန်အတော်ကြာ လေ့လာမှုများ ပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်ဘာသာသို့သက်ဝင်ယုံကြည်လာခဲ့သည်ဟု သိရသည်Katrina Kaif အစ္စလာမ်သို့ ပြောင်းလဲသက်ဝင်ကြောင်းကို india မီဒီယာများက ဖော်ပြခဲ့ကြသည်လူကြိုက်များသည့် အဆိုပါ မင်းသမီးက မိမိအနေဖြင့် အစ္စလာမ်သာသနာသို့ ပြောင်းလဲသက်ဝင်ရန် ဆောင်ရွက်မှုအတွက် မိမိ၏ အသိုင်းအ၀ိုင်းမှ ကန့်ကွက်မှုများ ရှိခဲ့သော်လည်း နောက်ဆုံး မွတ်စလင် တစ်ယောက်ဖြစ်လာရန် ဆုံးဖြတ်ချက် ချခဲ့သည်ဟု ပြောကြားခဲ့သည်။ထို့ပြင် မိမိမှာ အစ္စလာမ်သာသနာအားလေ့လာရန်အတွက် အာရပ် နိုင်ငံတော်တော်များများသို့ ခရီးထွက်ခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။သူမ၏ ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှု အတွက် India မီဒီယာများတွင် ဆွေးနွေးငြင်းခုံမှုများလည်း ရှိနေသည်Katrina Kaif ကမူ သူမနေဖြင့် တစ်နေ့ ငါးကြိမ် ၀တ်ပြုမှုကို အချိန်မှန်ဆောင်ရွက်နေကြောင်း၊ ကုရ်အာန်ကျမ်းတော်မြတ်အား ဖတ်ရှုနားလည်နိုင်ရန်အတွက် အာရဗီဘာသာ စကားကိုလည်း လေ့လာသင်ယူနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်...`ဟိဂျဘ်ကို ကြိုဆိုပါတယ် ဟိဂျဘ်မဲ့ခြင်း ဘိုင်ဘိုင်ပါ´ ဟုလည်း Katrina က ပရိတ်သတ်များအားပြောကြားခဲ့သည်..India နိုင်ငံမှ နာမည်ကျော်များ အစ္စလာမ်သို့ သက်ဝင်ယုံကြည်လာခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးမဟုတ်ဘဲ ယခင်ကလည်း ထိုကဲ့သို့ ပြောင်းလဲသက်ဝင်မှုများ ရှိခဲ့သည်...India နိုင်ငံ၏ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူများမှာ ၁၄ ရာခိုင်နှုန်းခန့် ရှိသည်....Islam က ညိမ်းချမ်းသောဘာသာ ဖြစ်ပါတယ်ဟုလည်းပြောကြားသွားခဲ့သည်...