ဒီဇင်ဘာ ၃ ရက်နေ့တွင် စတင်ရောင်းချပေးမယ့် အရှေ့ 20 Megapixels ကင်မရာပါရှိသော Vivo V5 



Vivo V5 Smartphone ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပြည်တွင်းရှိ Vivo အမှတ်တံဆိပ်ရှိသော ဖုန်းဆိုင်များမှာ စတင်ရောင်းချပေးသွားမှာဖြစ်ပါတယ်။ အဆိုပါ Smartphone ကို နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ Pre-Order ဖြင့်လည်း ၀ယ်ယူနိုင်မှာဖြစ်ကာ Pre-Order ၀ယ်ယူသူတွေကို အထူးလက်ဆောင်တွေ ပေးအပ်သွားပါလိမ့်မယ်။

ဒီဖုန်းဟာ Selfie ပိုင်းအတွက် ဦးစားပေးထုတ်လုပ်ထားတာဖြစ်ပြီး Camera & Music ကို ထည့်သွင်းဖော်ပြထားတဲ့ Vivo ရဲ့ပထမဦးဆုံး Smartphone တစ်လုံးလည်း ဖြစ်ပါတယ်။ Vivo Myanmar ရဲ့ Chief Operating Officer ဖြစ်သူ Mr.Nelson Ni က “ Vivo ရဲ့ထုတ်ကုန်လိုင်းသစ်မှာ V5 ဆိုတဲ့ Model သစ်ကို ထပ်မံတိုးမြှင့်နိုင်ခဲ့ပါပြီ။ ဒီဖုန်းမှာ အဆင့်မြင့် ကင်မရာနည်းပညာသစ်တွေ ထည့်သွင်းပေးထားပါတယ်။ Selfie ရိုက်ကူးနိုင်မှု ခံစားချက်အသစ်ကိုရရှိနိုင်မှာဖြစ်တာကြောင့် ၀ယ်ယူသုံးစွဲသူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုပါတယ်။ ဈေးနှုန်းကတော့ ငွေကျပ် (၂၉၈၀၀၀) ဖြစ်ကာ Rose Gold နဲ့ Crown Gold တို့ကို ရွေးချယ်ဝယ်ယူနိုင်ပါလိမ့်မယ်။

ဖုန်းရဲ့ဒီဇိုင်းပိုင်းကို ပါးလွှာချောမွေ့မှုရှိအောင် ဖန်တီးပေးထားကာ ကိုယ်ထည်ကိုတော့ သတ္တုဖြင့်ပြုလုပ်ပေးထားပါတယ်။ အရွယ်အစားကတော့ 153.8 x 75.5 x 7.6 မီလီမီတာရှိပြီး အလေးချိန်က (154) ဂရမ်သာ ရှိတာကြောင့် ပေါ့ပါးတဲ့ Smartphone တစ်လုံးလို့ ဆိုနိုင်ပါတယ်။ မျက်နှာပြင်အရွယ်အစားကတော့ (၅.၅) လက်မရှိတဲ့အပြင် 2.5D Glass Display ကိုပါ အသုံးပြုပေးထားပါတယ်။ Screen Resolution ကတော့ (1280 x 720) HD ဖြစ်တာကြောင့် အသုံးပြုတဲ့အခါမှာ ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်စွမ်းရည်ကို ခံစားရရှိနိုင်မှာပါ။ ဖုန်းမျက်နှာပြင်မှာ Multitouch အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြုတဲ့အခါ အစင်းရာ၊ အခြစ်ရာ ဖြစ်ပေါ်မှုတွေမရှိစေဖို့အတွက် Corining Gorilla Glass ဖြင့် ဖုံးအုပ်ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းမျက်နှာပြင်ကို ကြည့်ရှုအသုံးပြုတဲ့အခါ မျက်စိအလင်းစူးခြင်းနဲ့ Blue Light တွေကို လျှော့ချပေးနိုင်မယ့် Eye Protection Mode လည်းပါရှိပါတယ်။ 

နောက်ပြီးတော့ ဒီဖုန်းမှာ Fingerprint လုပ်ဆောင်ချက်လည်းပါရှိတဲ့အပြင် သတ်မှတ်ထားတဲ့ Fingerprint ID ဖြင့် Screen Unlock ပြုလုပ်ခြင်းတွေကို (၀.၂) စက္ကန့်အတွင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် Fingerprint ID ဖြင့် အခြားလုပ်ဆောင်ချက်များစွာကိုလည်း လုပ်ဆောင်နိုင်ဦးမှာပါ။ Fingerprint Scanner ကို ဖုန်းရဲ့ Home Button မှာ ထည့်သွင်းပေးထားပါတယ်။ 64-Bit Octa-Core Processor ကို အသုံးပြုပေးထားတာကြောင့် ဂိမ်းတွေဆော့ကစားခြင်းနဲ့ Apps များ အသုံးပြုရာမှာ နှောင့်နှေးကြန့်ကြာမှု မရှိစေဘဲ မြန်ဆန်ချောမွေ့စေမှာ ဖြစ်ပါတယ်။ RAM (4) GB ပါဝင်တဲ့အပြင် ROM (32) GB လည်း ပါရှိတာကြောင့် အသုံးပြုသူတွေအတွက် အလွန်အဆင်ပြေစေမှာပါ။ ဒါ့အပြင် Memory ကို တိုးချဲ့အသုံးပြုလိုသူတွေအတွက် Sim Slot 2 မှာ Memory Card ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပြီး Memory ကို (256) GB အထိ တိုးချဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ Operating System မှာတော့ Android Version 6.0 (Marshmallow) ကိုအသုံးပြုပေးထားကာ Funtouch OS 2.6 UI လည်းပါရှိပါတယ်။ Smart Screen-Split လုပ်ဆောင်ချက်ကြောင့် ဗီဒီယိုကြည့်နေရင်း Chatting လုပ်ဆောင်ချက်တွေကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်မှာပါ။ Multi-tasking လုပ်ဆောင်ချက်တွေပါရှိတဲ့အတွက် အသုံးပြုသူတွေ အဆင်ပြေပြေ အသုံးပြုလို့ရမှာဖြစ်ပါတယ်။
  
အရှေ့ (20.0) Megapixels ကင်မရာဖြင့် ကောင်းမွန်လှပတဲ့ Selfie ပုံရိပ်များစွာကို ရိုက်ကူးမှတ်တမ်းတင်နိုင်မှာဖြစ်ပြီး Selfie Softlight လုပ်ဆောင်ချက်ပါရှိတာကြောင့် မည်သည့်အလင်းရောင်အခြေအနေမှာမဆို အဆင်ပြေစွာရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ နောက်ပြီးတော့ ရိုက်ထားတဲ့ပုံတိုင်းမှာ အစက်အပြောက်ထခြင်း၊ မှုန်ဝါးခြင်း စတာတွေ ဖြစ်ပေါ်စေခြင်းမှလည်း ကာကွယ်ပေးပါလိမ့်မယ်။ ဒါ့အပြင် Face Beauty Mode 6.0 လည်းပါရှိတာကြောင့် သဘာဝကျလှပတဲ့ Selfie ဓာတ်ပုံကောင်းများစွာကို ဖန်တီးရယူနိုင်မှာဖြစ်ပါတယ်။ အနောက်ကင်မရာကတော့ (13.0) Megapixels ရှိပြီး မြန်ဆန်တဲ့ Auto-Focus စနစ်တွေလည်း ပါဝင်ပါတယ်။ နောက်ပြီးတော့ အရှေ့နဲ့ အနောက်ကင်မရာများဖြင့် Full HD ဗီဒီယိုတွေပါ အလွယ်တကူရိုက်ယူနိုင်မှာ ဖြစ်ပါတယ်။ Audio ပိုင်းအတွက်လည်း အသံအရည်အသွေး အထူးကောင်းမွန်စေမယ့် AK4376 Hi-Fi Audio Chip ကို အသုံးပြုပေးထားတာကြောင့် ဆူညံမှုအသံအချိုးအဆကို (115dB) အထိ လျှော့ချပေးမှာပါ။ ဒါ့ကြောင့် သီချင်းနားထောင်ရင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်၊ ဗီဒီယိုတွေ ကြည့်ရင်ပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အသံထွက်တွေကိုနားဆင်ခံစားနိုင်မှာဖြစ်ပါတယ်။ 

နောက်ပြီးတော့ Non-removable Li-Ion 3000 mAh battery အမျိုးအစားကို အသုံးပြုပေးထားတာကြောင့် တစ်ခါအားသွင်းထားရင် ဖုန်းကိုအချိန်ကြာမြင့်စွာအသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ အားကုန်သွားရင်လည်း အားပြန်ဖြည့်သွင်းရာမှာ မြန်ဆန်စေဖို့အတွက် Fast Charging စနစ်တွေလည်း ပါရှိပါတယ်။ Vivo V5 Smartphone ကို 2G, 3G နဲ့ 4G Network တို့မှာ အဆင်ပြေပြေ အသုံးပြုနိုင်ပါလိမ့်မယ်။ Dual Sim အသုံးပြုလို့ရပြီး ဖုန်းခေါ်ဆိုခြင်းနဲ့ အင်တာနက်အသုံးပြုခြင်းတွေကို ကောင်းမွန်စွာလုပ်ဆောင်နိုင်မှာပါ။ Pre-Order မှာယူလိုသူတွေဟာ Vivo ကောင်တာရှိသောနေရာတွေမှာ ငွေကျပ် (၂၀၀၀၀) ပေးသွင်းကာ Pre-Order မှာယူနိုင်မှာပါ။ Pre-Order မှာတဲ့သူတွေကို V5 Gift Pack ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ (၃) ရက်နေ့တွင် ကြိုတင်မှာယူထားသောဆိုင်မှာ ငွေအပြည့်သွင်းပြီး V5 Smartphone ကိုရရှိမှာဖြစ်တဲ့အပြင် V Fan’s Limited Edition Earphone ကိုလည်း ထပ်မံရရှိပါလိမ့်မယ်။

Vivo ကုမ္ပဏီဟာ မြန်မာနိုင်ငံသို့ (၂၀၁၄) ခုနှစ် နှောင်းပိုင်းက စတင်ဝင်ရောက်လာတာပါ။ Vivo Myanmar အနေဖြင့် ပြည်တွင်းမှာ ဆိုင်ခွဲနဲ့ ဖြန့်ချိရေးစင်တာပေါင်း (၄၂၀၀) ကျော်ရှိပြီး အသုံးပြုသူတွေ အတွက် ကောင်းမွန်တဲ့ ၀န်ဆောင်မှုများစွာကို ပေးအပ်လျက်ရှိပါတယ်။ Vivo ဟာ လက်ရှိမှာ နည်းပညာဆိုင်ရာဆန်းသစ်တီထွင်မှုတွေအတွက် R & D ပိုင်းကိုလည်း အလေးထားလုပ်ဆောင်လျက်ရှိကာ အသုံးပြုသူများ အသိမှတ်ပြုလက်ခံလျက်ရှိတဲ့ အမှတ်တံဆိပ်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။