Samsung Galaxy A3 Duos SM-A3009 Android 4.4.4 Root လုပ်နည်း


Galaxy A3 Duos SM-A3009 အမျိုးအစား ဗားရှင်း 4.4.4 ကို Root လုပ်ချင်တဲ့
ညီအကိုများအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်၊ ဖုန်းကို Root မလုပ်မီ ဖြစ်နိုင်ရင်
Official Stock Rom ကိုအသင့်ရှာထားပြီးမှာ ဖုန်းကိုကလစ်စေချင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ ဖုန်းကို Root လုပ်နေရင်း Fail ဖြစ်ပြီး Firmware ကအလွယ်တကူ
ကြွသွားနိုင်တာမို့ ဖုန်းကိုကလစ်တော့မယ်ဆိုရင်တော့ ဖုန်းကို Backup ပြုလုပ်ထားသင့်ပါတယ်။

Root ရန်အတွက်လိုအပ်တာတွေကိုဒေါင်းလော့ရယူပါ

Click Here to Download Odin

Samsung USB Driver for Windows

Download Here CF-Auto-Root Package

CF-Auto-Root ဖြင့် Root လုပ်နည်း
======================
ဒေါင်းလို့ရလာတဲ့ Odin ကိုအရင်ဖွင့်လိုက်ပါ။
Odin က PDA ဆိုတဲ့နေရာမှာ CF-Auto-Root Files ဖိုင်ကိုထည့်လိုက်ပါ။
ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
Download mode >>> volume down + Home + power
ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
ပါဝါပြန်တက်လာပြီဆိုရင်တော့ Root Access ရရှိနေပါပြီ။

အဆင်ပြေပါစေ

www.kkrappmyanmar.com