Samsung Galaxy A5 (2016) “


Samsung ဟာ 2016 model အတွက် A5 ကို ပြောင်းလဲမှုလေးတွေ ပြုလုပ်ခဲ့ပါတယ်။ တီထွင်ဆန်းသစ်မှုနဲ့ ဖုန်းအသုံးပြုသူရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့ဆန္ဒအတွက် A5 (2016) ကို ဖန်တီးထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ပြောင်းလဲတိုးတက်လာတဲ့ A5 (2016) မှာ သဘောကျစရာအချက်တွေ တိုးပွားလာပါတယ်။ ဖန်သားနဲ့ သတ္တုပေါင်းစပ်ထားတဲ့ လိုက်ဖက်ညီတဲ့ဒီဇိုင်းကြောင့် A5 (2016) ကို Galaxy S6 အလားထင်ရပြီး Fingerprint Scanner ထည့်သွင်းပေးထားတာကလည်း A5 (2016) အတွက် အားသာချက်တစ်ခုဖြစ်ပါတယ်။ ဒီဇိုင်းအပြင် ဖုန်းရဲ့ကင်မရာလုပ်ဆောင်ချက်တွေကိုလည်း အဆင့်မြှင့်တင်ပေးထားတာတွေ့ရပါတယ်။ Optical Image Stabili-zation (OIS) ပါဝင်တာမို့ ရုပ်ပုံတွေေ၀၀ါးတာမျိုးမဖြစ်စေရဘဲ f / 1.9 aperture lens ကို ကင်မရာ ၂ မျိုးလုံးမှာ ထည့်သွင်းထားပါတယ်။ Selfie အတွက် 5MP ကင်မရာသုံးစွဲထားပြီး Wide Selfie, Palm Selfie နဲ့ Beautifying Effects တွေကို အကောင်းဆုံးဆောင်ရွက်ပေးနိုင်ပါတယ်။ A5 (2016) ဟာ Dual-SIM အမျိုးအစားဖြစ်ပြီး အဖြူ၊ အနက်၊ ရွှေရောင်နဲ့ ပန်းရောင်တို့ ရရှိနိုင်ပါတယ်။
* Design & Build *
Samsung Galaxy A5 (2016) မှာ အနှစ်သက်ဆုံးအချက်တစ်ချက်က ဖန်သားနဲ့ သတ္တုကို ပေါင်းစပ်တည် ဆောက်ထားတဲ့ဒီဇိုင်းဖြစ်ပါတယ်။ သတ္တုအပြည့်စမတ်ဖုန်းတွေနဲ့ တာရှည်ခံတဲ့ပလတ်စတစ်ဖုန်းတွေထက် စာရင် A5 (2016) ဟာ ပိုပြီးဆွဲဆောင်မှုရှိပါတယ်။ S6 ရဲ့ frame အတိုင်း တည်ဆောက်ပေးထားတာတွေ့ရပြီး သတ္တုဘေးဘောင်ကြောင့် ပိုမိုခန့်ညားနေပါတယ်။ ဒါ့အပြင် Corning Gorilla Glass 4 နဲ့ ရှေ့မျက်နှာပြင်နဲ့ ကျောဘက်ကိုပါ ဖုံးအုပ်ကာကွယ်ပေးထားတာမို့ လက်ထဲမှာသက်သောင့်သက်သာနဲ့ ကျစ်ကျစ်လျစ်လျစ်ကိုင် သုံးနိုင်ပါတယ်။ ဖုန်းရဲ့ဘေးဘောင်တွေကို အကျဉ်းမြောင်းဆုံးဖြစ်နေအောင် ဖွဲ့စည်းထားတာကြောင့်လည်း A5 (2016) ဟာ ခမ်းနားဆန်းပြားတဲ့ ဒီဇိုင်းကိုပိုင်ဆိုင်ထားပါတယ်။ A5 (2016) ကို အဝေးကကြည့်လိုက်ရင် ရှေ့မျက်နှာပြင်နဲ့ ကျောပြင်တို့ကို S6 အတိုင်း ခွဲမရအောင်တူညီနေပေမယ့် အသေအချာကြည့်ရင်တော့ A5 မှာ 2.5D edge ဒီဇိုင်းကိုသိသိသာသာ တွေ့နိုင်ပါတယ်။ အသံအတိုး/အလျှော့ခလုတ်တို့ကို ဘယ်ဘက်ခြမ်းမှာ တွေ့ရပြီး ပါဝါခလုတ်ကိုတော့ ညာဘက်မှာတပ်ဆင်ထားပါတယ်။
* Display *
A5 (2016) မှာ AMOLED Display ပါဝင်ပြီး Samsung ရဲ့ အကောင်းဆုံး touchscreen အမျိုးအစားဖြစ်ပါ တယ်။ ၅.၂လက်မအရွယ်မျက်နှာပြင်ကို သုံးနိုင်မှာဖြစ်ပြီး 1080×1920 pixels full HD ရုပ်ထွက်အရည်အသွေး ကို ပံ့ပိုးပေးထားပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 424 ppi ထိ ပါဝင်ပြီး Display ကောင်းမွန်မှုကြောင့် ဂိမ်းကစားတဲ့အခါ အတော်လေးသိသာပါတယ်။ Fingerprint ပါဝင်နေတာက A5 (2016) ရဲ့ ထူးခြားချက် တစ်ခုဖြစ်ပါတယ်။
* Operating System and Camera *
Samsung ဟာ Android OS 5.1.1 (Lollipop) ကို A5 (2016) အတွက် ထည့်သွင်းထားပြီး A3 (2016) အတိုင်း Touch Wiz ဟာ UI ဖြစ်ပါတယ်။ Smart Manager လည်းပါဝင်နေပြီး tasks တွေကို ဂရုတစိုက် ထိန်းသိမ်းရှင်းလင်းပေးနိုင်ပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး OIS သုံးနိုင်တာမို့ ရုပ်ထွက်ေ၀၀ါးခြင်း မျိုးတွေကနေ ကာကွယ်နိုင်ပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ ကင်မရာ ၂ ခုလုံးအတွက် f / 1.9 aperture lens ကို အသုံးပြုပေးထားပြီး A5 ရဲ့ home ခလုတ်ကို နှစ်ချက်နှိပ်ရုံနဲ့ ၁ စက္ကန့်အတွင်း ကင်မရာအသုံးပြုလို့ရနိုင်တဲ့ Quick Launch feature ထည့်သွင်းထားပါတယ်။
* Performance *
Exynos 7580 octa-core processor က စွမ်းဆောင်ရည်မြင့်မားစေဖို့ အလုပ်လုပ်ပေးမှာဖြစ်ပြီး မြန်နှုန်းက တော့ 1.6GHz ရှိပါတယ်။ RAM ပမာဏ 2GB ထည့်သွင်းထားပြီး Mali-T720 MP2 ပါဝင်ပါတယ်။ ဖုန်းတွင်း သိုလှောင်မှုပမာဏ 16GB ကိုသုံးနိုင်ပြီး S6 နဲ့မတူတာက A5 (2016) မှာ microSD အပေါက်ပါဝင် လာတာဖြစ်ပါတယ်။ 128GB အထိ မလုံလောက်ခဲ့ရင် မြှင့်တင်နိုင်ပါတယ်။ Fast Battery Charging Feature သုံးထားပြီး Li-ion 2900mAh ဘက်ထရီသုံးစွဲထားပါတယ်။
* Specification *
Display : 5.2 inches, Super AMOLED capacitive touchscreen Memory : 16 GB, 2 GB RAM, microSD, up to 128GB Camera : 13 Megapixel, OIS, autofocus, LED flash, Geo-tagging OS : Android OS, v5.1.1 (Lollipop) Phone : 01-398436 (UNiQUE)
Price : 505,000