သုံးစွဲသူများတောင်းဆိုချက်အရ BeeTalk ဗားရှင်းသစ်တွင် Look around ကို auto ပိတ်ပေးထား



BeeTalk သုံးစွဲသူများ၏ တောင်းဆိုချက်အရ နောက်ဆုံးထုတ်လုပ်ထားသော 2.1.4ဗားရှင်းသစ်တွင် Look Around ကို auto ပိတ်ထားနိုင်မည်ဖြစ်ပြီး မိမိရောက်ရှိနေသည့်နေရာကို အနီးအနားရှိ BeeTalk အသုံးပြုသူများ တွေ့မြင်နိုင်တော့မည်မဟုတ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ဗားရှင်းသစ်တွင် မိမိဘက်မှသူငယ်ချင်းများ စတင်ရှာဖွေလို၍ Look Around ကို ပြန်လည်ဖွင့် သုံးမှသာ မြင်တွေ့နိုင် မည်ဖြစ်ပြီးအသုံးပြုပြီးပါက ပြန်ပိတ် ထားနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ဗားရှင်းဟောင်းတွင် အဆင် မပြေခဲ့သည့် BeeTalk public acc များနှင့် စာမျက်နှာ များရောထွေးနေခြင်းကိုလည်း ပြန်လည်ပြုပြင် ထားပြီး ရှင်းလင်းသော ပုံစံဖြင့် မြင်တွေ့နိုင်မည် ဖြစ်သည်။ မိမိ follow လိုက်ရန်ရွေးချယ်ထားသော စာမျက်နှာများမှ Notification များရှုပ်ထွေးမှုမရှိစေရန် လည်း ပြင်ဆင်ပေးထားကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

BeeTalk မှ မားကက်တင်းမန်နေဂျာမနန်းမိုက “ ဒီတစ်ခေါက်ဗားရှင်းသစ်ရဲ့ ထူးခြားချက် ကတော့ မြန်မာ နိုင်ငံကလူတွေနဲ့ သင့်တော်မယ့်အချက်တွေကို အဓိကပြုပြင်ပေးလာတာပဲဖြစ်ပါ တယ်။ ပြည်တွင်းမှာ စစ်တမ်း တွေကောက်ပြီး အဲဒီကရလာတဲ့ ရလဒ်တွေကိုမှ အဆင်ပြေဆုံးပြောင်းလဲပေး ထားတာပါ” ဟု ပြောသည်။

BeeTalk မှ နောက်ဆုံးထွက် ရှိထားသော ဗားရှင်းအသစ် 2.1.4 အား www.beetalk.com.mmတွင် အခမဲ့ဒေါင်းလုတ်ရယူနိုင်ပြီး အူရီဒူး ဆင်းကတ်ဖြင့် အင်တာနက်အသုံးပြုသူဖြစ်ပါက အင်တာနက်ဖိုး အခမဲ့ဖြင့် ဇန်န၀ါရီလ ၃၁ ရက် နေ့အထိ ရယူအသုံးပြုနိုင်မည်ဖြစ်သည်။BeeTalk အပလီကေးရှင်းအား ၂၀၁၅ ဇန်န၀ါရီတွင်စတင်ခဲ့ပြီး မြန်မာဘာသာဖြင့် အသုံးပြုနိုင်သော Chatting app တစ်ခု ဖြစ်သည်။ လက်ရှိတွင် အသုံးပြုသူ ပေါင်း ၁၀ သန်းကျော်ရှိနေပြီ ဖြစ်ကြောင်းသိရသည်



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

Clash of clan =(KKR king)coc

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&