Samsung Galaxy E7 SM-E700H Android 5.1.1 Lollipop Root လုပ်နည်း

Galaxy E7 ဖုန်းကိုင်ဆောင်ထားကြတဲ့ညီအကိုတွေအတွက်
ဗားရှင်း 5.1.1 Lollipop ကို Root အလွယ်လုပ်ယူနိုင်ပါပြီ။

ဒီဖုန်းအတွက် Root File က December 28, 2015 မှာထွက်ရှိလာတာ
ဖြစ်ပါတယ်၊ ဖုန်းကလစ်သူများနဲ့ Service မသားတွေအတွက်တော့
လုံးဝအကြိုက်ဖြစ်စေမယ့် Cf-auto-root file ပဲဖြစ်ပါတယ်။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows

CF-Auto-Root for Galaxy E7 SM-E700H

CF-Auto-Root ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။

အဆင်ပြေပါစေ