amsung Galaxy A3 SM-A300FU Android 5.0.2 Root လုပ်နည်း


Galaxy A3 SM-A300FU ဖုန်း ဗားရှင်း 5.0.2 ကိုထပ်မေးလာလို့
ပြန်တင်ပေးလိုက်ပါတယ်၊ ဒီဖုန်းအတွက် အသင့်ထွက်ရှိထားတဲ့ CF-Auto-Root ဖြင့်
Odin ကနေအလွယ်တကူ Flash ပေးပြီး Root access ကိုရယူနိုင်ပါတယ်။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows

Download Here CF-Auto-Root Package

CF-Auto-Root ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။