Samsung Galaxy A7 (2016)အသစ်



Price » 455,000 Ks
Contact Phone » 09-421744111 ( Today Mobile )
* Specification *
» Network : 2G, 3G, 4G (Dual SIM)
» Weight : 172 g » Display : 5.5", Super AMOLED capacitive touchscreen
» Dimensions : 5.96 x 2.92 x 0.29 inch » Memory : 16GB, 3GB RAM, microSD, up to 128GB
» Camera : 13 Megapixel, Front : 5MP, autofocus, LED flash, Geo-tagging, face detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : CPU - Octa-core 1.6GHz » Protection : Corning Gorilla Glass 4
» OS : Android OS, v5.1.1 (Lollipop)

Samsung ဟာ Alpha နဲ့ A range စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းကို ပြောင်းလဲသွားအောင် ဖန်တီးပေးခဲ့တာ တွေ့ရပါတယ်။ Samsung Galaxy S5 ရဲ့ ပလတ်စတစ်ကိုယ်ထည်အစား သတ္တုအပြည့် ဖုံးအုပ်ထားတဲ့ unibody ဒီဇိုင်းကို A7 အတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။ A range ဖုန်းတွေဟာ ပိုမိုလှပပြီး S 5 နဲ့ ယှဉ်လိုက်ရင် ပိုစတိုင်ကျပါတယ်။ အသင့်တော်ဆုံး Phablet တစ်လုံးဖြစ်တဲ့ A 7 မှာ အရင် Galaxy A3, A5 တို့အတိုင်း အချက်တွေ တူညီစွာ ပါဝင်နေပေမယ့် screen နဲ့ chipset တွေမှာတော့ ပြောင်းလဲမှုတွေ သိသိသာသာ မြင်တွေ့နိုင်ပါတယ်။

Samsung Galaxy A7 ဟာ 5.96 x 2.92 x 0.29 လက်မ အရွယ်အစားနဲ့ 172 g အလေးချိန် ရှိပါတယ်။ ဒီပမာဏဟာဆိုရင် အရမ်းမသေးငယ်ပေမယ့် အတော်လေးပါးလွှာပြီး သူ့အရွယ်နဲ့ လိုက်ဖက်အောင် အလွန်ပေါ့ပါး နေပါတယ်။ 7.3mm အထူရှိတာကြောင့် ပေါ့ပါးတဲ့အလေးချိန်ဟာ ဖုန်းကို ကျစ်ကျစ်လျစ်လျစ် မဖြစ်မှာတော့ စိတ်ပူစရာမလိုပါဘူး။ A7 ရဲ့ ရရှိနိုင်တဲ့အရောင်တွေကို ကြည့်ရင်လည်း iPhone 5s အရောင်တွေအတိုင်း ရရှိနိုင်တဲ့ အဖြူ၊ အနက်နဲ့ ရွှေရောင်တို့ပဲ ဖြစ်ပါတယ်။

ကိုယ်ထည်ကို သတ္တုဘေးဘောင်နဲ့ အလှဆင်ထားပြီး ဖုန်းကိုယ်ထည်ကို လေးထောင့်ကျကျဒီဇိုင်းနဲ့ မြင်တွေ့နိုင်ပါတယ်။ ကျောပြင်ကိုတော့ လက်ထဲမှာ အံဝင်ဂွင်ကျဖြစ်နေအောင် ပလတ်စတစ်နဲ့ တည်ဆောက် ထားပါတယ်။ Galaxy A7 ရဲ့ သတ္တုဘေးဘောင်တစ်လျှောက်မှာ slots တွေကို တပ်ဆင်ထားပြီး ညာဘက်ခြမ်း မှာတော့ ပါဝါခလုတ်နဲ့ card slot နှစ်ခုကို တွေ့ရပါတယ်။ ဘယ်ဘက်ခြမ်းမှာလည်း volume ခလုတ်ကို တပ်ဆင်ထားပြီး Noise Cancellation Mic ကိုတော့ ဖုန်းရဲ့အပေါ်ခြမ်းမှာ ထည့်သွင်းထားပါတယ်။

A7 ဟာ Dual-SIM အမျိုးအစား သုံးနိုင်တဲ့ စမတ်ဖုန်းဖြစ်ပြီး 4G ကွန်ရက်ထိ ချိတ်ဆက်နိုင်ပါတယ်။ A7 ဟာ Samsung ရဲ့ အဆင့်အတန်းမြင့် စမတ်ဖုန်းတစ်လုံး ဖြစ်တာကြောင့် Super AMOLED အမျိုးအစား touchscreen ကို ပိုင်ဆိုင်ထားပါတယ်။ မျက်နှာပြင် ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels full HD ကို ပံ့ပိုးပေးနိုင်ပြီး Galaxy Note 3 ရဲ့ screen ထက် အနည်းငယ်သေးငယ်တဲ့ Display ဟာ ၅.၅ လက်မ အရွယ် ရှိပါတယ်။

အခြားအသုံးဝင်တဲ့ features တွေအဖြစ် Smart Stay နဲ့ Smart Rotate တို့ကို သုံးနိုင်ပါတယ်။ ၅.၅ လက်မအရွယ်ဖုန်းကို လက်တစ်ဖက်တည်းနဲ့ ကောင်းကောင်း ကိုင်သုံးနိုင်အောင် Samsung က One-handed Input, Side Key Panel နဲ့ Reduce Screen ဆိုပြီး options (၃) မျိုးကို ထည့်သွင်းပေးထားပါတယ်။ A7 မှာ Android OS 5.1.1 (Lollipop) အပေါ်မှာ အခြေခံထားတဲ့ TouchWiz UI ရဲ့ ကောင်းမွန်မှုကို တွေ့နိုင်ပါတယ်။ Samsung Galaxy A7 မှာ Galaxy Alpha နဲ့ Note 4 တို့အတိုင်း fingerprint sensor ပါဝင်လာပြီး NFC ချိတ်ဆက်အသုံးပြုနိုင်တာ တွေ့ရပါတယ်။

A7 မှာ Private Mode သုံးနိုင်ပြီး ဖုန်း storage မှာ ရှိနေတဲ့ ဓာတ်ပုံနဲ့ အခြား files တွေကို လုံခြုံစိတ်ချအောင် ထိန်းသိမ်းပေးနိုင်ပါတယ်။ ဖုန်း အတွက် အကောင်းဆုံးစွမ်းဆောင်ရည်အတွက် 1.6GHz မြန်နှုန်းရှိ Octa-core processor က အလုပ်လုပ်ပေးမှာဖြစ်ပြီး RAM ပမာဏ 3GB ကို ထည့်သွင်းထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုကို 16GB ထိ အများဆုံး ထည့်သွင်းထားနိုင်ပြီး လိုအပ်ခဲ့ရင်တော့ micro SD နဲ့ 128GB ထိ မြှင့်တင်သုံးစွဲနိုင်ပါတယ်။

Samsung Galaxy A7 ဟာ သူ့ရဲ့အဓိကကင်မရာထက် ရှေ့ဘက် selfie ကင်မရာကို ဦးစားပေး တီထွင်ခဲ့ပါတယ်။ အဓိကကင်မရာဟာ 13MP ကိုပဲ ဆက်လက်သုံးထားပြီး full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ Wide-angle 106° lens နဲ့အတူ 5MP ကင်မရာကို ရှေ့မျက်နှာပြင်မှာ တပ်ဆင်ထားပြီး Selfie အတွက် သုံးနိုင်တဲ့ features တွေ တော်တော်များများ ပါဝင်ပါတယ်။

* Battery Life *
Galaxy S6 ရဲ့ ဘက်ထရီပမာဏထက် ပိုမိုကောင်းမွန်တဲ့ Li-Ion 3300mAh ဘက်ထရီကို တပ်ဆင်ထားပြီး ဖြုတ်/တပ်လို့ မရနိုင်ပါဘူး။ ၅.၅ လက်မအရွယ် screen နဲ့ octa-core processor တို့အတွက်တော့ ဒီပမာဏဟာ အရမ်းမများပေမယ့် လုံလုံလောက်လောက်တော့ သုံးစွဲနိုင်ပါတယ်။

* Design *
A series စမတ်ဖုန်းတွေအတိုင်း တူညီတဲ့ လေးထောင့်ကျကျဒီဇိုင်းကို တွေ့ရပြီး အရွယ်အစား ကြီးမားလာတဲ့ မျက်နှာပြင်ကတော့ ပြောင်းလဲလာပါတယ်။ သတ္တုအပြည့် unibody ဒီဇိုင်းနဲ့ ခံ့ညားလှပနေတဲ့ A7 ကို ပါးလွှာနေအောင်လည်း ဖန်တီးပေးထားပါတယ်။

* Processor *
Galaxy A7 ဟာဆိုရင် စွမ်းဆောင်ရည်အပြေပြစ်ဆုံးနဲ့ အမြန်ဆန်ဆုံး စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Octa-core 1.6GHz မြန်နှုန်းရှိ processor က ဆောင်ရွက်ပေးပါတယ်။ 3GB RAM ပမာဏ ထည့်သွင်းပေးထားပြီး ပိုမိုကောင်းမွန်အောင် ကူညီပေးပါတယ်။

* Display and Camera *
မျက်နှာပြင်အရွယ်အစား အကြီးမားဆုံးဖြစ်တဲ့ A7 ဟာ ၅.၅ လက်မ အရွယ်ရှိပြီး အကောင်းဆုံး full HD ရုပ်ထွက်အရည်အသွေးကို ပေးစွမ်းနိုင်ပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 401ppi ထိ ပါဝင်ပြီး မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်အောင် Gorilla Glass 4 နဲ့ ကာကွယ်ထားပါတယ်။ ပင်မကင်မရာဟာ 13MP ဖြစ်ပြီး OIS ပါဝင်ခြင်းမရှိပါဘူး။ ရှေ့ဘက်မှာ Wide Selfies ရိုက်ကူးနိုင်တဲ့ 5MP ကင်မရာ ပါဝင်ပါတယ်။

* Verdict *
A series တွေထဲမှာတော့ နောက်ဆုံးပေါ်နဲ့ မျက်နှာပြင် အကြီးမားဆုံး၊ စွမ်းဆောင်ရည်အမြင့်ဆုံး စတဲ့အချက်တွေ ပိုင်ဆိုင်ထားတဲ့ Galaxy A7 ကို Samsung ရဲ့ ထိပ်တန်းစာရင်းဝင် စမတ်ဖုန်းတစ်လုံးအဖြစ် သတ်မှတ်နိုင်ပါတယ်။ Fingerprint ပါဝင်ပြီး NFC ချိတ်ဆက် အသုံးပြုနိုင်ပါတယ်။



**Step-1အောက်က Download Button

**Step-2"5sec"လောက်စောင့်ပေးပါ။

**step-3<<Skip Ad>>ကိုနှိပ်ပေးပါ။

**Step-4 Download Linkကျလာပါလိမ်းမယ်။

*အဆင်ပြေပါစေဗျာ။

Downloadအဆင်မပြေရင် 

ပြောပါအဆင်ပြေအောင်အတက်နိုင်ဆုံးကြိုးစားပေးပါမယ်+++++++++++++++++++++++++++++++++++++++++++++++++++++                        အဆင်ပြေပါစေကျေးဇူးတင်ပါတယ်ရှင်း  (www.kkrappmyanmar.blogspot.com)

www.kkrappmyanmar.wordpress.com/


https://www.facebook.com/Kkrappmyanmar-812055832149065/


www.facebook/group kkrappmyanmar

Add Wechat Id ={kkrappmyanmar}

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား

 

မောင်အောင်မြည်ဇော်(နည်းပညာ) 

!!!!!!!"!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!"!!!!

FB Page kkrappmyanmar လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတ။


(kkrappmyanmar) SMS ပိုပေးပါ


®®®®®®®®®®®®®®®®® (မောင်းအောင်မြည်းဇော်) 

•°•°×•°•°•×°•°•°•×°•°•°•

{{Arakan.BTD နည်းပညာ}}

&&&&&&&&&&&&&&&&&