အူရီးဒူးက တစ်မိနစ်လျှင် ဖုန်းခေါ်ဆိုခ ၂၀ ကျပ်ဖြင့် ၀န်ဆောင်မှုသစ် စတင်


အူရီးဒူးမြန်မာ ဆက်သွယ်ရေးကုမ္ပဏီက ဧပြီ ၁ ရက်မှ စတင်ကာ တစ်မိနစ်ဖုန်းခေါ်ဆိုခ ကို ၂၀ ကျပ်ဖြင့် ပြောဆိုနိုင်သည့် RED ၀န်ဆောင်မှု အစီအစဉ်ကို မိတ်ဆက်လိုက်ကြောင်း သတင်း ရရှိသည်။

RED ၀န်ဆောင်မှု အသုံးပြု သူများသည် ပုံမှန်ဖုန်းပြောဆိုခ တစ်မိနစ် ၂၅ ကျပ်မှ ၅ ကျပ် လျှော့ကာ ၂၀ ကျပ်ဖြင့် ပြောဆို နိုင်မည်ဖြစ်ပြီး ဖုန်းပြောဆိုခ တစ် ခုတည်းသာ လျှော့ဈေးဖြင့် အသုံးပြုနိုင်ကာ ကျန်မက်ဆေ့ခ်ျနှင့် အင်တာနက် နှုန်းထားများကို မူလသတ်မှတ်ချက်အတိုင်း ပေး ဆောင်ရမည် ဖြစ်သည်။

‘‘ဧပြီလအတွင်း ပထမဆုံး RED ၀န်ဆောင်မှု စတင်မှတ်ပုံ တင်သူတွေကတော့ ငါးရာကျပ် ပေးစရာ မလိုဘူး။ မြန်မာနှစ်သစ် ကူး အထိမ်းအမှတ်အဖြစ် အခမဲ့ မှတ်ပုံတင်နိုင်မှာ ဖြစ်ပါတယ်‘’ ဟု အူရီးဒူးမြန်မာ ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ Ross Cor−mack က ပြောသည်။

RED ၀န်ဆောင်မှုအစီအစဉ် ကို အသုံးပြုနိုင်ရန် အူရီးဒူးမြန်မာ မိုဘိုင်းဖုန်းအသုံးပြုသူများအနက် 5555 သို့ RED ဟု မက်ဆေ့ခ်ျ ပေးပို့ရမည်ဖြစ်ပြီး မှတ်ပုံတင် ကြေးအဖြစ် သုံးစွဲသူထံမှ ငါးရာ ကျပ်ဖြတ်တောက်သွား မည်ဖြစ် ကြောင်း ၎င်းကပြောသည်။

ဧပြီလအတွင်း အခမဲ့ မှတ် ပုံတင်သူများမှာ တစ်မိနစ်လျှင်ဖုန်းခေါ်ဆိုခ ၂၀ ကျပ်ဖြင့် ၁၅ ရက် ဖုန်းပြောဆို နိုင်ပြီး ယင်းဝန် ဆောင်မှုကို ထပ်မံရယူလိုပါက မှတ်ပုံတင်ကြေး ငါးရာကျပ်ပေးဆောင်ကာ ရယူနိုင်သည်။ ကျပ်ငါးရာဖြင့် အဆိုပါဝန်ဆောင်မှုကို သုံး စွဲသူများသည့် ရက် ၃၀ ကြာ အ သုံးပြုနိုင်မည်ဖြစ်ကြောင်း အူရီး ဒူး မြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး အကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ပြော သည်။ အူရီးဒူးမြန်မာသည် ပုံမှန် မိုဘိုင်းဖုန်း အသုံးပြုသူများအား ဖုန်းပြောဆိုခ တစ်မိနစ်လျှင် ၂၅ ကျပ်၊ မတ်ဆေ့ခ်ျ တစ်စောင်လျှင် ၁၅ ကျပ်၊ အင်တာနက်အသုံးပြု 1MB လျှင် ၁၀ ကျပ် သတ်မှတ်ထားသည်။

အူရီးဒူးမြန်မာသည် ၂၀၁၄ စက်တင်ဘာ လကုန်က ၎င်းတို့ ကွန်ရက်သုံး လူဦးရေ ၁ ဒသမ ၅ သန်းရှိသည် ဟု ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းအူရီဒူး ဆင်းမ်ကတ် အသုံးပြုသူဦးရေ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိပေ။