စိတ်ချရတဲ့Xiaomi Power Bank



နိုင်ငံခြားတိုင်းပြည်တွေမှာကလျှပ်စစ်မီးမရနိုင်တဲ့တောထဲတောင်ထဲသွားရင်ဖုန်းအားသွင်းဖို့Power Bank ကိုသုံးတယ်။ကျွန်တော်တို့တိုင်းပြည် ကတော့ လျှပ်စစ်မီးပျက်လွန်းလို့ရယ်၊လျှပ်စစ်မီးမရတဲ့ဒေသတွေများလွန်းလို့ရယ် Power Bank ကိုသုံးရပါတယ်။ဖုန်းသုံးတဲ့လူတချို့အမှတ်မှားနေတာက Power Bank ကိုအပိုဓာတ်ခဲလိုသုံးနိုင်တယ်ဆိုတဲ့အသိတရားပါ။ဖုန်းထဲက မူလဓာတ်ခဲကောင်းမှသာPower Bank သုံးရကျိုးနပ်ပါမယ်။မူလဓာတ်ခဲ မကောင်းရင်Power Bank နဲ့ဘယ်လောက်အားဖြည့်ဖြည့်အားပြည့် မနေ ပါဘူး။ ဓာတ်ခဲအသေထည့်ထားတဲ့ဖုန်းကိုဝယ်သုံးပြီးအတွင်းဘက်ထရီကျ လာတဲ့အခါမှာPower Bank ကြီးစွပ်ပြီးသုံးတဲ့လူတွေကိုတွေ့ဖူးပါတယ်။
ဒီလိုမသုံးကောင်းပါဘူး။ဖုန်းမှာသိပ်ပြီးheat တက်ပါတယ်။ကံမကောင်းရင် ဖုန်းရဲ့အဓိကအတွင်းအစိတ်အပိုင်းတွေပျက်စီးနိုင်တယ်။ကျွန်တော့်သဘောကရှင်းပါတယ်။ဖုန်းဝယ်ရင် ဘက်ထရီအပိုအလွယ်တကူလဲတပ်လို့ရတဲ့ဖုန်းမျိုးဝယ်၊မဟုတ်ရင်မ၀ယ်နဲ့၊ဓာတ်ခဲအပိုဝယ်ရင် ဓာတ်ခဲပေါ်ကထုတ်လုပ်မှုရက်စွဲကိုကြည့်၊ပြီးရင်ဓာတ်ခဲအပိုကိုဖုန်းထဲထည့်ပြီးအားလက်ကျန်ကိုကြည့်။ အားလက်ကျန် (၅၀) ရာခိုင်နှုန်းအောက်ကျသွားတဲ့ဓာတ်ခဲတွေဟာ ရေရှည်မှာ ကောင်းခဲတယ်။ပြီးရင်လျှပ်တစ်ပြက်မီးသုံးပြီး ဓာတ်ပုံဆယ်ပုံ ရိုက်ကြည့်ပါ။ပါဝါ (၄) ရာခိုင်နှုန်းအောက်စားမှဒီဓာတ်ခဲအိုကေတယ်။

ဒါဖြင့်ဓာတ်ခဲအပိုရှိရင်Power Bank မလိုတော့ဘူးလား။ရှိရင်ကောင်းတာ ပေါ့ဗျာ။သူကနေအားသွင်းရင်မီးပြတ်တဲ့ဒုက္ခမရှိလို့ဖုန်းထဲကဘက်ထရီ သက်တမ်းစေ့ခံပါတယ်။အရင်ကလည်းပြောဖူးတယ်။ဓာတ်ခဲ (၃၀) ရာခိုင်နှုန်း အားလက်ကျန်ကနေ (၉၀) ရာခိုင်နှုန်းအထိအားသွင်းတာဟာအားသွင်းကြိမ် ရေတစ်ကြိမ်နဲ့အပြီးဖြစ်သင့်တယ်။မီးပြတ်လို့အကြိမ်ကြိမ် သွင်းရရင်အားသွင်း ကြိမ်ရေနှစ်ကြိမ်လည်းဖြစ်နိုင်တယ်။သုံးကြိမ်လည်းဖြစ်သွားနိုင်တယ်။ဒါမျိုး ဖြစ်ခဲ့ရင်charge cycle နဲ့သွားတဲ့ဖုန်းဘက်ထရီအသက်တိုပါလိမ့်မယ်။
ဟုတ်ပြီ။Power Bank ၀ယ်မယ်၊ဘယ်လိုဟာမျိုးဝယ်မှာလဲ။ပထမဆုံးက အတွင်းဘက်ထရီအားကြီးရမယ်။အနိမ့်ဆုံး7000 mAhကနေ10000 mAh ကြားPower Bank ကိုရှာဝယ်သင့်တယ်။အဲဒီထက်အားကြီးရင်ကောင်းတယ်။ ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်သွင်းလိုက်သမျှအားကိုPower Bank ကနေဖုန်းဘက်ထရီထဲရာခိုင်နှုန်းပြည့်ထည့်မပေးနိုင်လို့ဖြစ်ပါတယ်။ ဘက်ထရီတစ်လုံးကနေ ပြန်သုံးနိုင်မယ့်အင်အားကိုPower factor နဲ့ပြပါ တယ်။ဘက်ထရီက10000 mAhအားရှိပြီးPower factor 0.6 ဆိုရင် သူ့ဆီက600 mAhပဲပြန်ရပါမယ်။Power Factor 0.7 ဆိုရင်700 mAh ပြန်ရ ပါမယ်။ဒါကြောင့်Power Bank တစ်လုံးဟာဘက်ထရီအားကြီးရမယ်။Power factor အားကောင်းရမယ်။

နောက်တစ်ချက်ကအထဲမှာထည့်ပေးထားတဲ့ ဘက်ထရီအရည်အသွေး ကောင်းရမယ်။မြန်မာပြည်မှာရနိုင်တဲ့အထဲမှာကိုရီးယားဆမ်ဆောင်း ဘက်ထရီ ကိုတော့အကြိုက်ဆုံးပါ။သူကCharge Cycle (500) အပြည့် သုံးနိုင်ပါတယ်။တရုတ်ဘက်ထရီအတော်များများက (လက်တွေ့မှာ) 300-350 Charge cycle နဲ့ကိစ္စပြတ်တာများပါတယ်။iPhone တွေမှာသုံးတဲ့ ဘက်ထရီကအရည်အသွေးအကောင်းဆုံးပါ။Charge cycle 1000 အပြည့် သုံးနိုင်ပါတယ်။ဒါ့အပြင်ရော။ပြောစရာလိုသေးလားဗျာဘိုင်ပွတ်ပွတ်တဲ့ နေရာမှာထိပ်တန်းအဆင့်ရှိ တဲ့ မြန်မာတွေအဖို့ဈေးသက်သာဖို့ ကလည်း ထိပ်တန်းဦးစားပေးပဲ။ဈေးသက်သာတယ်ဆိုပေမယ့်ပစ္စည်းအရည်အသွေးနဲ့အလဲအထပ်လုပ် ရလောက်အောင် မဖြစ်သင့်ပါဘူး။ဒီလိုအရည်အသွေးတွေနဲ့ တန်သလောက်ပြည့်စုံတဲ့ Power Bank ကိုရှာတော့Xiaomi Power Bank ကိုတွေ့ရပါတယ်။သူ့ရဲ့ဘက်ထရီအားက10000 mAhရှိတယ်။အားကိုး လောက်တယ်။ဘက်ထရီအတော်များများရဲ့Power factor ဟာ (၀.၆) လောက်ပဲရှိတဲ့အချိန်မှာXiaomiရဲ့ဘက်ထရီဟာPower factor (0.7) ရှိပါ တယ်။ဒါကြောင့်10000 mAhကနေ ပြန်ရမယ့်စွမ်းအားဟာ7000 mAh ၀န်းကျင်ရှိပါတယ်။ဒီနေ့ခေတ် (၅.၅) လက်မအရွယ်သာမန်စမတ်ဖုန်းသုံးလုံး လောက်ကိုကောင်းကောင်းအားသွင်းပေးနိုင်ပြီးဘက်ထရီအားကြီးတဲ့ စမတ်ဖုန်းကိုနှစ်ကြိမ်စာလောက်အားသွင်းပေးနိုင်ပါတယ်။ဒီPower Bank ကအလူမီနီယမ်သတ္တုစပ်နဲ့လုပ်ထားလို့အလေးချိန်ပေါ့ပါးတဲ့အပြင်အရောင်က ပြောင်ဝင်းနေပါတယ်။ရွှေရောင် ၊ငွေရောင်၊ပန်းရောင်၊အပြာရောင်တွေနဲ့ မြန်မာ့ဈေးကွက်ထဲမှာဝယ်လို့ရပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာဖြန့်တဲ့ပစ္စည်းနဲ့ ပြည်ပဈေးကွက်ထဲ ဖြန့်တဲ့ ပစ္စည်းဆိုပြီးနှစ်မျိုးများကွဲသလားတော့မပြောတတ်ဘူး။ဈေးကနှစ်ဆ လောက်ကွာနေတာတွေ့ရပါတယ်။ အာမခံ တစ်နှစ်ပေးပြီးရောင်းတဲ့ဆိုင်မှာ ဈေးက (၂၂၀၀၀) ပါ။Xiaomiနာမည်ကြီးလာလို့အတုတွေဝင်တာလည်း ဖြစ်နိုင်ပါတယ်။သတိထားပြီးဝယ်ဖို့တော့လိုပါတယ်။ ဆိုးတာ တစ်ချက်တော့ ရှိတယ်။တရုတ်ကသိပ်ပြီးလူမျိုးကြီးဆန်တယ်။ဈေးမတူတဲ့Power Bank ဘူးနှစ်မျိုးစလုံးမှာလက်စွဲစာအုပ်ကိုတရုတ်စာတွေနဲ့ရေးထားတဲ့အချက်ပါ။ နိုင်ငံတကာဈေးကွက်ကိုဝင်ချင် ရင်နိုင်ငံတကာသုံးဘာသာစကားနဲ့လာသင့်တယ်။အခုတော့ပဲတီပင်ပေါက်စာတွေနဲ့ဘာတွေရေးထားမှန်း လည်းမသိ။ ဒါပေမယ့်သူ့ရဲ့website မှာတော့အင်္ဂလိပ်စာတွေ့ရပါတယ်။10000 mAh ရှိတဲ့Power Bank ကနေစွမ်းအင်အကုန်လုံး ပြန်မရနိုင်တဲ့အကြောင်းရှင်းရှင်း လင်းလင်း ပြောထားပါတယ်။Xiaomi Power Bank ဟာ10000 mAh ဆိုပေမယ့်တခြာ6း000 mAh Power Bank တွေနဲ့အရွယ်အစားတူတူ လောက်ပဲရှိပြီးအလေးချိန်လည်းထင်သလောက်မစီးပါဘူး။အရွယ်သေးသေး ပါဝါကြီးကြီးရအောင်လုပ်နိုင်တဲ့Xiaomiကိုချီးကျူးပါတယ်။သူ့ထဲကို အားသွင်း ပေးတဲ့ကြိုးကMicro USB ဖြစ်ပြီးLightning မဟုတ်တာကထူးခြားပါတယ်။

Power Bank ဆိုပေမယ့်သူ့ရဲ့ကိုယ်ထည်မျက်နှာပြင်ကအပွန်းအစားခံ ပါတယ်။ကုမ္ပဏီရဲ့အပြောကတော့Mac Book Pro Standard surface processing သုံးထားတယ်လို့ပြောပါတယ်။အပွန်းအစားခံရုံတင်မကဘဲ ချွေးစားလည်းခံတဲ့Power Bank ပါ။ဈေးကွက်ထဲကPower Bank တွေထဲ မှာဒီလိုပစ္စည်းမျိုးရှားပါတယ်။အားနည်းချက်တစ်ခုကတော့Power Bank ထည့်ပြီးသယ်ဖို့အိတ်ထည့်မပေးထားတဲ့အချက်ဖြစ်ပါတယ်။ပြောသာပြောရတယ်။ မြန်မာ့ဈေးကွက်ထဲ မှာရောင်းနေတဲ့Power Bank တွေထဲမှာလည်း အိတ်ထည့်ပေးတာ၊Cover ထည့်ပေးတာခပ်ရှားရှားပါ။Xiaomiကသူ့Power Bank ရဲ့ခံနိုင်ရည်ကိုခပ်ကြွားကြွားလေးပြောထားတာလည်းရှိပါတယ်။ အကွဲအကြေခံသတဲ့(Shatter - Proof) အဆောင့်ခံသတဲ့(resistant to collision) ။သူ့အထဲကအရေးကြီးပစ္စည်းတွေကိုTexas Instrument က ထုတ်တဲ့MPS design နဲ့လုပ်ပါတယ်။Smart-Control Chips တွေဟာ အလွှာ ကိုးထပ်နဲ့အထဲကCircuit ပိုင်းကိုအကာအကွယ်ပေးထားပါတယ်။
ဒါကြောင့်Xiaomi Power Bank တွေဟာInput နဲ့Output Over Voltage မဖြစ်အောင်ကာကွယ်ပေးနိုင်တယ်။Short - Circuit မဖြစ်အောင် အကာ အကွယ်ပေးနိုင်တယ်။အားသွင်းလို့ဖြစ်လာတဲ့အပူချိန်မြင့်တာကိုလည်းခံနိုင်ပါတယ်။Power Button ကိုPower Bank ရဲ့တစ်ဖက်စွန်းမှာအချိုင့်ပုံစံနဲ့ ထည့် ပေးထားပြီးလိုအပ်ရင်သူ့ကိုreset button အနေနဲ့သုံးနိုင်ပါတယ်။ ချစ်စရာ ကောင်းတဲ့အချက်ကPower Bank မှာစမတ်ဖုန်းဒါမှမဟုတ်တက်ဘလက်ကို ချိတ်လိုက်တဲ့အခါအလိုအလျောက်အားသွင်းပေးတဲ့အချက်ပါ။

တခြားဖုန်းတွေကိုအားပြန်သွင်းပေးဖို့သူ့ထဲမှာUSB ပေါက်တစ်ပေါက်ပဲ ပါပါတယ်။အရွယ်သေးအောင်ထင်ပါတယ်။Power Bank ထဲကိုအားသွင်း နေတုန်းတခြားဖုန်းတစ်လုံးကိုအားသွင်းပေးနိုင်တဲ့Passthrough charging ကလည်းကျန်တဲ့Power Bank တွေမှာတွေ့ခဲ့ပါတယ်။Power Bank ကို အားသွင်းဖို့အတွက်10W Micro - USB input ပေးထားပါတယ်။သူ့ အားသွင်းကြိုးနဲ့အားသွင်းရင်ငါးနာရီခွဲလောက်ကြာအောင်အားသွင်းရတယ်။Quick Charging မပါတာကအားနည်းချက်ပါ။Output က10.5Wရှိပြီး အားသွင်းပေးရမဲ့ပစ္စည်းအပေါ်လိုက်ပြီးအလိုအလျောက်Power Adjustment လုပ်ပေးနိုင်ပါတယ်။ပေးရတဲ့ဈေးနဲ့ ပြန်ရတဲ့အရည်အသွေး ကိုက်ညီပြီး၊ Xiaomi Power Bank က၀ယ်ပျော်ပါတယ်။