HTC Desire 728G ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာ နှင့် အသေးစိတ်ဖော်ပြချက်များ


Devuce Support - HTC
Price : 269,000
အားသာချက်
တန်ဖိုးသင့် အလယ်အလတ်တန်းစား ဖုန်းအမျိုးအစား တစ်ခုဖြစ်သော်လည်း HTC ၏မြင့်မားသော နည်းပညာများ ပါဝင်သည့်အပြင် CPU, GPU, Camera အစရှိသော စနစ်များတွင် မြင့်မားကောင်းမွန်သော စမတ်ဖုန်း တစ်လုံးဖြစ်သည်။ OS နှင့် HTC Sense တို့တွင်လည်း ဗားရှင်းမြင့်မားသော ဖုန်းဖြစ်ပြီး အကြမ်းခံ ပေါ့ပါးသော ဖုန်းအမျိုးအစား တစ်ခုဖြစ်သည်။

အားနည်းချက်
ဖုန်းတွင်ပါဝင်သော မှတ်ဉာဏ်မှာ 8GB ဖြစ်သော်လည်း 4GB ခန့်သာ အသုံးပြုနိုင်မည် ဖြစ်သောကြောင့် မှတ်ဉာဏ်ပိုင်းတွင် နည်းနေမည်ဖြစ်ပြီး မှတ်ဉာဏ်များများ အသုံးပြုလိုပါက SD Card ကို ထည့်သွင်း အသုံးပြုရမည် ဖြစ်သည်။

ဒီဇီုင်း
အနားထောင့် လေးဖက်သည် အနည်းငယ် ဝန်းဝိုင်းသော်လည်းတည် ငြိမ်သော ပုံစံဒီဇိုင်းမျိုး ရှိသည်။ ဖုန်းကိုယ်ထည်၏ ဘေးဘောင်များအား သတ္တုကိုယ်ထည်ဖြင့် တည်ဆောက်ပေးထားပြီး နောက်ဘက် ကာဗာမှာ ပွန်းရှခြင်း ပေကျံခြင်းများကို အလွယ်တကူ ပျောက်သွားစေနိုင်သော နည်းပညာပါဝင်သည့် နူးညံ့သော ပလတ်စတစ်သားကို အသုံးပြုထားသည်။ ဖုန်း၏အရွယ်အစားမှာ အထက်အောက်အမြင့် ၁၅.၇၉ စင်တီမီတာ၊ ဘေး တိုက်အ ကျယ် ၇.၇၈ စင်တီမီတာနှင့် ထုထည်မှာ ၀.၇၉ စင်တီမီ တာရှိမည် ဖြစ်သည်။ အလေးချိန် ၁၅၃ ဂရမ်ရှိပြီး ကိုင်တွယ်အသုံးပြုချိန်တွင် ပေါ့ပါးသော ဖုန်းဖြစ်သည်။

မြင်ကွင်း
ရှေ့ Screen မျက်နှာပြင်မှာ ၅.၅ လက်မရှိသော Super LCD 2 Screen အမျိုးအစားဖြစ်ပြီး 720 x 1280 pixels (~267 ppi pixel density) ထိ ရရှိနိုင်မည် ဖြစ်သည်။

နည်းပညာ
နည်းပညာပိုင်းတွင် HTC ၏ Sense 7 တွင်ပါဝင်သော Themes Store ပါဝင်လာမည်ဖြစ်ပြီး ဖုန်း၏ မြင်ကွင်းများနှင့် Application Icon များကို စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်ပြီး Android Key စနစ်များဖြစ်သော Home, Back, Menu စနစ်များအား မိမိစိတ်ကြိုက် ဘယ်ညာ လိုအပ်သလို စိတ်ကြိုက်ရွှေ့ပြောင်း အသုံးပြုနိုင်မည် ဖြစ်သည့်အပြင် HTC ၏ One M9 တွင်ပါဝင်သော Sense7 Feature များကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာပိုင်းတွင်လည်း အသုံးပြု စနစ်များအား စုံစုံလင်လင် ထည့်သွင်းပေးထားသည်။ အသံပိုင်း အတွက်လည်း HTC BoomSound စနစ်နှင့် Dolby Audio စနစ်နှစ်ခုကို ပေါင်းစပ်ပြုလုပ် ပေးထားပြီး HTC ဖုန်းများတွင် ပါဝင်သော အခြားဖုန်းများနှင့် အလွယ်တကူ ချိတ်ဆက်နိုင်သည့် Get content from another phone စနစ်၊ HTC Cover များနှင့် တွဲဖက်အသုံး ပြုနိုင်သော Dot View စနစ် အစရှိသည်တို့ ပါဝင်မည် ဖြစ်သည်။

အသေးစိတ်ဖော်ပြချက်
Octa-core 1.3 GHz Cortex-A53 CPU ကို အသုံးပြုထားပြီး ဂရပ်ဖစ်စနစ်အတွက်လည်း Mali-T720MP3 GPU နှင့် Mediatek MT6753 Chipset တို့ကို အသုံးပြုထားသည်။ Internal Memory 8GB နှင့် RAM 1.5GB ပါဝင်မည်ဖြစ်ပြီး Micro SD Card 200GB ထိ ထပ်တိုးအသုံးပြု နိုင်သည်။ 13Mega Pixel နောက်ဘက် ကင်မရာနှင့် 5 Mega Pixel ရှေ့ကင်မရာတို့ ပါဝင်မည်ဖြစ်သည်။ Android OS Version 5.1နှင့် Sense 7 ကို အသုံးပြုထားပြီး ဘက်ထရီမှာ Li-Po 2800 mAh ဘက်ထရီဖြစ်သည်။ GSM 2G/ 3G ကွန်ရက်များတွင် အသုံးပြုနိုင်သည့်အပြင် CDMA ကွန်ရက်အတွက် CDMA 800 MHz EVDO စနစ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်သည်။ Nano Sim နှစ်ကတ် အသုံးပြုနိုင်သော Dual Sim ဖုန်းအမျိုးအစားဖြစ်ပြီး Sim One မှာ CDMA 3G နှင့် GSM 3G စနစ်နှစ်မျိုးလုံးကို ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ် ကြည့်မည်ဆိုပါက  728 သည် ဖုန်း၏ Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းအမျိုးအစားတစ်ခု ဖြစ်သည့်အပြင် ပြည်တွင်း၏ မိုဘိုင်းဖုန်း ကွန်ရက်စနစ် များဖြစ်သော GSM နှင့် CDMA 800MHz ကွန်ရက်နှစ်မျိုးလုံးတွင် အသုံးပြုနိုင်ခြင်းကြောင့် ကွန်ရက်စနစ်ပိုင်း တွင်လည်း အားသာချက်ရှိသော ဖုန်းဖြစ်သည်။ OS Version နှင့် HTC Sense မှာလည်း မြင့်မားသောကြောင့် အသုံးပြုသူများ အနေနှင့် ကောင်းမွန်သော ၀န်ဆောင်မှုများကို အသုံးပြုနိုင်မည် ဖြစ်သည်။ မှတ်ဉာဏ် 4GB ခန့်သာ အသုံးပြုနိုင်မည် ဖြစ်သော်လည်း 16GB, RAM 2GB အမျိုးအစားကိုလည်း နောက်ပိုင်းတွင် တင်သွင်းလာမည် ဖြစ်သည်။

**Step-1အောက်က Download Button
**Step-2"5sec"လောက်စောင့်ပေးပါ။
**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။
**Step-4 Download Linkကျလာပါလိမ်းမယ်။
*အဆင်ပြေပါစေဗျာ။
Downloadအဆင်မပြေရင် 
ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)
www.kkrappmyanmar.wordpress.com/

https://www.facebook.com/Kkrappmyanmar-812055832149065/

www.facebook/group kkrappmyanmar
Add Wechat Id ={kkrappmyanmar}
FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား
 
မောင်အောင်မြည်ဇော်(နည်းပညာ) 
!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!
FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။

(kkrappmyanmar) SMS ပိုပေးပါ

®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 
•°•°×•°•°•×°•°•°•×°•°•°•
{{Arakan.BTD နည်းပညာ}}
&&&&&&&&&&&&&&&&&