ဈေးနှုန်းချိုသာသော HTC Desire 526G ရဲ့ အားသာချက် ၊


အားသာချက်

ဒီဖုန်းဟာ ဈေးနှုန်းသင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာ မြန်မာစာစနစ် တစ်ပါတည်း ပါဝင်တဲ့အပြင် သတင်းအချက် အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်မယ့် Blinkfeed စနစ်လည်း ပါဝင်တာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာလည်း HTC ရဲ့ Zoe ကင်မရာကို အသုံးပြု နိုင်ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်က နည်းပါတယ်။ မှတ်ဉာဏ်ဟာ 8GB ပါဝင်ပေမယ့် အသုံးပြုတဲ့ အချိန်မှာတော့ 5GB ကျော်ကျော်လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုချင် တယ်ဆိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုရပါ လိမ့်မယ်။

ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ HTC ရဲ့ Desire 310 နဲ့ Desire 210 တို့ကို ပေါင်းစပ်ထားတဲ့ မျိုးဆက်သစ်ပုံစံမျိုးပါ။ ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်း တည်ဆောက် မှုဖြစ်ပြီး ကိုယ်ထည်ရဲ့ ဘေးဘောင် လိုင်းကတော့ သတ္တုကိုယ်ထည် လိုင်းပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပါ တယ်။ ဖုန်းရဲ့ Screen မြင်ကွင်းပိုင်းမှာတော့ Screen ဟာ ကိုယ်ထည်ကနေ အပေါ်ကို ဖောင်းကြွ ပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် Screen မျက်နှာပြင်ဟာ ကိုယ်ထည်ကနေ အပေါ်ကိုကြွနေတဲ့ ပုံစံမျိုး ရှိပါတယ်။ နောက်ဘက် ကာဗာဟာ ဖြုတ်နိုင်တပ်နိုင်တဲ့ ကာဗာအရှင်ပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစား ကတော့အထက်အောက် အမြင့်ဟာ ၁၃.၉၈ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်က တော့ ၆.၉၈ စင်တီမီတာရှိပါတယ်။ ဖုန်းရဲ့ အရွယ်အစားဟာ လက်ထဲမှာ ကိုင်တွယ် အသုံးပြုဖို့အတွက် လွယ်ကူ အဆင်ပြေတဲ့ အရွယ်အစားမျိုးပါပဲ။ ထုထည်ကတော့ ၀.၉၉ စင်တီမီတာဖြစ်ပြီး အလေးချိန်တော့ အနည်းငယ် ရှိပါတယ်။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာအသုံးပြုနိုင်ပါတယ်။ Micro Sim နှစ်ကတ်ထည့်သွင်းအသုံး ပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၇ လက်မရှိပြီး qHD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 540 x 960 Pixel (234 ppi pixel density) ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြည့်စုံတဲ့ စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပညာ ပိုင်းတွေကို အသုံးပြုထားတာမျိုး မဟုတ်ဘဲ အသုံးပြုသူတွေအတွက် စနစ်တွေကို စုံစုံလင်လင် အသုံးပြုနိုင်ဖို့ အတွက် ပြုလုပ်ထားတာ တွေ့ ရပါတယ်။ ဖုန်းထဲမှာတင် Video တွေ ကို Edit ပြုလုပ်ဖြတ်တောက်ခြင်း၊ ဆက်ခြင်းတွေ ကို ပြုလုပ်နိုင်မယ့် Movie Studio စနစ်၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်အဖြစ် ပြုလုပ်နိုင်မယ့် HighLights စနစ်တွေအပြင် ဓာတ်ပုံ ပြုပြင်နိုင်မယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ ဖောင့်စနစ်အတွက်လည်း ဇော်ဂျီမြန်မာစာစနစ် တစ်ပါတည်း ပါဝင်ပါတယ်။ ဓာတ်ပုံရိုက်ခံသူက ပြုံးမှအလိုအလျောက် ဓာတ်ပုံရိုက်ပေးမယ့် Smile Shutter စနစ်နဲ့ Facedetection, HDR အစရှိတဲ့ ကင်မရာစနစ် တွေကိုလည်းအသုံးပြုနိုင်ပါတယ်။ Android ဖုန်းအမျိုးမျိုးအပြင် iPhone တွေနဲ့ပါ Bluetooth စနစ်ချိတ်ဆက် အသုံးပြုနိုင်မယ့် Get Content from another phone ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.3 GHz CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ ချောမွေ့မှု ရှိနေပေမယ့် ဂရပ်ဖစ် စနစ်အတွက်တော့ သီးသန့် GPU ကိုထည့်သွင်း အသုံးပြုထား တာမျိုး မတွေ့ရဘဲ ဖုန်းမှာနဂိုပါဝင်တဲ့ ဂရပ်ဖစ်စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 32GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။ Bluetooth v4.0, A2DP, apt-X စနစ်နဲ့ micro USB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2000 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို  ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ အရွယ်အစားပိုင်းနဲ့  ကိုင်တွယ် အသုံးပြုခြင်း အပိုင်းမှာ အဆင်ပြေတာကို တွေ့ရပါတယ်။ ပုံစံဒီဇိုင်းကလည်း ကောင်းမွန်တဲ့အပြင် Sim Card နှစ်ကတ် အသုံးပြုနိုင်ပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ဆိုရမယ့် ဖုန်းပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ ကင်မရာ၊ CPU အစရှိတဲ့ စနစ်တွေဟာ မြင့်မားတဲ့အတွက် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုနိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယို စနစ်တွေအတွက်လည်း စနစ်တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ မှတ်ဉာဏ်ကတော့ 5GB လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုမယ် ဆိုရင်တော့ SD Card ကို အသုံးပြု ရပါလိမ့်မယ်။

Device Support : HTC
Price : 165,000 Ks

Internet Journal