KENBO မှ Fly 031 Plus စမတ်ဖုန်းကို ဖေဖော်ဝါရီလတွင် ပြည်တွင်း ဈေးကွက်၌ ရောင်းချမည်



KENBO Smartphone ကုမ္ပဏီမှ နောက်ဆုံးပေါ်နည်းပညာများဖြင့် ထုတ်လုပ်ထားသည့် Fly 031 Plus မိုဘိုင်းစမတ်ဖုန်းကို ပြည်တွင်း ဈေးကွက် ၌ ဖေဖော်ဝါရီလအတွင်း စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါမိုဘိုင်းဖုန်းတွင် ကင်မရာကိုအရှေ့အနောက် တစ်ပြိုင်နက် အသုံးပြုနိုင်သော PIP (Picturer In Picture)၊ VIV (Video In Video) စနစ်များ ထည့်သွင်းပေးထားပြီး ဓာတ်ပုံရိုက်ကူးရာတွင် အလင်းနှင့် Focus ကိုသီးခြားစီခွဲခြားပေးနိုင်သော Professional ကင်မရာ Function များလည်း ပါဝင်ကြောင်းသိရသည်။

ထို့အပြင် Octa Core CPU 1.3 GHz၊ DDR3 RAM 2GBနှင့် ROM 16GB တို့ကိုအသီးသီးထည့် သွင်း ပေးထားသော ကြောင့် Touch လုပ်ဆောင်ချက်များကိုချောမွေ့စေနိုင် မှာဖြစ်သည်။ မျက်နှာပြင် အရွယ်အစား 5.2လက်မရှိကာ 2.5D Screen နှင့် IPS နည်းပညာ 1920*1080 Pixels Full HD ရုပ်ထွက်ရရှိစေမည်ဖြစ်သည်။ အရှေ့ အနောက်နှစ်ဘက်စလုံးတွင် LED Flash မီးများထည့် သွင်းပေးထားကာ ဖုန်းမျက်နှာပြင်တွင်လည်း အစင်းရာ ခြစ်ရာဖြစ်ပေါ်မှုကိုကာကွယ်ပေးမည့် Corning Gorilla Glass 3 နည်းပညာသုံးမှန်ချပ်ပြားများကို အသုံးပြုထား သည်။

အရှေ့ကင်မရာ 5MP နှင့်နောက်ကင်မရာ 13 MP တို့ ပါဝင်ကာ မည်သည့် မိုဘိုင်းကွန်ရက်တွင်မဆို အသုံးပြုနိုင်အောင် Dual SIM အနေဖြင့် ထုတ်လုပ် ဖန်တီးပေးထားသည်။ ကင်မရာကို PADF (Phase Detection Autofocus) စနစ်ဖြင့် ပြုလုပ်ထားသည့် အတွက်လျင်မြန်သည့်ရုပ်ပုံများကို ရိုက်ကူးရာ တွင် ၀.၂ 0.2 Second ဖြင့် ကြည်လင်တောက်ပစွာရိုက်ကူးနိုင်မည်ဖြစ် သည်။ ကိုယ်ထည်ဘေးဘောင်တစ်ခုလုံးကို ခိုင်မာ မှုရှိစေရန်အတွက် Metallic နည်းပညာဖြင့် ပြုလုပ်ထားပြီးတစ်နေ့တာသုံးစွဲမှုလုံလောက်မှု ရှိစေရန်အတွက် 2900 mAh ဘက်ထရီကိုထည့်သွင်းပေးထားသည်။ ဘက်ထရီအသုံးပြုရာတွင် ပိုမိုကြာရှည်ခံနိုင်သော Battery Saving စနစ် များလည်း ပါဝင်ကြောင်းသိရသည်။ Android version 5.1 (lollipop) ကို အသုံးပြုထားသည်။

၎င်းစမတ်ဖုန်းကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင် ကာကြိုတင်မှာယူနိုင်ပြီးမှာယူသည့် ဖုန်းတိုင်းတွင် Nanometer နည်းပညာဖြင့် ပြုလုပ်ထားသော Orginal မကွဲမှန်ပါရှိသည်။ Fly O31 Plus ၀ယ်ယူသူတိုင်း KENBO အမှတ်တံဆိပ်ပါဘောလုံး၊ မှန်ကပ်၊ ဖုန်းကာဗာ အကြည်နှင့် Phone Stand အစရှိသည်တို့ကို လက်ဆောင်အဖြစ် ပေးအပ် သွားမှာဖြစ်သည်။ အရောင်အနေဖြင့် အဖြူရောင်နှင့် အနက်ရောင်ဟူ၍ ရွေးချယ်ဝယ်ယူ နိုင်မှာဖြစ်ပြီး ဈေးနှုန်းကို ၂ သိန်းဝန်းကျင် သတ်မှတ် ထားပါသည်။ စိတ်ပါဝင်စား၍ ၀ယ်ယူလိုသူများသည် ဖုန်း 09-300585 42 (YGN), 09-250111800 (MDY) သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။


(kkrappmyanmar) SMS ပိုပေးပါ


®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&