Galaxy J7 J700H ဖုန်းအတွက် Android 5.1.1 Lollipop ကို Root လုပ်နည်း

Galaxy J7 J700H ဖုန်းအတွက် Android 5.1.1 Lollipop ဗားရှင်းကို
 Root လုပ်နည်းတောင်းဆိုထားတဲ့ ညီအစ်ကိုအတွက် တင်ပေးလိုက်ပါပြီ။

ဒီဖုန်းကို Root လုပ်မယ်ဆိုရင်တော့ ပထမဆုံးလေ့လာထားသင့်တာက
TWRP Recovery ထည့်သွင်းကိုပါ၊ ဒီဗားရှင်း တစ်ခြား ဘယ် Root Tool နဲ့မှတိုးမပေါက်ပါဘူး
သူ့ကို အဆိုပါ TWRP Recovery ထည့်သွင်းပြီးမှာသာလျှင် Recovery Mode ကနေ SuperSu ဖြင့်
အလွယ်တကူ Flash ပေးပြီး Root Access ကိုရယူနိုင်မှာဖြစ်ပါတယ်။

Samsung Galaxy J7 ဖုန်းကို TWRP recovery ထည့်သွင်းနည်း

သင့်ဖုန်းမှာ TWRP Recovery ကိုထည့်သွင်းပြီးပြီဆိုရင်တော့

အောက်မှာပေးထားတဲ့ SuperSu.zip ဖိုင်ကိုရယူလိုက်ပါ

Download Here SuperSU file

SuperSu ဖြင့် Root လုပ်နည်း

=================

၁။ SuperSU package ဖိုင်ကိုဒေါင်းလော့ရယူပါ၊

၂။ ဒေါင်းလော့ရလာတဲ့ ဖိုင်ကို internal storage သို့ထည့်ပါ။

၃။ Custom Recovery သို့ဝင်ပါ၊ ဖုန်းကိုပါဝါပိတ်၊

 volume down and power keys ကိုတွဲနှိပ်ပါ။

၎။ backup option ထဲသို့ဝင်ပြီး System, Data, Boot,

Recovery, EFS များကို Swipe ဖြင့် Backp ပြုလုပ်ထားလိုက်ပါ။

၅။ TWRP menu ကိုသွားပြီး "install ">SuperSU file ဖိုင်ကိုရွေးပါ။

၆။ အားလုံးအသင့်ဖြစ်ပြီးဆိုရင်တော့ Swipe ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။

၇။ Rooting process တစ်ခုကို install ပြုလုပ်နေပါလိမ့်မယ်။

၈။ အားလုံးပြီးသွားရင်တော့ "Reboot system now" ကိုနှိပ်ပြီး Reboot ချပေးလိုက်ပါ။

ပြန်တက်လာတဲ့အခါ သင့်ဖုန်းမှာ Root access ရရှိနေပါပြီ။

Samsung Galaxy J7 All model Android 5.1.1 Lollipop Root လုပ်နည်း