မန်မာပလာဇာရှိ Huawei Branded Shop ဖွင့်ပွဲနှင့်အတူ Huawei GR5 ကို စတင် မိတ်ဆက်ရောင်းချမည်


မြန်မာပလာဇာရှိ Huawei Branded Shop ဖွင့်ပွဲအခမ်းအနားနှင့်အတူ Fingerprint ပါဝင်ပြီး ဆန်းသစ်သော လုပ်ဆောင်ချက်များဖြင့် အသုံးပြုနိုင်မည့် GR5 ဟန်းဆက် မိတ်ဆက်ရောင်းချပွဲကို ဇန်န၀ါရီလ ၂၄ ရက်တွင် နံနက် ၁၀ နာရီမှစတင်ကာ မြန်မာပလာဇာ၌ ဖျော်ဖြေရေးများဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

Huawei GR5 ကို ထိုနေ့မှစတင်၍ ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး GR5 မိတ်ဆက်ပွဲသို့ Huawei ၏ Brand Ambassador ဝတ်မှုံရွှေရည်အပါအဝင် အခြားအနုပညာရှင်များ တက်ရောက်မည်ဖြစ်ပြီး အနုပညာရှင်များ၏ ဖျော်ဖြေရေးအစီအစဉ်များ၊ ဂိမ်းအစီအစဉ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။ GR5 ဟန်းဆက်တွင် အသုံးပြုထားသည့် Fingerprint Sensor 2.0 မှာ Mate7နှင့် G7Plus တွင် ပါဝင်သည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်သည့်အပြင် fingerprint ဖြင့် ဖုန်းအဝင်လက်ခံနိုင်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးရာတွင် အသုံးပြုနိုင်ခြင်း၊ နှိုးစက်ပိတ်နိုင်ခြင်း၊ fingerprint sensor ပေါ်တွင် လက်ဖြင့် အပေါ်မှအောက်၊ အောက်မှအပေါ်သို့ ပွတ်ဆွဲခြင်းဖြင့် notification bar ကို ကြည့်နိုင်၊ ပိတ်နိုင်ခြင်း၊ notification bar ကို ကြည့်နေချိန်တွင် fingerprint sensor ပေါ်သို့ လက်ဖြင့် နှစ်ချက်ထိလိုက်ပါက notification alert များကို ဖယ်ရှားပေးပြီး notification bar ကို အပေါ်သို့ပြန်တင်နိုင်ခြင်း ကဲ့သို့သော အခြားစမတ်ဖုန်းများတွင် မပါဝင်သော ဆန်းသစ်သည့် လုပ်ဆောင်ချက်များကို ဆောင်ရွက်နိုင်မည်ဟု သိရသည်။

ထို့အပြင် နေ့လယ်စာစားချိန်များတွင် ဖုန်းကို စက္ကန့်ဝက်ဖြင့် unlock ပြုလုပ်ပြီး အထူးလုပ်ဆောင်ချက်ဖြစ် သည့် Food Mode ကိုအသုံးပြုကာ ပရော်ဖက်ရှင်နယ်ဆန်ဆန် ရိုက်ကူးနိုင်ပြီး အစားအသောက်နှင့် ပတ်သက်သော ထင်မြင်ချက်များကို facebook အစရှိသော social media များတွင် တင်နိုင်မည်ဟု သိရသည်။



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&