LG K10 VS LG K7 



LG ရဲ့ K series စမတ်ဖုန်းတွေဟာ ရေပန်းအစားဆုံး L series တွေရဲ့ အောင်မြင်မှုလို့ ပြောနိုင်ပြီး L series တွေဟာဆိုရင် တတိယ မြောက်မျိုးဆက်ကို ရောက်ရှိခဲ့ပါတယ်။ LG ရဲ့ စမတ်ဖုန်းအသစ်တွေ ထွက်ရှိလာတာကြောင့် LG brand နှစ်သက်သူတွေအတွက် အဆင်ပြေပြီး LG K10 ကိုလည်း မျက်နှာပြင် ခပ်ကြီးကြီး ကိုင်ဆောင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ K10 နဲ့ K7 တို့မှာ Android OS 5.1 (Lollipop) ကို run ပေးထားပါတယ်။ LG K10 ရဲ့ အဓိကကင်မရာဟာ 8MP ဖြစ်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင် ထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ပါရှိပြီး microSD ကတ် စိုက်သုံးနိုင်ပါတယ်။ LG K7 ရဲ့ ကျောဘက်မှာ 5MP ကင်မရာကို တွေ့ရပြီး LED flash မီး သုံးနိုင်ပါတယ်။ ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး ဖုန်းအတွက် Li-Ion 2125mAh ဘက်ထရီ သုံးစွဲထားပါတယ်။ LG K7 ကို အဖြူ၊ အနက်၊ ရွှေရောင် (၃) မျိုး ရရှိနိုင်ပြီး ဖုန်းတွင်းသိုလှောင်မှုပမာဏ 8GB ကို ထည့်သွင်းထားပါတယ်။
* Design *
1. LG K10 
LG K10 ကို G Series တွေရဲ့ ထူးကဲတဲ့ဒီဇိုင်းမျိုးအတိုင်း ဖန်တီးပေးထားတာ တွေ့ရပြီး ကျောဘက် ဒီဇိုင်းဟာ အခြားဖုန်းတွေထက် ဆန်းပြားပါတယ်။ ပင်မကင်မရာအောက်ခြေမှာ control deck ပါဝင်ပြီး ကျောပြင်ဟာ ချောမွေ့ပြောင်လက်နေပါတယ်။
2. LG K7 
LG K7 မှာ ကျောဘက်ဟာ ပိုမိုကျစ်လျစ်ပြီး K10 ရဲ့ ပြောင်လက်ချောမွေ့တဲ့ ကျောပြင်နဲ့တော့ ကွာခြားပါတယ်။ K7 ကို ကိုင်သုံးတဲ့အခါ လက်ထဲကနေ ချော်ထွက်သွားတာမျိုးမရှိဘဲ သုံးလို့ကောင်းပါတယ်။ ကိုယ်ထည်ဒီဇိုင်းကတော့ K10 အတိုင်း တူညီတဲ့ပုံစံပါပဲ။
* Processor *
1. LG K10 
ဖုန်းရဲ့စွမ်းဆောင်ရည်ပိုင်းကို 3G အတွက်ဆို quad-core 1.3GHz မန်နှုန်းရှိ processor နဲ့ LTE အတွက်ကတော့ 1.14GHz မြန်နှုန်းရှိ processor တို့က အကောင်းဆုံး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ 1GB, 1.5GB, 2GB RAM အမျိုးမျိုး ပါဝင်ပါတယ်။
2. LG K7 
K7 ရဲ့အတွင်းပိုင့်း  hardware တွေ ကောင်းမွန်ပြီး စွမ်းဆောင်ရည်အတွက်ဆို LTE model မှာ quad-core 1.1GHz processor ထည့်သွင်းထားပြီး 3G မှာဆိုရင် 1.3GHz quad-core processor ရဲ့ လုပ်ဆောင်ချက်တွေကို ရရှိနိုင်ပါတယ်။
* Display *
1. LG K10 
LG ရဲ့ အသစ်ထွက်ရှိလာတဲ့ mid-range (၂) လုံးထဲမှာ အကြီးဆုံးမျက်နှာပြင်ကို ပိုင်ဆိုင်ထားပြီး မျက်နှာပြင်ဟာ ၅.၃ လက်မ အရွယ်ရှိပါတယ်။ Resolution ကတော့ 720 x 1280 pixesl HD အရည်အသွေး ပြည့်မီပြီး ရုပ်ထွက်သိပ်သည်းဆ 277ppi ပါဝင်ပါတယ်။
2. LG K7 
LG K7 ရဲ့ မျက်နှာပြင်ဟာ ၅ လက်မအရွယ်ရှိပြီး IPS LCD Display မျိုး ဖြစ်ပါတယ်။ ရုပ်ထွက် အရည်အသွေးကတော့ 480 x 854 pixels ရှိပြီး ရုပ်ထွက်သိပ်သည်းဆ 196ppi ကို ပေးစွမ်းနိုင်တဲ့ မျက်နှာပြင်ကို ခံစားကြည့်ရှုနိုင်ပါတယ်။
* Verdict *
1. LG K10 
LG K10 ရဲ့ ထူးခြားချက်ကတော့ ကြီးမားတဲ့မျက်နှာပြင် ပါဝင်နေတာဖြစ်ပြီး K10 အတွက် flip cover တစ်ခုကို LG က သီးသန့်ထုတ်လုပ်ပေးထားတာ တွေ့ရပါတယ်။ Display ရဲ့ ညာဘက်တစ်လျှောက်လုံး ထိုးဖောက်မြင်နိုင်တဲ့ strip မျိုးဖြစ်ပြီး နာရီ၊ နေ့စွဲ စတာတွေ အလွယ်တကူ မြင်တွေ့နိုင်ပါတယ်။
2. LG K7 
LG စမတ်ဖုန်းတွေ နှစ်သက်တဲ့သူတိုင်းအတွက် သဘောကျစရာကောင်းတဲ့အချက်တွေ ပါဝင်နေအောင် ဖန်တီးပေးထားတာပဲ ဖြစ်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို ဒီဇိုင်းပိုင်းမှာလည်း ဆွဲဆောင်မှုရှိတဲ့ LG K7 ရဲ့ ပြီးပြည့်စုံတဲ့အလှကိုပါ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။


**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။


(kkrappmyanmar) SMS ပိုပေးပါ


®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&