Gionee ရဲ့ Marathon M5 Plus



ဒီဇင်ဘာ၂၁ရက်မှာ တရုတ်နိုင်ငံအခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Gionee ဟာ သူတို့ကုမ္ပဏီရဲ့ မျိုးဆက်သစ်စမတ် ဖုန်းကို တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ ရှိတဲ့ Gionee စမတ်ဖုန်းစက်ရုံတည်ရှိရာ တုံကွမ်းစက်မှုဇုန်မှာ ပြုလုပ်ကျင်းပ ခဲ့ပါတယ်။ နောက်ဆုံးပေါ်စမတ်ဖုန်းဖြစ်တာနဲ့ အညီလုပ်ဆောင်ချက်တွေ ကလည်း ကောင်းမွန်ပြီး လက်ရှိအချိန်မှာ လူကြိုက်များစေမယ့် ဘက်ထရီ စွမ်းဆောင်ချက်တွေ ကင်မရာစွမ်းဆောင်နိုင်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ မိတ်ဆက်ပွဲမှာတော့ သူတို့ကုမ္ပဏီရဲ့ ဘက်ထရီသက်တမ်း တာရှည်ခံနိုင် ဆုံးဖြစ်တဲ့ Gionee Marathon M5 ရဲ့မျိုးဆက်သစ်ဖုန်းဖြစ်တဲ့ Marathon M5 Plus ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ M Series တွေဟာ ဘက်ထရီသက်တမ်း တာရှည်ခံနိုင်ဖို့ကို ဦးတည်ထုတ်လုပ်ထားတာဖြစ်ပြီး ယခုဖုန်းမှာတော့ 5020mAh စွမ်းအားကို ပေးစွမ်းထားပါတယ်။ Gionee ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ William Lu ရဲ့ပွဲမှာ ပြောကြားချက်တွေအရတော့ M5 Plus ဟာ Business ဦးစားပေးဖုန်းဖြစ်တယ်လို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် Business နဲ့ပတ်သက်တဲ့ Business တွေကိုသီးသန့်ထည့်သွင်းပေးထားလို့ပါ။ M5 မှာတုန်းက Dual Battery Cell အမျိုးအစားကိုအသုံးပြုခဲ့ပြီး၊ မျိုးဆက်သစ် ဖုန်းမှာတော့ ပိုမိုကောင်းမွန်တဲ့ဘက်ထရီစနစ်ကို စတင်သုံးစွဲ လာပါတယ်။

ဖုန်းရဲ့ဘက်ထရီသက်တမ်းဟာ အသင့်အနေအထားအတွက် ၃၄ ရက်တိတိ တာရှည်ခံနိုင်စွမ်းရှိ ပြီး အမြဲမပြတ်ဂိမ်းဆော့တာ တီဗီ ကြည့်တာ တွေကို ပြုလုပ်နေသူ တွေအတွက်ကတော့ ၂ ရက်ကြာခံ နိုင်စွမ်း ရှိမှာဖြစ်ပါတယ်။ ဘက်ထရီအားသွင်းတဲ့ စနစ်ကလည်း မြန်ဆန်ပြီး သူ့ရဲ့အားသွင်းတဲ့ စနစ်ဟာ ၁၁၇မိနစ်ကြာ အားသွင်းရုံနဲ့ ၀ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်း စွမ်းအားကိုရရှိစေမှာဖြစ်ပါတယ်။ စမတ်ပါဝါနည်းပညာကို သုံးစွဲထား တာကြောင့် M5 Plus စမတ်ဖုန်းဟာ အခြားမိုဘိုင်းဖုန်း ၂ လုံးကိုပါ တစ်ပြိုင်နက် တည်းအားပြန်လည်ဖြည့်သွင်းပေး နိုင်မှာဖြစ်ပါတယ်။ အာရှနိုင်ငံတွေအတွက်ဦးတည်ပြီး ထုတ်လုပ်လိုက်တဲ့ စမတ်ဖုန်းဖြစ်တာ ကြောင့် မိုဘိုင်းကွန်ရက်ပေါင်းများစွာတွင် ၀င်ရောက်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ M5 Plus ရဲ့နောက်ထပ်လုပ်ဆောင်ချက်ကတော့ Smart Power Consumption ဖြစ်ပြီး ဖုန်းရဲ့မလိုအပ်တဲ့ Application သုံးစွဲမှုတွေ Data သုံးစွဲမှုတွေကိုလျော့ချပေးမှာဖြစ်ပါတယ်။ Extreme Mode ကိုသာသုံးစွဲမယ် ဆိုရင် ဘက်ထရီ ၅ ရာခိုင်နှုန်းရှိနေတဲ့အခြေအနေဟာ အသင့် အနေအထား အတွက် ၆၂ နာရီကြာခံနိုင်ရည်စွမ်းရှိမှာဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် M5 Plus ကို 2499RMB ဖြစ်ပြီး၊ ပြီးခဲ့တဲ့ဇွန်လကဖြန့်ချိခဲ့တဲ့ M5 ကိုတော့ 1999 RMB နဲ့ဝယ်ယူနိုင်မှာ ဖြစ်ပါ တယ်။ ရရှိနိုင်မယ့်ရက်စွဲကတော့ ဒီဇင်ဘာ ၂၅ တွင်တရုတ်နိုင်ငံဈေးကွက်မှာ M5 Plus ကိုစတင်ဖြန့်ချိမှာဖြစ်ပြီး၊ အခြား ဈေးကွက် တွေကိုတော့ ၂၀၁၆နှစ်လယ်ပိုင်းလောက်မှာသာ ရရှိနိုင် ပါလိမ့်မယ် ...

<1080p HD မျက်နှာပြင်ဖော်ပြနိုင်စွမ်း>
စမတ်ဖုန်းတစ်လုံးအတွက်မျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာ အရေးကြီးလှ ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြနိုင် စွမ်း ရရှိမှသာ ဂိမ်းတွေ ဆော့ကစားတာ၊ ရုပ်ရှင်ကားတွေကြည့်တဲ့အချိန်မှာ စိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် M5 Plus ရဲ့ မျက်နှာပြင်ပုံရိပ်ဖော်ပြမှုကို အကောင်းဆုံး စွမ်းဆောင် ပေးနိုင်မယ့် HD (1080 × 1920 pixels) ကိုပေးစွမ်းထားပါ တယ်။ Display ကတော့ AMOLED ဖြစ်ပြီး ၆.၀ လက်မ မျက်နှာပြင်မှာ ပုံရိပ်တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့ 368ppi နဲ့ ထောက်ပံ့ပေးထား ပါတယ်။ Black screen အပြည့်သုံးစွဲတာဖြစ်ပြီး ၆လက်မအပြည့်ကို သုံးစွဲနိုင် မှာဖြစ်ပါတယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာဖုန်းကို အသုံးပြုရင်တောင်မှမြင်ကွင်းတွေကို အနှောင့် အယှက်မဖြစ်ဘဲကြည့် နိုင်ပါလိမ့်မယ်။ Display ပိုင်းကိုကြည့် လိုက်မယ်ဆိုရင် အခြားဖုန်းတွေနဲ့ ယှဉ်လိုက်တဲ့အခါမှာ M5 Plus ဟာ ၇၇.၅% နှုန်းလောက်ကိုပိုင်ဆိုင်စေမှာပါ။ Galaxy Note 5 နဲ့ယှဉ်ကြည့်လိုက်ရင်တော့ ၅.၇ လက်မမှာ ၇၆.၈၃% သာရရှိမှာပါ။

<13MP ကင်မရာနဲ့ Selfie အတွက် 5MP>
အခုဆိုရင် ဖုန်းများရဲ့ထပ်တိုးလုပ်ဆောင်ချက်တွေထဲမှာ ကင်မရာကို ပါထည့်သွင်းလာကြပါပြီ။ စမတ်ဖုန်းကိုနေရာအစုံ ယူဆောင်သွားလို့ ရနိုင်တာကြောင့် ကင်မရာဟာအပျော်တမ်းဓာတ်ပုံရိုက်လို့ရတဲ့ အသေးစား ကင်မရာလောက်တော့ ကောင်းဖို့ လိုအပ်ပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး၊အရှေ့ဘက်ကင်မရာကိုတော့ 5MP သာတပ်ဆင်ပေးထား ပါတယ်။ အနောက် ဘက်ကင်မရာမှာ dual-led flash တပ်ဆင်ပေးထားမှုနဲ့ image plus သုံးစွဲနိုင်မှုကလွဲလို့ ကင်မရာရဲ့ အခြားလုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီးအသေးစိတ်မပြောသွားပါဘူး။ Gionee ဟာ M5 Plus မှာ fingerprint ကိုစတင်ထည့်သွင်းပေးလာပါပြီ။ ဒီလုပ်ဆောင်ချက်ကို ထည့်သွင်း ဖို့အတွက် သုံးစွဲသူတွေကိုစစ်တမ်းကောက်ယူတဲ့နေရာမှာ အများစုဟာ အရှေ့ဘက်မှာ တပ်ဆင်တဲ့ပုံစံ ကိုသာနှစ်သက်ခဲ့တယ် လို့ဆိုပါတယ်။ လက်ဗွေရာတွေကိုဖတ်ရှုနိုင်စွမ်း လုံးဝသွက်လက် နေမှာ ဖြစ်ပြီး 0.1s သာကြာမြင့်မယ်လို့ ဆိုပါတယ်။ လက် ၅ ချောင်းထိ သိမ်းဆည်း ထားနိုင်စွမ်း ရှိလာမှာပါ။

<သိမ်းဆည်းနိုင်စွမ်းနဲ့စွမ်းဆောင်ရည်>
စမတ်ဖုန်းတစ်လုံး (သို့) မိုဘိုင်း device တစ်ခုအတွက်လုပ်ဆောင်နိုင်စွမ်း တွေကို လွယ်လင့်တကူနေရာဒေသမရွေး သုံးစွဲနိုင်စေအောင်ကူညီပေး မှာကတော့ သူ့မှာထည့်သွင်းတည်ဆောက်ထားတဲ့ Hardware ပါပဲ။ Gionee M5 Plus မှာ Octa-core 64bit ပရိုဆက်ဆာကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 3GB DDR3 ထောက်ပံ့ပေးထားပါတယ်။ အချက်အလက် တွေ သိုလှောင်သိမ်းဆည်းထားနိုင်ဖို့အတွက်က လတ်တလောထွက်ရှိထားတဲ့ စမတ်ဖုန်းတွေကို ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ 64GB သိုလှောင်မှုပမာဏကို သုံးစွဲ နိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့သိုလှောင်နိုင်စွမ်းကိုထပ်မံလိုအပ်တယ်ဆိုရင်တော့ SD card သုံးပြီးတော့ 128GB လက်ခံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ 1.3GHz အမြန်နှုန်းရှိမယ့် Octa-core MT6753 ပရိုဆက်ဆာမှာ Mediatek chipset ကိုသုံးထားမှာဖြစ်ပါတယ်။ ကင်မရာလုပ်ဆောင်ချက်တွေနဲ့ ဂိမ်းဆိုင်ရာတွေ အတွက် မြန်ဆန်စွာအသုံးချနိုင်မှာပါ။

<ဖုန်းမှာမောင်းနှင်ပေးမယ့် OS>
တရုတ်နိုင်ငံထုတ် စမတ်ဖုန်းတွေမှာထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါ ကတော့ ဖုန်းရဲ့ UI နဲ့ပတ်သက်လို့ သူမတူတဲ့ပုံစံ နဲ့ ထုတ်လုပ်တာပါ။ အနီးစပ်ဆုံးပြောရမယ်ဆို အခြားထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ OPPO ဆိုရင်သူရဲ့ကိုယ်ပိုင်ဆန်းသစ်ထားတဲ့ Color OS မှာ gesture mode တွေသုံးနိုင်အောင်ပြုလုပ်ပေးထားပါတယ်။ Xiaomi ဆိုရင်လည်း MIUI ဟာ iOS နဲ့အလား သဏ္ဌာန်တူတယ်လို့ဆိုပါတယ်။ အခု Gionee ကလည်း သူ့ဆီက ထုတ်တဲ့ ဖုန်းတွေမှာသုံးနေကျအတိုင်း Amigo ကိုထည့်သွင်း ထားပါတယ်။ ဒီအခါမှာတော့ android 5.1 ပြောင်းသွားပြီဖြစ်တာကြောင့် 3.1UI ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ Accelerometer, gyro, proximity, compass ဆိုတဲ့ sensor လေးမျိုး ကိုသုံးနိုင်မှာဖြစ်ပြီး fingerprint အသစ်ရဲ့ ထောက်ပံ့ပေးမှုတွေကို သုံးနိုင် မှာပါ။ UI အသစ်မှာလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေကိုပါထောက်ပံ့ပေးလာမှာပါ။ တရုတ်နိုင်ငံတွင်းမှာသာ အသုံးပြုနိုင်မယ့် Business ပိုင်းနဲ့သက်ဆိုင်တဲ့ app တွေကိုသုံးစွဲနိုင်ပါ လိမ့်မယ်။

<ဘက်ထရီစွမ်းအားနဲ့ ကွန်ရက်ချိတ်ဆက်မှု>
5020mAh ဘက်ထရီစွမ်းအားကိုသုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက် ပြောဆို နိုင်စွမ်းနဲ့ အသင့်အနေအထားအချိန်ကိုတော့ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ ကွန်ရက်ချိတ်ဆက်နိုင်စွမ်းကတော့ နောက်ဆုံးပေါ် ဖုန်းဖြစ်မှုနဲ့အတူ 4G LTE ကွန်ရက်မှာ သုံးစွဲနိုင်ပါလိမ့်မယ်။ အချက် အလက်တွေ ဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.0, wi-fi တို့ကိုသုံးစွဲနိုင်ပါလိမ့်မယ်။ အခြားချိတ်ဆက်မှုတွေအနေနဲ့ USB-type C,USB host တို့ကိုသုံးနိုင်မှာပါ။ Gionee အနေနဲ့အသစ် ထွက်ရှိလာတဲ့စမတ်ဖုန်း တွေအတွက် ဘက်ထရီလုပ်ဆောင်ချက်ကို အကောင်းဆုံးပြင်ဆင်မွမ်းမံ လာပါတယ်။ ဒါကတော့ဘက်ထရီကို ပြန်လည် အားဖြည့် သွင်းတဲ့အခါမှာ မြန်ဆန်စွာအားပြည့်သွားစေမယ့် fast charge နည်းပညာနဲ့အတူ၊ ဘက်ထရီ စွမ်းအားကို အလုံးစုံ ချွေတာနိုင်စွမ်း ရှိမယ့် smart consumption management ကို သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Double charging chip ကိုသုံးထားတာဖြစ်ပြီး မြန်ဆန်သွက်လက်မှုအပြင်၊ လုံခြုံမှုကိုပါပေးစွမ်းမှာ ဖြစ်ပါတယ်။ 9V2A ဟာ ၀ ကနေ ၁၀၀% ထိရောက်ရှိစေဖို့အတွက် 117min သာကြာမြင့်မှာပါ။

<M5 Versus>
Gionee အနေနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက M series တွေရဲ့မျိုးဆက်သစ် ဖုန်းလို့ သတ်မှတ်နိုင်မယ့် Marathon M5 Plus ကိုကြေညာခဲ့ခြင်းနဲ့အတူ ပြီးခဲ့တဲ့ဇွန်လကရောင်းချခဲ့တဲ့ M5 ကိုပါဈေးနှုန်းလျှော့ ချပေးခဲ့ပါတယ်။ M5 Plus ဟာ M5 ကို refined လုပ်ထားတဲ့ဖုန်းလို့သတ်မှတ်နိုင်ပေမယ့် လုပ်ဆောင်ချက်တွေနဲ့ ဘက်ထရီစွမ်းအားပိုင်းတွေမှာ ကွာခြားသွားပါတယ်။ M5 ထက်ပိုမိုကြီးမားတဲ့မျက်နှာပြင်နဲ့အတူ ပိုကောင်းလာတဲ့ဘက်ထရီ လုပ်ဆောင်နိုင်စွမ်းကြောင့် ကုမ္ပဏီအတွက်ရောင်းအား အကောင်းဆုံး စမတ်ဖုန်းဖြစ်သွားနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိနေပါတယ်။ဒီဇင်ဘာ ၂၅ရက် တရုတ်ပြည်တွင်းမှာ ရောင်းချ ပေးမှာဖြစ်ပြီး India ဈေးကွက် အတွင်းကိုတော့ ၂၀၁၆ ဖေဖော်ဝါရီမှာ ရောက်ရှိနိုင်ပြီး ပြည်တွင်း ဈေးကွက်ကိုတော့ ၂၀၁၆ခုနှစ် ၆လပိုင်းလောက်မှသာ ရရှိနိုင်ပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုရင် ဇွန်လလောက်မှာတည်းက မိတ်ဆက်ထားခဲ့တဲ့ Marathon M5 ဟာအခုမှဈေးကွက်အတွင်း ရောင်းချနေတုန်း အချိန်ရှိ သေးတာကြောင့်ဖြစ်ပါတယ်။ M series ဖုန်းတွေကဘာတွေကွာခြားချက် ရှိနေတာလဲ . ..

<Marathon M5>
[Specification]
OS - Android OS, v5.1 (Lollipop)
Amigo 3.1
CPU - Mediatek MT6735
SCREEN - 5.5" (267 ppi)
PROTECT - Gorilla Glass 3 
CAMERA - 13MP ( Led flash)
NETWORK - CDMA 800, 3G, 4G
SIM - Dual SIM (Micro-SIM)
BATTERY - Li-PO 6020 mAh 
<Marathon M5 Plus>
[Specification]
OS - Android OS, v5.1 (Lollipop)
Amigo 3.1
CPU - Mediatek MT6753
SCREEN - 6.0" (368 ppi)
PROTECT - Gorilla Glass 3 
CAMERA - 13MP (dual Led)
NETWORK - CDMA 800, 3G, 4G
SIM - Dual SIM (Micro-SIM)
BATTERY - Li-PO 5020 mAh

<Display, Exterior and Size>
တရုတ်နိုင်ငံအခြေစိုက်စမတ်ဖုန်းထုတ်လုပ်သူရဲ့ မျိုးဆက်နှစ်ခုလို့ သတ်မှတ်နိုင်မယ့် ဖုန်းတွေဟာ မျက်နှာပြင်ပိုင်းမှာတောင် တူညီမှု မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် M5 plus ဟာ M5 ထက် 0.5inch ပိုကြီးမားလို့ပါ။ M5 မှာတော့ Full HD နဲ့အတူ 1920×1080 pixels ကို ဖော်ပြပေးမှာဖြစ်ပြီး 267ppi ပါဝင်မှာပါ။ Display ကိုကာကွယ်နိုင်မှုမှာတော့ Gorilla glass 3 ကိုသာသုံးထားမှာပါ။ M5 Plus ကိုကြည့်လိုက်မယ်ဆိုရင် Pixels ဖော်ပြမှုအပိုင်းမှာ M5 နဲ့ တူညီနေတာကို တွေ့ရမှာဖြစ်ပါတယ်။ Display အမျိုးအစားမှာ ရုတ်တရက်ကြည့်လိုက်ရင်တူညီတယ်လို့ ထင်ရ ပေမယ့် M5 plus ရဲ့ AMOLED ဟာ ပိုမိုအဆင့်မြင့်လာတဲ့ နည်းပညာဖြစ်ပြီး ပုံရိပ်ထင်ရှားပြတ်သားမှုအပိုင်းမှာ ကြည်လင်ပြီးကြည့်ကောင်းနေစေ ပါလိမ့်မယ်။ အရွယ်အစားကတော့ ဖုန်းနှစ်မျိုးဟာအနည်းငယ်ကွာခြားပြီး M5 plus ရဲ့အချိုးဟာ 6.33 x 3.20 x 0.33 in ဖြစ်မှာပါ။ ဖုန်းရဲ့ နောက်ကျောဘက် ကို ကြည့်လိုက်မှသာ ဖုန်းနှစ်လုံးရဲ့ မတူညီတဲ့အချက် တွေကိုတွေ့မြင်ရမှာပါ။ ကွဲပြားချက်ကတော့ အရင်မျိုးဆက်တုန်းက မပါဝင် ခဲ့တဲ့လက်ဗွေဖတ်စနစ်ဟာ မှတ်မိသိရှိနိုင်စွမ်းမှာ အကောင်းဆုံး အဆင့် ဖြစ်ပြီး M5 plus ရဲ့ Multi touch ဟာ လက်၅ချောင်း အထိ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေဖတ်စနစ်ဟာ Multi-finger recognition စွမ်းဆောင်မှု ပေးထားတာကြောင့် touch တစ်ချက်ဖိနှိပ်ရုံနဲ့ ဖုန်းကိုဖွင့်လှစ်သုံးနိုင်မှာ ဖြစ်ပြီး လက်ဗွေတွေကိုခွဲခြား မှတ်တမ်းတင်နိုင်မယ့်အချိန်ဟာ 0.38s ကြာမြင့်မှာဖြစ်ပါတယ်။

<Camera and Battery>
M5 ဟာ 13MP ကျောဘက်ကင်မရာနဲ့အတူ LED flash ကိုသာ တပ်ဆင် ပေးထားမှာပါ။ M5 plus ကတော့ 13MP အဓိကကင်မရာနဲ့အတူ Dual-LED တပ်ဆင်ပေးထားတာကြောင့် ပိုမိုနှစ်သက်ရပါလိမ့်မယ်။ စမတ်ဖုန်းနှစ်မျိုး လုံးမှာ ဒုတိယ ကင်မရာငယ်ပါဝင်လာမှာဖြစ်ပြီး နှစ်မျိုးလုံးမှာ 5MP သာ တပ်ဆင်ပေးထားမှာပါ။ မျိုးဆက်သစ် M series ဖြစ်တာကြောင့် super battery, low power consumption,fast charge အားလုံး ပေါင်းစပ်ထားတဲ့ ကမ္ဘာ့ပထမဆုံးဘက်ထရီသက်တမ်းအကောင်းဆုံး စမတ်ဖုန်း M5,M5 Plus ပဲဖြစ်ပါတယ်။ M5 ဟာဘက်ထရီစွမ်းအား 6020mAh ဖြစ်ပြီး dual cells ကိုသုံးထားတာဖြစ်ပါတယ်။ ဘက်ထရီဟာသက်တမ်းတာရှည်ခံပြီး dual ပြုလုပ်ထားတာကိုစိုးရိမ်သူများအတွက် လုံခြုံရေးပိုင်းမှာလည်း စိတ်ချရ ပါလိမ့်မယ်။ M5 Plus မှာတော့ 5020mAh ဖြစ်သွားပြီး ကိုယ်တိုင်အားသွင်း နေရင်းနဲ့ အခြားဖုန်းတွေကိုအားပြန်လည်ဖြည့်သွင်းနိုင်ပါလိမ့် မယ်။ GPU ရဲ့ပါဝါစွမ်းအားစားသုံးမှုကိုလည်း လျှော့ချပေးမှာဖြစ်ပါတယ်။ ဘယ်လို app တွေကစွမ်းအားတွေ ကို အများအပြား စားသုံးနေတယ်ဆိုတာကို သိရှိနိုင် စေမှာပါ။ အားပြည့်သွားစေမယ့် fast charge နည်းပညာနဲ့အတူ၊ ဘက်ထရီ စွမ်းအားအလုံးစုံ ချွေတာနိုင်စွမ်းရှိမယ့် smart consumption management ကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။

စမတ်ဖုန်းနှစ်မျိုးလုံးဟာ စွမ်းအင်ပေးစွမ်းမှုအပိုင်းမှာလည်းတူညီပါတယ်။ ဘာကြောင့်လဲဆိုရင် 3GB DDR3 RAM ကို သုံးစွဲထားလို့ပဲဖြစ်ပါတယ်။ Octa-core Processor ကိုလည်း ပေးစွမ်းထားမှာဖြစ်ပြီး chipset မျိုးဆက်ပိုင်းမှာတော့ M5 Plus မှာနောက်ဆုံးပေါ်မျိုးဆက် Mediatek ဖြစ်ပြီး 1.3 GHz octa-core နဲ့ဖြစ်ပါတယ်။ Privacy Protection လုပ်ဆောင်ချက် ၅ ခုကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အသံပိုင်းဆိုင်ရာအတွက်ဆိုရင် ကြည်လင် ပြတ်သားတဲ့ အသံစွမ်းဆောင်ရည်ကိုရရှိနိုင်စေဖို့အတွက် HiFi, Smart PA,DTS အသံစနစ်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ ဖုန်း၂မျိုးလုံးမှာ android 5.1 ကိုသုံးနိုင်မှာဖြစ်ပြီး M5 Plus မှာ Business ပိုင်းအတွက်ထပ်မံ တိုးမြှင့် ထားတဲ့ Ami ရဲ့လုပ်ဆောင်ချက်တွေကို သုံးနိုင်မှာဖြစ်ပါတယ်။ Ami clone,child mode, Ami locker တို့ပဲဖြစ်ပါတယ်။ Gionee Mailbox ဟာ တရုတ်ပြည်တွင်းမှာဆိုရင် အတော်လေးအသုံးတည့်မယ့် လုပ်ဆောင်ချက် ဖြစ်ပြီး Ami clone ကလည်း အခြား android ဖုန်းနဲ့ချိတ်ဆက်မှုအပိုင်းမှာ အလုံးစုံတာဝန်ယူနိုင်ပါလိမ့်မယ်။

<Connectivity & SIM>
ဖုန်းနှစ်မျိုးလုံးက မိုဘိုင်း Device အချင်းချင်းအချက်အလက်တွေ လွှဲပြောင်း နိုင်ဖို့ Wi-Fi ကွန်ရက် တွေမှာလွှဲပြောင်းနိုင် စေဖို့အတွက် မြင့်မားတဲ့ ထောက်ပံ့မှုတွေပါဝင်လာမှာပါ။ သူတို့တွေကတော့ Bluetooth 4.0/4.1, Wi-Fi 802.11, Wi-Fi Direct, Wi-Fi Hotspot, microUSB v2.0, USB On-The-Go နဲ့ M5 plus မှာဆိုရင်တော့ USB Type-C 1.0, themes တွေနဲ့ wallpaper တွေလိုအခြား UI element တွေ အများအပြားထည့်ပေးထားပြီး battery customization တွေကို အလွယ်တကူ ပြုလုပ်နိုင်အောင်စီစဉ် ပေးထားပါ တယ်။