ပြည်တွင်းဈေးကွက်ေ၇ာက် FlagShip စမတ်ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy S6 Edgeနဲ့ခဏတာ



အရင်Galaxy စီးရီး မော်ဒယ်တွေလို ပလပ်စတစ်သားအခွံတွေကို ထားခဲ့ပြီး သတ္တုကိုယ်ထည်နဲ့ စမတ်ဖုန်းတွေစဉ်ဆက်မပြတ်ထုတ်လုပ်နေတဲ့ Samsung က Flagship အမျိုးအစားဖြစ်တဲ့ Galaxy S6 နဲ့ S6 Edge ကိုပြည်တွင်းဈေးကွက် ကို မိတ်ဆက်ခဲ့ပါတယ်။ Galaxy S6 ထက်ပါးလွှာတဲ့ S6 Edge ဟာ Gorilla Glass4 သုံးထားတဲ့နောက်ကျော်ဖုံးပါရှိတာကိုတွေ့ ရပါတယ်။

အလွယ်တကူသယ်ယူကိုင်တွယ်ဖို့ကောင်းပေမယ့် ပြုတ်ကျလွယ်မယ်ထင်တဲ့ ဘော်ဒီတည်ဆောက်မှုအချိုးအစားကလည်းမေ့မေ့လျော့လျော့ထားဖို့ကောင်းမယ်မထင်ပါဘူး။ 
ကင်မရာပိုင်းမှာ နောက်ကျောဘက်ကင်မရာကို 16 MegaPixel ပေးထားပြိးတော့ Selfieရိုက်ကူးသူတွေ အတွက်တော့ 5 Mega Pixel ပေးထားပါတယ်။ ကင်မရာမှာလည်းထပ်မံဖြည့်သွင်းထားတဲ့ Modelတွေဖြစ် တဲ့ Slow Motion,Fast Motionတို့အပြင် Virtual Shot ကိုပါတွေ့ရပါတယ်။Picture size,Video Size တွေကိုလည်းလိုအပ်သလို အတိုးအလျော့လုပ်လို့ရပါသေးတယ်။ Voice Controlပါ ပါဝင်လာတော့ ရိုက်ကူးဖို့အတွက် ခလုတ်လေးတွေညောင်းမနေတော့ဘူးပေါ့။ဒါကတော့ အပြင်ပန်းအရ မြင်ကြည့်မိတဲ့ အချက်အလက်တွေပါ၊ တကယ်တမ်း အသုံးပြုမှုမှာတော့ Samsung FalgShip စီးရီးအပါအ၀င် တစ်ခြားသော စီး၇ီးတွေလို ရုပ်ထွက်ကောင်းမွန်တဲ့ Display ကတော့ Samsung ရဲ့ မပြောင်းလဲတဲ့ Super AMOLED Display ကိုအသုံးပြုထားတဲ့အတွက် ရွှန်းစိုတဲ့ပုံရိပ်ထုတ်လုပ်နိုင်မှုဟာ တခြားသော စမတိဖုန်းတွေထက်သာလွန်မယ်လို့တော့ ထင်မိပါတယ်။

ဗီဒီယိုရိုက်ကူးမှုမှာလည်း HDနဲ့ Full HD အထိ Support ပေးထားတယ်။ ပြီးတော့နောက်ခံသီချင်း ထည့်သွင်းတာတွေ၊ Effect တွေစိတ်ကြိုက်ထည့်ပြီး Editလုပ်နိုင်တာကိုတွေ့ရတဲ့အတွက်အပျော်တမ်းဖြစ်ဖြစ် Proဆန်ဆန်လေးဖြစ်ဖြစ် ရိုက်ကူးပြီးအသုံးပြုသူတွေအနေနဲ့ စိတ်ကျေနပ်ဖွယ်ဖြစ်မှာပါ။

Social App တွေထပ်ပြီးတော့ ထည့်သွင်းစရာမလိုတော့အောင် Build-in ပါဝင်လာပါတယ်။ လိုအပ်မည့် Social Appတွေတော်တော်များများပေါ့။ ဒါတွေကိုတော့ WiFi ဖြစ်ဖြစ် Mobile Dataနဲ့တော့ download ရယူရပါလိမ့်မယ်။ Lollipop နဲ့ထွက်လာတဲ့ Galaxy S6 Edgeဟာ မြန်မာစာစနစ်နှစ်မျိုးကို လည်းရွေးချယ်အသုံးပြုခွင့်ပေးထားပါတယ်။ lolliop 5.0တုန်းက လိုအပ်ချက်တွေကို ပြင်ပြီးတော့ 5.0.2 အထိပြန်လည်ပေးထားတာကိုတွေ့ရပါတယ်။ Miscrosoftရဲ့ Appအနည်းငယ်ကို လည်းထည့်သွင်းပေးထား တာကိုတွေ့ရပါတယ်။

တစ်ခုထူးခြားတာကတော့ ပြည်တွင်းဈေးကွက်ကို နောက်ဆုံးဝင်လာခဲ့တဲ့ FlagShip စီးရီးတွေဟာ 4Gစနစ် ကိုအထောက်အပံ့ပေးလာတာပါပဲ။ 64 bit Octa Core Processor သုံးထားတဲ့အတွက် graphicကောင်းကောင်း မန်မိုရီများများနဲ့ဂိမ်းတွေကို စိုစိုပြေပြေဆော့နိုင်တာတွေ့ရပါတယ်။ပြီးတော့ မြန် ဆန်သွက်လက်တဲ့ ထိတွေ့မှုပိုင်းဆိုင်ရာကိုလည်း စိတ်ကျေနပ်ဖွယ်ပေးထားတာကိုတွေ့ရတယ်.။

ပြိးတော့ Flagship တွေမှာပါဝင်လာတဲ့ အီလက်ထရောနစ် Device တွေကိုထိန်းချုပ်နိုင်မယ့် Smart Remote ဆိုတဲ့ Feature ကတော့remoteတွေဓာတ်ခဲအားကုန်စရာမလိုတော့ဘူးပေါ့။ Heart Rate Sensor ကလည်းပိုပြီးတော့ တိကျလာတာကိုတွေ့ရပါတယ်။ဂရပ်ဖ်နဲ့ပါပြပေးထားတာပါ။

S health ထဲမှာလည်းပိုပြီးပြည့်စုံတဲ့ Featureတွေပါဝင်လာပါတယ်။ ကော်ဖီဘယ်နှစ်ခွက်သောက် တယ်၊ ရေဘယ်နှစ်ခွက်သောက်တယ်ကအစပေါ့။ အရင် Galaxy note Edgeလို Edge panel ကနေရာ အပြည့်မယူတော့ဘဲနဲ့ လိုအပ်တဲ့ Fuctionလေးတွေကို ထည့်သွင်းဖို့အတွက်ပဲ လုပ်ပေးထားတော့တယ်။

ဖုန်းအ၀င်တွေမှာလည်းဖုန်းကိုနေမှောက်ထားတဲ့အခါ Edge Lighting အလင်းလှိုင်းလေးတွေနဲ့ Noti ပြသပေးတာတွေ့ရတယ်။ အရင် Power Saving Mode လိုမဟုတ်တဲ့ Emergancy Mode ကတော့ပေးထားတဲ့နာမည်အတိုင်းပါပဲ ၊ အရေးပေါ်လိုအပ်ချက်တွေအသုံးပြုဖို့ကို စနစ်တကျ စီမံထားနိုင် တာတွေ့ရတယ်။ နည်းပညာပိုင်းအရ ထပ်မံစမ်းသပ်ဖို့ အချက်အလက်တွေ အများကြီးကျန်နေပေးမယ့် သာမာန်သုံးစွဲသူ တစ်ယောက်အနေနဲ့ သုံးစွဲမိတဲ့ အချက်အလက်တွေကိုေ၇းသားတင်ပြလိုက်ပါတယ်။